NAVIX
10/11/2025
ဒါကလူလိမ်အကောင့်ပါ။ ကျွန်တော်အကောင့်ကိုလိမ်သွားပါတယ်။
ယခုဆိုလျှင် အူရီဒူးမှ U9 အဖြစ်သို့ ပြောင်းလဲလိုက်ပါပြီ။
9999 သို့ Hello U9 ဟု SMS ပို့ပြီး Welcome Bonus ၃ရက်အသုံးပြုနိုင်သော 100MB မှ 9GB ထိ ရယူနိုင်ပါပြီး
16/09/2025
သင်ဟာ E-Receipt (ငွေလွဲပြေစာ) Screenshot တွေရရှိလာတဲ့အခါမှာဆိုရင် အချိန်နဲ့ ရက်စွဲကိုပဲကြည့်ပြီး စစ်ဆေးနေတုန်းပဲလား ❓
ဒါဆိုရင် သင်ဟာ အလိမ်ခံလိုက်ရပါပြီး.......... 🕶️
ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့ AI ခေတ်ကြီးမှာ အချိန်နဲ့စက္ကန့်အမျှ ငွေလွဲပြေစာ (E-Receipt) အတုတွေကို AI ကိုအသုံးချပြီး လူလိမ်တွေက ဖန်တီးပြီး လိမ်လာကြပါတယ်။
ဆိုတော့ အရင်ကလို ငွေလွဲပြီးရင် Customer တွေနဲ့ သူငယ်ချင်းတွေဆီကရလာတဲ့ ငွေလွဲပြေစာ (E-Receipt) ကိုတောင်းကြည့်ပြီး ရက်စွဲနဲ့ အချိန်ကိုပဲကြည့်ပြီး အတည်ပြုနေတုန်းပဲဆိုရင်တော့ အလိမ်ခံရမှာသေချာပါတယ်။ 🥷
ဒါဆိုရင် ငွေလွဲပြေစာ (E-Receipt) အစစ်မှန် ဟုတ်/မဟုတ် ဘယ်လို စစ်ဆေးရမလဲ ? 🕵️
လွယ်ကူပါတယ် ✨
☑️ ၁။ လုပ်ငန်းစဉ်အမှတ် (Transaction ID) စစ်ဆေးခြင်း
ငွေလွဲပြေစာရဲ့ငွေလွှဲအမှတ်စဉ် (Transaction ID/Reference Number/MT Number) က အရေးအကြီးဆုံး အချက်အလက်ဖြစ်တယ်။
· သင့်အကောင့်ရဲ့ "လက်ခံငွေလွှဲမှတ်တမ်း" သို့မဟုတ် "Transaction History" ထဲမှာ အဲဒီ ငွေလွှဲအမှတ်စဉ် (Transaction ID) နဲ့ ကိုက်ညီတဲ့ ငွေဝင်မှု အမှန်တကယ် ရှိ/မရှိ စစ်ဆေးပါ။
· ငွေသည် သင့်အကောင့်ထဲသို့ အမှန်တကယ် ရောက်ရှိမှသာ ပြေစာသည် စစ်မှန်သည်ဟု အတည်ပြုနိုင်မှာဖြစ်ပါတယ်။
☑️ ၂။ အချက်အလက်များ တူညီမှုရှိ/မရှိ စစ်ဆေးခြင်း
· ပြေစာပေါ်က သင့်အကောင့်နံပါတ်၊ ငွေလွှဲပေးပို့သူအမည်၊ ငွေပမာဏ စတဲ့ အချက်အလက်အားလုံး သင့် Payment ရဲ့ မှတ်တမ်းနဲ့ တိကျစွာ ကိုက်ညီမှု ရှိရပါမယ်။
☑️ ၃။ E-Receipt (ငွေလွဲပြေစာ) ၏ တံဆိပ်နှင့် ဒီဇိုင်းကို စစ်ဆေးခြင်း
· E-Receipt (ငွေလွဲပြေစာ)ရဲ့ လိုဂို၊ အရောင်၊ စာလုံးစတိုင်နှင့် ဖောင့် တို့ကို သေချာစွာ ကြည့်ပါ။ အတုတွေမှာ ဒီဇိုင်းကွာခြားမှုတွေ ရှိတတ်ပါတယ်။
☑️ ၄။ ရေစာများ (Watermarks) နှင့် လုံခြုံရေးအမှတ်အသားများ ရှိ/မရှိ စစ်ဆေးခြင်း
· စစ်မှန်သော ပြေစာတွေမှာ ရေစာများ (Watermarks) ပါရှိလေ့ရှိပါတယ်။ screenshot ဆိုလျှင် ဒီဇိုင်းနှင့် ရေစာများ ရှင်းလင်းစွာ မြင်ရပြီး အတုများတွင် မှုန်ဝါးနေတတ်ပါတယ်။
☑️ ၅။ စီးရီးနံပါတ် (Serial Number) စစ်ဆေးခြင်း
· ပြေစာတစ်ခုချင်းစီတွင် မတူညီသော စီးရီးနံပါတ် (Serial Number) ပါရှိပါတယ်။ ပြေစာတစ်ခုနှင့်တစ်ခု နံပါတ်များ ထပ်နေခြင်း ရှိမရှိ စစ်ဆေးပါ။
🛑 အရေးကြီးသော လုံခြုံရေးအကြံပြုချက်
သင်သုံးနေတဲ့Payment ဝန်ဆောင်မှုတွေရဲ့ OTP ကုဒ်၊ လျှို့ဝှက်နံပါတ် (PIN) နှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များ (NRC နံပါတ်အပါအဝင်) မည်သူနှင့်မျှ မည်သည့်နည်းလမ်းနှင့်မှ မမျှဝေပါနှင့်။ သင်၏ Payment အကောင့်သည် လုံခြုံမည်ဖြစ်ပြီး ငွေကြေးလိမ်လည်မှုများမှလည်း ကာကွယ်နိုင်ပါတယ်။
ဒီအချက်တွေကို အခြေခံပြီး စစ်ဆေးမယ်ဆိုရင် အတုအယောင်ပြေစာတွေကြောင့် အလိမ်မခံရအောင် ကာကွယ်နိုင်မှာပါ။
#ငွေလွဲပြေစာ #ငွေလွဲ #လူလိမ် #ငွေလိမ်ခြင်း #အသိပညာပေး
11/09/2025
Ooredoo Myanmar သည် U9 အဖြစ်သို့ အမည်ပြောင်းလဲမည် - သုံးစွဲသူများအတွက် မည်သည့်အပြောင်းအလဲမျှ မရှိဟု ဆို
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်လျက်ရှိသော ဆက်သွယ်ရေးလုပ်ငန်း Ooredoo Myanmar သည် ယခုအခါ U9 (ယူ-နိုင်) ဟူသော အမည်သစ်သို့ ပြောင်းလဲမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
ယခုကဲ့သို့ အမည်ပြောင်းလဲသော်လည်း သုံးစွဲသူများ၏ ဖုန်းနံပါတ်များ၊ ဝန်ဆောင်မှုပက်ကေ့ချ်များ၊ လက်ကျန်ငွေများ နှင့် လက်ရှိအသုံးပြုနေသော SIM ကတ်များတွင် မည်သည့်ပြောင်းလဲမှုမျှ မရှိဟု ကုမ္ပဏီမှ အာမခံထားသည်။ သုံးစွဲသူများအနေဖြင့် ယခင်အတိုင်း ဆက်သွယ်အသုံးပြုနိုင်မည်ဖြစ်သည်။
သို့ရာတွင်၊ အင်တာနက်သုံးစွဲရာတွင် ဆက်သွယ်ရေးလိုင်းအမည်ပြသည့် နေရာ (Network Name) ၌ ‘Ooredoo’ အစား ‘U9’ ဟုသာ ပေါ်လာမည်ဖြစ်ပြီး၊ Ooredoo Myanmar ၏ အက်ပလီကေးရှင်းကို ဗားရှင်းအသစ် (Update) လုပ်လိုက်ပါက အမည်ပြောင်းလဲသွားမည်ဖြစ်သည်။
စက်တင်ဘာ ၂၀ ရက်နေ့မှစတင်၍ သုံးစွဲသူများသည် U9 ၏ အက်ပလီကေးရှင်းအသစ်ကို Apple App Store နှင့် Google Play Store တို့မှ ရယူနိုင်မည်ဖြစ်ကာ၊ လက်ရှိ Ooredoo App တွင်အသုံးပြုနေသော အကောင့်အချက်အလက်များ (ဖုန်းနံပါတ်၊ လျှို့ဝှတ်နံပါတ်) အတိုင်းပင် ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။
အမည်သစ် U9 ကို မိတ်ဆက်သည့်အနေဖြင့်၊ စက်တင်ဘာ ၂၀ ရက်နေ့မှ စတင်၍ သုံးစွဲသူများအနေဖြင့် ‘Hello U9’ ဟူသော စာသားကို အတိုကောက်နံပါတ် ၉၉၉၉ သို့ ပို့ပေးပါက စုစုပေါင်း ၉ GB အထိ အခမဲ့ ဒေတာ ချီးမြှင့်မည် ဖြစ်ကြောင်း ကုမ္ပဏီမှ ဆွဲဆောင်မှုအစီအစဉ်တစ်ခု စီစဉ်ထားသည်။
ဤကဲ့သို့ အမည်နှင့် လုပ်ငန်းပိုင်ဆိုင်မှု ပြောင်းလဲခြင်းသည် ၂၀၁၄ ခုနှစ်က တယ်လီကွန်ဆက်သွယ်ရေးဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့သော ကာတာနိုင်ငံအခြေစိုက် Ooredoo Group သည် မြန်မာ့လုပ်ငန်းအား လုံးဝရောင်းချပြီး မြန်မာ့ဈေးကွက်မှ ထွက်ခွာသွားပြီဟု ဆိုလိုခြင်းဖြစ်သည်။ Ooredoo Group သည် ယခင်ကတည်းက ၎င်း၏မြန်မာလုပ်ငန်းအား ရောင်းချရန် ကြိုးပမ်းနေမှုများရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။
U9 အမည်သစ်ဖြင့် ဆက်လက်လည်ပတ်မည့် ကုမ္ပဏီသည် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံတကာ မိတ်ဖက်အချို့ ပါဝင်သည့် consortium တစ်ခုမှ ပိုင်ဆိုင်ကြောင်း သိရသော်လည်း အတိအကျသော ပိုင်ဆိုင်မှုဖွဲ့စည်းပုံကိုမူ ရှင်းလင်းစွာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ဆက်သွယ်ရေးဝန်ဆောင်မှုများသည် ယခုအတိုင်း ပုံမှန်လည်ပတ်နေမည်ဖြစ်ပြီး၊ သုံးစွဲသူများအနေဖြင့် မည်သည့်အခက်အခဲမှ မရှိစေရန် U9 ကုမ္ပဏီအသစ်မှ ဆက်လက်ဝန်ဆောင်မှုပေးသွားမည်ဟု မျှော်လင့်ရသည်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Kyondo