Win Veterinary Clinic

Win Veterinary Clinic

Share

18/11/2023

ပါရာစီတမောလ် နှင့် ခွေးကြောင်လေးများ

ကလေးအစာမစားလို့ နေမကောင်းဘူးထင်ပြီး ဆေးလေးတိုက်ထားတယ် ဆရာမ ပြောလို့
ဘာဆေးလဲ မေးကြည့်ရင် ပါရာစီတမောလ်တို့
လန်းဆန်းတို့လို့ ပြန်ဖြေတာကြားရပါတယ်
ပါရာစီတမောလ်နဲ့မတည့်ဘူးနော် မတိုက်ရဘူးပြောတော့ ပါရာစီတမောလ် တိုက်တာမဟုတ်ဘူး လန်းဆန်းတိုက်ထားတာတဲ့ ဒီလိုလေးတွေ ကြားရတတ်လို့ ပါရာစီတမောလ်အကြောင်းလေး ပြောချင်လာပါတယ်

ပါရာစီတမောလ်ဟာ ခွေးကြောင်လေးများနဲ့မတည့်တာကို
ခွေး‌ေကြာင်ပိုင်ရှင်အတော်များများတော့သိကြပေမယ့်
တချို့လည်း သတိမထားမိကြပါဘူး
ပါရာစီတမောလ်လို့ဆိုလိုက်ရင် ပါရာစီတမောလ်ဆိုတဲ့နာမည်နဲ့ ဝယ်လို့ရတဲ့ဆေးတွေပဲ မတည့်တာထင်ပြီး တခြားနာမည်နဲ့ထွက်ထားတဲ့ဆေးတွေ တိုက်မိကြပါတယ်
ကလေးတွေနဲ့မတည့်တာက ပါရာစီတမောလ်ထဲမှာပါဝင်တဲ့
Acetaminophen ဆိုတဲ့ compound နဲ့မတည့်တာပါ
ဒါကြောင့် Acetaminophen ပါတဲ့ဘယ်ဆေးမဆို
🐶 😺 လေးတွေကို မတိုက်သင့်ပါဘူး
ကိုယ့်ကလေးနေမကောင်းလို့ အိမ်မှာအလွယ်တကူရှိတဲ့
လူသုံးဆေးတိုက်ချင်တယ်ဆိုရင် မိမိတို့ပြသနေကြ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှ ဆေးတိုက်တာမျိုးလုပ်သင့်ပါတယ်
တစ်ခါတိုက် နည်းနည်း နည်းနည်းနဲ့ မကြာခဏ တိုက်မိမယ်ဆိုရင် သူတို့ကို အဆိပ်သင့်စေနိုင်တဲ့ ဆေးပမာဏထိရောက်သွားပြီး အသည်းပျက်စီးတဲ့အထိ
ဖြစ်စေမှာဖြစ်ပါတယ် အသည်းပျက်စီးတာအပြင် ပါရာစီတမောလ်အဆိပ်သင့်ခြင်းဟာ ကလေးတွေကို အသက်ဆုံးရှုံးစေတတ်တဲ့အထိ ပြင်းထန်ပါတယ်

ဒါကြောင့် ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန် ခွေး၊ ‌‌ကြောင်ကလေးတွေကို Acetaminophen ပါတဲ့ဆေးတွေမတိုက်မိဖို့ ဂရုပြုကြပါနော်

Want your business to be the top-listed Pet Store/pet Service in Lashio?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Lashio

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00