Myanmar Network - Kyangin

Myanmar Network - Kyangin

Share

26/05/2026
22/05/2026

``🏆🍾 Gunners တို့ အဆင်သင့်ပဲလား....? 🍾🏆 "
လာမည့် တနင်္ဂနွေနေ့ (မေလ ၂၄ ရက်၊ ၂၀၂၆) မြန်မာစံတော်ချိန် ည ၉:၃၀ နာရီမှာ ကစားမည့် အာဆင်နယ် နှင့် ခရစ္စတယ်ပဲလေ့စ် တို့ရဲ့ ပွဲစဉ်ဟာ သာမန် ပရီးမီးယားလိဂ် ပွဲစဉ်တစ်ခု မဟုတ်ပါဘူး။ ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ် ဖလားကို အာဆင်နယ်တို့ ကိုင်မြှောက်မည့်အချိန်ပဲဖြစ်ပါတယ်။
ဒီနှစ်မှာတော့ အာဆင်နယ်အသင်းဟာ ၂၀၀၃-၀၄ "Invincibles" ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် (Martin Odegaard) က ပရီးမီးယားလိဂ် ဖလားကြီးကို ကိုင်မြှောက်ပြမှာဖြစ်လို့ ဒါဟာ ဆယ်စုနှစ် နှစ်ခုကျော် စောင့်စားခဲ့ရတဲ့ သမိုင်းဝင် အခိုက်အတန့်ပဲ ဖြစ်ပါတယ်။
ဒါအပြင် သမိုင်းတစ်လျှောက် ပထမဆုံး အဝေးကွင်းမှာ ဖလားလက်ခံရယူမယ့် အာဆင်နယ်ဟာ အရင်က ချန်ပီယံဖြစ်ခဲ့စဉ်တွေမှာ အိမ်ကွင်း (Highbury) မှာပဲ ဖလားရယူခဲ့တာပဲဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ မန်စီးတီးအသင်း ရမှတ်လျော့နည်းသွားတာကြောင့် ပဲလေ့စ်နဲ့ ကစားမယ့် Selhurst Park ကွင်းမှာပဲ ဖလားပေးအပ်ပွဲ အခမ်းအနားကို ကျင်းပမှာ ဖြစ်ပါတယ်။ ဒါဟာ အာဆင်နယ် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဝေးကွင်းမှာ ပရီးမီးယားလိဂ် ဖလားကို လက်ခံရယူတဲ့ ထူးခြားမှု ဖြစ်ပါတယ်။
ဒီပွဲစဉ်ဟာ ရာသီပိတ်ပွဲ ဖြစ်သလို၊ နောက်တစ်ပတ် မေလ ၃၀ ရက်နေ့မှာ ကစားမယ့် PSG အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ (Budapest) အတွက် အသင်းရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ကစားအားကို ပြသရမယ့် ပွဲလည်း ဖြစ်ပါတယ်။ဒါအပြင် "Double" (ဖလားနှစ်လုံး) အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အသင်းသားတွေရဲ့ နောက်ဆုံးပြင်ဆင်မှုကို ဒီပွဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
ဒါကြောင့် ဒီပွဲဟာ ရမှတ်အတွက် ကစားရမယ့် ပွဲထက်စာရင် အာဆင်နယ်ဖန်တွေရဲ့ ၂၂ နှစ်တာ ငတ်မွတ်မှုကို အဆုံးသတ်ပေးမယ့် "အောင်ပွဲခံပွဲစဉ်" ဖြစ်တာကြောင့် အာဆင်နယ်ပရိသတ် (Gunners) တစ်ယောက်အနေနဲ့ ဘယ်လိုမှ လက်လွှတ်မခံသင့်တဲ့ ပွဲတစ်ပွဲ ဖြစ်ကြောင်း တင်ပြပေးလိုက်ပါတယ်။

🏆🍾 ပွဲစဉ်အချက်အလက်အသေးစိတ် 🍾🏆
🏆 ပွဲစဉ်: : ခရစ္စတယ်ပဲလေ့စ် vs အာဆင်နယ်
🗓️ နေ့ရက် : : မေလ ၂၄ ရက်၊ ၂၀၂၆ (တနင်္ဂနွေနေ့)
🕤 အချိန် : : မြန်မာစံတော်ချိန် ည ၉:၃၀ နာရီ
⚽ ကျင်းပမည့်နေရာ : :Selhurst Park (လန်ဒန်)

#အာဆင်နယ် #ဂန်းနား #ပရီးမီးယားလိဂ် #ချန်ပီယံ

21/05/2026

နွေရာသီလည်း.....ပူ☀️
မိုးရာသီလည်း......ပူ🌧️
ဆောင်းတွင်းလည်း.....ပူ❄️ဆိုတော့
တော်ပြီ ဒီလောက်ပူနေတဲ့အထဲ
ထပ်မပူရအောင် ရီးစားမထားတော့ဘူး......
တော်ကြာ ရီးစားပူပါမိနေပြီး
ငရဲကြသလိုဖြစ်နေမှာဆိုးလို့........

#ဟာသစာတို #ဟာသ #ဟာသစာပေ #အင်တာနက် #မြန်မာ

Want your business to be the top-listed Computer & Electronics Service in Kyangin?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. (A-132), Theik Pan Street, Ywathit Quarter
Kyangin
10032