TBM Entertainment
အားလုံးစည်းစည်းလုံးလုံးနဲ့ စည်းကမ်းရှိရှိ တော်လှန်မှလိုချင်သောပန်းတိုင်နဲ့မဝေးရမှာပါ.......
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားပေါ်ပေါက်နေချိန်မှာပဲ နိုင်ငံပိုင်ရုပ်သံဖြစ်တဲ့ MRTV ကနေပြီး ဥပဒေချိုးဖောက်တဲ့ ဆန္ဒပြသူတွေကို အရေးယူသွားမှာဖြစ်တယ်ဆိုပြီး တနင်္လာနေ့မှာ သတိပေးလာပါတယ်။
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေကစလို့ ပြည်သူထောင်ပေါင်းများစွာဟာ စုရုံးဆန္ဒပြကြပြီး တနင်္လာနေ့မှာ ဆန္ဒပြအင်အား ပိုကြီးထွားလာခဲ့ကာ ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့အတူ အထွေထွေသပိတ်တစ်ရပ် စတင်လာချိန်ပဲ ဖြစ်ပါတယ်။
အရပ်ဖက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားပြီး အာဏာသိမ်းထားတဲ့ စစ်အုပ်စုဟာ အခုထိတော့ ဆန္ဒပြသူတွေကို အင်အားသုံး ချေမှုန်းတာမျိုး မရှိသေးပေမယ့် နေပြည်တော်က ဆန္ဒပြသူတွေကို မီးသတ်ပိုက်တွေနဲ့ ဖြိုခွင်းဖို့ ရဲတပ်ဖွဲ့ကို ဖိအားပေးနေပါတယ်။
နိုင်ငံပိုင်ရုပ်သံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အကြောင်းပြပြီး ဥပဒေချိုးဖောက်မှုတွေနဲ့ အုပ်စုလိုက် ခြိမ်းခြောက်မှုတွေ ရှိနေကြောင်း၊ နိုင်ငံတော် တည်ငြိမ်ရေး၊ အများပြည်သူ ဘေးကင်းလုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးတွေကို နှောင့်ယှက်တားဆီးဖျက်ဆီးနေတဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ပြီး ထိရောက်စွာ ဥပဒေအရ အရေးယူသွားရလိမ့်မှာ ဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံကို ရာစုတစ်ဝက်နီးပါး အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ဟာ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိနေတယ်လို့ စွပ်စွဲပြီး ဖေဖော်ဝါရီ ၁ ရက်နေကစလို့ အာဏာသိမ်း ယူခဲ့တာပဲ ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Address
Lewe
15032