POEC
POEC ကို အင်္ဂလိပ်စာသင်အတွေ့အကြုံ နှစ် (၂၀) ကျော်
ရှိပြီဖြစ်တဲ့ ဆရာ Cliff Rake ဦးစီးသင်ကြားပါတယ်။
ဆရာ Cliff Rake ဟာ ၂၀၀၀ ခုနှစ် နိုဝင်ဘာ (၂၅) မှာ
Paragon International Education Centre ကို
စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး Paragon Online
English Class (POEC) ကို ၂၀၁၅ ဒီဇင်ဘာ (၁) မှာ
စတင်ဖွင့်လှစ်ခဲ့ပါတယ်။
Tr. English (Mandalay University)
Teaching English Online (Premier TEFL, Ireland)
Facebook: www.facebook.com/cliff.rake
Tel: (+959)7883-27102
22/04/2025
Pope ရဟန်းမင်းရဲ့အာဏာကို ➡️ Papacy (N)
တချို့ Nouns တွေကို သူတို့ရဲ့ abstract form ပြောင်းတဲ့ အခါ suffix -dom, -hood, -ship စသည်ဖြင့်တပ်ကြပါတယ်။
ရောမမြို့က Pope ရဟန်းမင်းကြီး ကို Pope လို့ခေါ်ပြီး သူရဲ့ ရာထူးတဲ့ အာဏာကိုရည်ညွှန်းတဲ့အခါ Papacy လို့သုံးရပါတယ်။
➡️ Pope Francis passed away on Monday, ending his 12 year papacy.
ဒီလိုဘဲ မူရင်း noun နဲ့ သူရဲ့ abstract form နဲ့ ခန့်မှန်းရခက်တဲ့ စကားလုံးတွေကို ကြည့်ရအောင်ပါ။
Pope ➡️ Papacy
Friend ➡️ Friendship
King ➡️ Kingdom
Martyr ➡️ Martyrdom
Abbot ➡️ Abbacy
Owner ➡️ Ownership
Knight ➡️ Knighthood
Partner ➡️ Partnership
Citizen ➡️ Citizenship
Priest ➡️ Priesthood
President ➡️ Presidency
Monarch ➡️ Monarchy
Others
Hate ➡️ Hatred
Bore ➡️ Boredom
Bishop ➡️ Bishopric
Cb မှာ ခေတ်မှီအောင် အတိုကောက်လေးတွေပို့ကြမယ် ✅✅✅
English မှာ 𝗔𝗯𝗯𝗿𝗲𝘃𝗶𝗮𝘁𝗶𝗼𝗻𝘀 လို့ခေါ်တဲ့ အတိုကောက်စကားလုံးလေးတွေဟာ Social Media မှာ အသုံးများလာပြီး အခုနောက်ပိုင်းဆိုရင် formal/ informal setting နှစ်မျိုးလုံးမှာ သုံးလာတာကိုတွေ့ရပါတယ်။
Abbreviations လေးတွေကို ရင်းနှီးကျွမ်းဝင်အောင် လေ့လာထားရင် Online Friends တွေပို့လာတဲ့ abbreviation တွေလည်း နားလည်လာမယ်၊ နိုင်ငံခြားသားများနဲ့ ထိတွေ့ပြောဆိုတဲ့အခါ လည်းအဆင်ပြေလာမယ်၊ သူငယ်ချင်းတွေနဲ့ ပြောတဲ့ချိန်လည်း အတိုကောက်သုံးရတာက conversation ကိုပိုပြီးအသက်ဝင်စေသလို fun လည်းပိုဖြစ်ပါတယ်။ Abbreviations လေးတွေ တစ်ရက်နည်းနည်းလေ့လာပြီးတဲ့နောက်ပိုင်း အခြား Abbreviation အသစ်တွေနဲ့ ကြုံတဲ့အခါကျရင်လည်း ခန့်မှန်းတတ်သွားလေ့ရှိပါတယ်။
2025 မှာ ရေပန်းအစားဆုံး Abbreviations လေးတွေကတော့ ...
AKA - Also known as
(ခေါ်) နဲ့တူပြီး နာမည်နောက်တစ်လုံးကို မိတ်ဆက်တဲ့ချိန်သုံးပါတယ်
Muhammad Ali, aka Cassius Clay
OTP - One true pairing
တခြားဘယ်သူ့ကိုမှ မပို့သင့်တဲ့ SMS message ထဲကျလာတဲ့ OTP code ပါ
FYI - For your information
စကားချပ်အနေနဲ့ တစ်ဘက်လူ သိသင့်သိထိုက်သည့် information ကိုထည့်ပြောတဲ့ချိန်သုံးပါတယ်
The party will be celebrated at the Thomas hotel. FYI, the dress code is suit and tie.
ATM - Automatic teller machine
SMH - Shaking my head
စိတ်ပျက်ပြီးခေါင်းခါလိုက်ပါတယ်
You really bought 1000 roses for her despite her cheating on you? Smh, you never learn.
TBH - To be honest,
ရိုးသားပွင့်လင်းစွာပြောရရင် …
ATP - At this point
ဒီအနေအထားရောက်လာတော့ …
ATP, she was thinking of leaving him.
TTYL - Talk to you later
Bye အစား နောက်မှတွေ့မယ်နော် သုံးတာနဲ့ ဆင်ပါတယ်။
WYF - Where (are) you from?
DIY - Do it yourself
NFS - New friends
NSFW - Not safe for work
Post တစ်ခုမှာ NSFW ရေးထားရင် အလုပ်ချိန်နဲ့ မသင့်လျော်တဲ့ content တွေပါနေလို့ပါ
POV - Point of view
In my Pov, …
WYD - What you doing?
FS - For sure
= Certainly!
ASAP - As soon as possible
အမြန်ဆုံး လုပ်ပေးပါ
Could you attach these files and email it to Greg ASAP?
HMU - Hit me up
ဖုန်းဆက်၊ စာပို့ လိုက်ပါ
IMO - In my opinion
ကျွန်တော့အမြင်ကတော့ …
16/04/2025
𝗪𝗵𝘆 𝗦𝘁𝗮𝘁𝗶𝘃𝗲 𝗩𝗲𝗿𝗯𝘀 𝗗𝗼𝗻’𝘁 𝗟𝗶𝗸𝗲 𝗬𝗼𝘂𝗿 𝗩𝗶𝗻𝗴
English မှာ -ing ထည့်သုံးလေ့မရှိတဲ့ verbs တွေရှိပါတယ်။ သူတို့ကို Stative verbs/ State verbs လို့ခေါ်ပါတယ်။
Verb (ကြိယာ) တွေဟာ အလုပ်တစ်ခုကိုဖော်ပြပါတယ်။ ဒါပေမယ့် လှုပ်ရှားမှုတစ်ခုမဟုတ်ဘဲ စိတ်အနေအထားကိုဖော်ပြတဲ့ verb တွေရယ် ဖြစ်ခြင်း၊ ရှိခြင်းတို့ကို ဖော်ပြတဲ့ verb တွေဟာဆိုရင် များသောအားဖြင့် -ing တပ်ပြောလေ့မရှိပါဘူး။
For example,
I am running သည် Action တစ်ခုကိုပြပါတယ်။
I am forgetting မှာ forget သည် Stative verb ဖြစ်တဲ့အတွက် -ing တပ်တာမှားပါတယ်။ တခြား Simple tense တွေသုံးရပါမယ်။
For example,
-I forgot.
-You always forget to turn off the stove.
-You might forget to take the umbrella.
More state verbs:
Forget - Remember - Understand - Believe - Agree
See - Smell - Taste - Hear
သူတို့ကို action verb တစ်ခုအနေနဲ့သုံးရင် Ving တပ်သုံးတာကိုတွေ့ရပါလိမ့်မယ်။
- The girl is smelling the flower he picked.
- I’m hearing noises from the other apartment.
State Verb တစ်ခုအနေနဲ့သုံးရင်တော့ Ving တပ်လို့မရပြန်ပါဘူး
- Do you smell that god-awful smell coming from the other room?
လို့မေးရင်
Yes, I am smelling it. ကမမှန်ပါဘူး
ပန်းလေးကိုနမ်းနေတဲ့ action တစ်ခုမဟုတ်ဘဲ အနံ့ရသည် မရသည် ဆိုတဲ့ အာရုံနဲ့ သက််ဆိုင်တာကြောင့် ဖြစ်ပါတယ်။
Yes, I smell it. လို့ပြောရမှာပါ။
(အဖြေဟာ အနံ့ရသည် သို့ မရပါဖြစ်ပါတယ်။အနံ့ရနေပါတယ် လို့မပြောပါဘူး)
Even more state verbs:
like
know
belong
love
realise
fit
hate
suppose
contain
want
mean
need
seem
prefer
agree
matter
mind
recognise
see
own
appear
look (=seem)
sound
taste
smell
hear
astonish
deny
disagree
please
impress
satisfy
promise
surprise
doubt
think (=have an opinion)
feel (=have an opinion)
wish
imagine
concern
dislike
be
have
deserve
involve
include
lack
measure (=have length etc)
possess
24/03/2025
ဆရာ့ attention အကုန်လုံးကို မိမိတစ်ယောက်တည်း လိုချင်ပါသလား 🤔
POEC ရဲ့ one-to-one အတန်းတက်လိုက်ပါ
- Basic English ကို ကိုယ်ပိုင် pace ဖြင့်တစ်ဉီးတည်းသီးသန့် သင်ကြားလိုသူများ
- General English Skill (Reading/Writing/Speaking/Listening) တစ်ခုကို အထူးပြုလေ့လာလိုသူများ
- IELTS/ Duolingo/ TOEFL စတဲ့ Academic English Test ဖြေဆိုရန် ပြင်ဆင်နေသူများ
- မကြာခဏ ခရီးသွားရလို့ Group class ပုံမှန်မတက်နိုင်သူများ
- ဆရာနဲ့အတူ Daily English conversation practice ကို သီးသန့်လေ့ကျင့်လိုသူများ အတွက် မိမိအတွက်အထူးဖော်ဆောင်ထားတဲ့ tailor-made course တွေနဲ့သင်ရမှာမို့ အထူးသင့်လျော်ပါတယ်။ 💯
One to one class သင်ရခြင်းရဲ့ အားသာချက်တွေကတော့ 😉
👉 တစ်ဦးတည်းသင်တာဖြစ်တဲ့အတွက် မိမိဦးတည်ချက်နဲ့ ကိုက်ညီတဲ့ course အတိုင်းစီစဉ်ပေးနိုင်ခြင်း
👉 မိမိစိတ်၀င်စားသည့် English ရဲ့ အစိတ်အပိုင်းအမျိုးမျိုးကို ဆရာနှင့် ပွင့်လင်းစွာ မေးမြန်းဆွေးနွေး နိုင်ခြင်း
👉 ကျောင်းသား၏ သင်ယူမှုပုံစံ နှင့် communication style အတိုင်း သင်ယူနိုင်ခြင်း
👉 Lesson များကို နားလည်တတ်မြောက်သည် သေချာမှ သင်ခန်းစာအသစ် ဆက်သင်နိုင်သလိုကျောင်းသား၏ သွက်လက်မှုအလျောက် သင်ခန်းစာများလည်း မြန်မြန်ဆန်ဆန်ပြီးမြောက်နိုင်ခြင်း
👉 အတန်းဖော်များအပေါ် အားကိုးတတ်သူများကလည်း one to one အတန်းများတွင် မိမိကိုယ်တိုင် ပြောဆိုရသောကြောင့် အာသွက်လျှာသွက်ရှိလာခြင်း
👉 လူအများရှေ့မှာ အမှားအယွင်းပြောမိဆိုမိမှာ ရှက်ပါတယ် ဆိုတဲ့သူများအတွက်လည်း One-to-one class တွေက ပိုပြီးအဆင်ပြေပါလိမ့်မယ်ခင်ဗျာ
One-to-one သင်လို့ရနိုင်မယ့်အတန်းချိန်တွေကတော့
Mon Tue Thur Fri
🔴 10:30 - 11:30am
🔴 9am - 10 am
အသေးစိတ်မေးမြန်းလိုပါက comment လေးချန်ခဲ့ပေးပါ (သို့မဟုတ်) Viber မှတဆင့် အတန်းအပ်နိုင်ပါတယ်။
Viber: 09423903465
Click here to claim your Sponsored Listing.
Category
Contact the university
Telephone
Website
Address
Lashiogyi
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |
| Sunday | 09:00 - 20:00 |