DR. Natural Handmade Soap
27/03/2023
အရည်အသွေးမြင့်
Bamboo Vinegar ပြန်ရပြီနော်
ကျမဆီက bamboo vinegar
ပြတ်တောက်သွားတာကြာပေါ့ရှင်...
ဘာလို့ဆို ကိုယ်လိုချင်တဲ့ Quality မရမချင်း
မရောင်းဘူးလေ...
ခုတော့ Quality ကောင်းကောင်းမှ သုံးချင်တဲ့
ကိုယ့်ဖောက်သည်တွေအတွက်
သတင်းကောင်းပါနော်🥰
Bamboo Vinegar
(ဝါးပေါင်းခံရည်/ဝါးရှာလကာရည်) ၏
သမိုင်းကြောင်း နှင့် အကျိုးကျေးဇူးများ
============================
Bamboo Vinegar (ဝါးရှာလကာရည်) ကို
AD 1486 ခုနှစ်တွင် တရုတ်ပြည်မှာ စတင်အသုံးပြုခဲ့ပါတယ်။ Japan မှာလဲ AD 1486 ၀န်းကျင်မှာပဲ စတင်အသုံးပြုခဲ့တာဖြစ်တယ်။ ဂျပန်လို
"Chikusa Ku" လို့ခေါ်တယ်။ ဝါးရှာလကာရည်ကို လွန်ခဲ့တဲ့ AD 1486 ခုနှစ်မှာ စတင်အသုံးပြုခဲ့တာ
မှန်သော်ငှားလည်း သိပ္ပံနည်းကျကျ ဃဂနဏ
မလေ့လာဖြစ်ခဲ့ပါဘူး။ ၂၁ ရာစုနောက်ပိုင်းမှာ သိပ္ပံနည်းကျကျ လေ့လာလိုက်တဲ့အခါ
ဝါးရှာလကာရည်မှာ အဓိကပါ၀င်နေတဲ့ Pyroligneous acid ကိုတွေ့ရှိရတယ်။
ဒီ acid ဟာ ဝါးရှာလကာရည်ကို တစ်ခန်းတစ်နားဖြစ်စေတဲ့ | အစွမ်းသတ္တိဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်။
အကျိုးကျေးဇူး
---------------
👉 Bamboo vinegar သည်
👍 ခန္ဓာကိုယ်အရေပြားရောင်ရမ်းခြင်းနှင့်
အခြားအရေပြားရောဂါအမျိုးမျိုးတို့ကို
ကုသရန်အတွက် ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြ တယ်။
👍 ပွေး ဝဲ ယားနာအပြင် နာတာရှည် နှင်းခူရောဂါကိုပင် ပျောက်ကင်းစေနိုင်စွမ်းရှိတယ်။
👍 မှိုရောဂါမ၀င်အောင် ကာကွယ်ပေး၊
တားဆီးပေးတယ်။
👍 အဆိပ်အတောက်များကို စုပ်ထုတ်ပေးနိုင်သောစွမ်းအားရှိတယ်။
👍 ကိုက်ခဲနာကျင်မှုကို သက်သာစေ၍ ရောင်ရမ်းမှုကိုရော့ပါးစေတယ်။
👍 ခြေဖနှောင့်ကွဲခြင်းနှင့် ထိခိုက်ဒဏ်ရာများကိုလဲ ပျောက်ကင်းစေပါတယ်။
👍 ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဆဲလ်တွေ၊ တစ်ရှူးတွေဆီကို အာဟာရများ ပို့ဆောင်ပေးစွမ်းနိုင်တယ်။
👍 ခန္ဓာကိုယ်အရေပြားနှင့် ဆံပင်တို့ကို နူးညံ့ပျော့ပြောင်းစေနိုင်စွမ်းရှိသည်။
ဗောက်ပျောက်စေသည်။
👍 အသားအရည်နှင့် ဆံပင်စိုပြေကုထုံးအဖြစ် ပေါင်းခံရည် ၁ ဆကို ရေ ၅ဆဖြင့်ရော၍ အရေပြားကို လိမ်းပေးနိုင်သည်။
ဆံပင်ပေါ်တွင် ၅မိနစ်ခန့်ထားပြီး ရေအေးဖြင့်ပြန်ဆေးပေးနိုင်သည်။
👍 ဝါးပေါင်းခံရည်ကို ချိုးရေထဲတွင် အနည်းငယ်ထည့်ပြီး ၁၀-၁၅ မိနစ်ခန့် စိမ်ပေးခြင်းသည် အကောင်းဆုံးဖြစ်သည်။
👍 ဝါးပေါင်းခံရည်သည် မကောင်းသောပိုးမွှားများကို ပြေးစေပြီး ကောင်းသောအဏုဇီဝပိုးများကို တိုးပွားစေနိုင်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးနှင်ဆေး | အပင်အားဆေး | မှိုသတ်ဆေးအနေနဲ့လဲ သွင်သွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။
👍 ထို့ပြင် အသုံးဝင်ပုံ မြောက်များစွာ
ရှိပါသေးတယ်။
ဆံပင်နဲ့ ဦးရေပြား အတွက်ဆိုရင်တော့
📎 ဆံသားများပျော့ပြောင်းစေခြင်း |
📎 ဆံသားများနက်မှောင်သန်စွမ်းစေခြင်း |
📎 ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပေးခြင်း |
📎 ဗောက်များကင်းရှင်းစေခြင်း |
📎 ဦးရေယားယံခြင်းကိုသက်သာစေခြင်း |
📎 ဦးရေပြားအတွက်လိုအပ်သောအဟာရကို
📎 နက်နက်ရှိုင်းရှိုင်းအကျိုးပြုစေပြီး
သွေးလည်ပတ်မှုကိုပါ မြင့်တင်ပေးပါသည်။
Bamboo vinegar ရဲ့ အစွမ်းကတော့
အံ့မခန်းပါရှင်(✿◠‿◠)
ဤ Bamboo Vinegar အကြောင်းကို
အချိန်များစွာပေးပြီး ရှာဖွေလေ့လာမှတ်သားခဲ့ရသည်သာမက ကျေးရွာလူထုများနှင့် တွေ့ဆုံဆွေးနွေးကာ သူတို့ကိုယ်တိုင်သုံးစွဲပြီး လက်တွေ့အကျိုးခံစားခဲ့ရသည်များကိုပါ စုစည်းပေးထားပါတယ်။ အကျိုးအာနိသင်များကို နောက်ပိုင်း
အလျဉ်းသင့်ရင် သင့်သလို ထပ်မံ မျှဝေပါမယ်။
သို့ပါ၍ copy ယူလိုလျှင် ခွင့်တောင်းပါ။
crd ပေးပါ။
🌟
1) Bamboo Vinegar အပြင်
2) Bamboo Activated Charcoal Powder
3) Bamboo Charcoal soap
4) Bamboo Vinegar soap
5) Bamboo Vinegar shampoo
စသည်များကို ဆက်သွယ်မှာယူနိုင်ပါတယ်။
Kareng Doriss Doira
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Lashio
Lashio