Natural Burmese

Natural Burmese

Share

13/09/2022

တတ် vs တက်

"စာတတ် ပေတတ်" " ပညာတတ်"...
"လုပ်တတ် ကိုင်တတ်" "ပျော်ရွှင်တတ်"...
(တ သတ်)နဲ့သာ"တတ်"။

"ပျံတက် လျှံတက် " "အမြင့်တက်"...
"ရုံးတက် ကျောင်းတက်" "သင်တန်းတက်"
(က သတ်)နဲ့သာ တက်။

12/09/2022

ကျ vs ကြ

ပြုတ်ကျ ၊ပြိုကျ၊ အောက်လိမ့်ကျ..စနစ်တကျ၊ နေရာကျ...ယပင့်နဲ့သာကျ။

အများနဲ့ဆိုင်တဲ့ဝိဘတ် ကြ...ပျော်ကြရွှင်ကြ ပြောဆိုကြ...ယရစ်နဲ့သာကြ။

07/09/2022

သစ်သီးဝလံလို့ပြောနေကြပေမယ့် ဘယ်ဟာက သစ်သီး၊ ဘယ်ဟာက ဝလံဆိုတာကို သိချင်ကြမယ်လို့မျှော်လင့်ပါတယ်။
#သစ်သီး ဆိုတာက သစ်ပင်အကြီးဖြစ်ဖြစ်၊ အငယ်ဖြစ်ဖြစ် သစ်ပင်က သီးရင် သစ်သီး ဥပမာ ပန်းသီး၊ လိမ္မော်သီး၊ သံပုရာသီး စသဖြင့်ပေါ့။
#ဝလံ ဆိုတာ နွယ်ပင်က သီးတဲ့အသီးမျိုးကိုပြောတာ။ ဥပမာ စပျစ်သီး၊ ဘူးသီး၊ ဖရဲသီး၊ သခွားသီး တွေ အဲ့လိုလေးတွေပေါ့။
#ဟင်းသီးဟင်းရွက် ဆိုတာ ယေဘုယျဆန်တဲ့ အသုံးလို့ပြောလို့ရမယ်ထင်တယ်။ လူနဲ့တိရိစ္ဆာန်တွေစားသုံးနေကြတဲ့ သစ်သီး၊ အရွက်၊ ပန်း၊ ပင်စည်၊ စတဲ့ အရာအားလုံးကို ဟင်းသီးဟင်းရွက်လို့ခေါ်တယ်။ စားသောက်မှုရိုးရာတွေအပေါ်မူတည်ပြီး ခြားနားချက်အချို့တော့ရှိနိုင်တယ်။ ဥပမာ တစ်ချို့ဆို ငှက်ပျောသီးအစိမ်းကို ချက်စားကြတယ်။ ဒါဆိုအဲ့ငှက်ပျောသီးအစိမ်းကလည်း ဟင်းသီးဟင်းရွက်ပါပဲ။
#ကောက်ပဲသီးနှံ ဆိုတာ အပင်ကိုရိတ်သိမ်းပြီးမှ စားသုံးရတဲ့ သီးနှံအမျိုးအစားတွေကိုပြောတာ ဥပမာ စပါး၊ ပြောင်း၊ ဂျုံ၊ ပဲ စသဖြင့်ပေါ့။

Want your school to be the top-listed School/college in Lashio?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Lashio
10100