Venus Computer Centre
ကျွန်တော်တို့ ဘာကြောင့် ကွန်ပျူတာ သင်ထားသင့်တာလဲ?
ကျွန်တော်က ကောလင်းမြို့မှာ ၂၀၀၆ ခုနှစ်မှာ Venus Computer Centre ဆိုတဲ့နာမည်နဲ့ ကွန်ပျူတာ သင်တန်းတစ်ခု စခဲ့တယ်။ ၁၀ တန်းအောင်ပြီးသား လူငယ်လေးတွေ လာပြီး သင်တန်းတက်ကြတယ်။ ရုံးလုပ်ငန်မှာ လုပ်နေတဲ့သူတွေ ၊ NGO အဖွဲ့ တွေ အစရှိသဖြင့်ပေါ့ လာပြီးတော့ လေ့လာကြတယ်။ အဲ့ဒီလိုနဲ့ ကွန်ပျူတာ သင်တန်းဟာ တစ်စတစ်စ အရှိန်ရလာတယ်။ တစ်နှစ်ကို သင်တန်းသား ၄၀၀ လောက်ရှိသွားတယ်။ အချိန်အားဖြင့် ၂၀၁၀ ခုနှစ်လောက်ဟာ ကွန်ပျူတာ ကို အတော်လေး အသုံးချလာတာ တွေ့ရတယ်။ တစ်ဆက်ထည်းမှာဘဲ ပုဂ္ဂလိက ဘဏ်တွေ ပေါ်လာတယ် ထပ်ပြီး အရှိန်ကောင်းလာတယ်။ ဘဏ်မှာ အလုပ်ရဖို့ ကွန်ပျူတာ သင်ကြရတယ်။ ပြီးတော့ အလုပ်ဝင်ကြတယ်။ တစ်ချို့က အလုပ်ဝင်ပြီးမှ လုပ်ငန်းလိုအပ်ချက်အရ သင်တန်းပြန်တက်ကြတယ်။ ပြီးတော့ ကောလင်းမြို့မှာ ၂၀၁၀ ခုနှစ် မှာ Internet cafe ဆိုပြီးပေါ်လာတယ်။ ၁၀ တန်းအောင်ပြီးသား လူငယ်လေးတွေ ကျား/မ မရွေး အင်တာနက်ကို အသုံးပြုလာကြတယ်။ ၂၀၁၂ ခုနှစ်လောက်မှာ လူတိုင်းနီးပါက Handphone ကိုင် စပြုလာပြီ။ ၂၀၁၃ ခုနှစ်မှာ Wi-Fi ဝန်ဆောင်မှုတွေ ပေါ်လာပြီး မိမိတို့ရဲ့ အိမ်တွေမှာ Internet လိုင်းတွေ တပ်လာကြပြီ။
၂၀၁၅ ခုနှစ်မှာ လူတိုင်းရဲ့ လက်ထဲမှာ Phone ရှိသွားပြီ၊ Internet ရှိသွားပြီ။ နည်းပညာ တွေ ပိုပြီးတော့ ကျယ်ပြန့်လာပြီ။ ကျွန်တော့အထင်တော့ ကွန်ပျူတာ တွေ ပိုပြီးတော့ ကျယ်ကျယ် ပြန့်ပြန့် သင်ထားသင့်ပြီလို့ တွေးမိပြီး ပျော်မိတယ်။
သို့သော်လည်း ကွန်ပျူတာ လေ့လာသူဦးရေ သိသိသာသာ ကျဆင်းလာတာကို သိလာရတယ်။ နည်းပညာက ဖုန်းထဲကို ရောက်သွားပြီလို့တောင် ပြောရမလိုဖြစ်သွားတယ်။ လူငယ်တွေ အောင်စာရင်းထွက်ပြီးရင် ကွန်ပျူတာ သင်တန်းတက်တဲ့သူဦးရေ လျော့ကျသွားတယ်။ အဲ့ဒါကြောင့် ၂၀၁၆ ခုနှစ် နောက်ပိုင်းမှာ ကွန်ပျူတာ သင်တန်းကို ပိတ်ထားခဲ့တယ်။
အခု ၂၀၂၀ ရောက်ပြီ၊ (၄) နှစ်လောက် ကြာသွားပြီ ဘာတွေပြောင်းလဲသွားပြီလည်း? လူတိုင်းက Online ပေါ်တက်ဖို့ ကြိုးစားနေကြပြီ။ တက်နေကြပြီ။ သိချင်တဲ့ အချက်အလက်တွေကို Google မှာ ရှာနေကြပြီ။ Facebook ကို အသုံးပြုပြီး ဈေးရောင်းနေကြပြီ။ စာသင်နေကြပြီ။ Zoom ကိုသုံးပြီးတော့ Online Meeting တွေလုပ်နေကြပြီ။ အားလုံးဟာ ကွန်ပျူတာ မှာ အခြေခံပါတယ်။ ကွန်ပျူတာ တတ်ရင် အားလုံးဟာ အလွယ်လေးပါ။
သင်က ဘယ်လို စီးပွားရေး လုပ်ငန်းမှာ လည်ပတ်နေတာလဲ? စတိုးဆိုင်၊ စားသောက်ဆိုင် ၊ ကုန်မာဆိုင် ၊ အစိုးရဝန်ထမ်း၊ ရှေ့နေ ၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ ကျုရှင်ဆရာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆိုင်ကယ်ဝပ်ရှော့ ၊ ကားဝပ်ရှော့၊ အလှကုန်ပစ္စည်း၊ အွန်လိုင်းရှော့ပင်း အစရှိသည့် မည်သည့်လုပ်ငန်းမဆို ကွန်ပျူတာ နယ်ပယ်က မလွတ်ပါဘူး။ လာမည့် (၅) နှစ်အတွင်း အာစီယံမှာ ပေါ်ထွန်းလာမည့် စီးပွားရေး ကွန်ရက်ချိတ်ဆက်မှု အားကောင်းလာရင် လိုက်ပါစီးမျောနိုင်ဖို့ Venus Computer Centre မှာ အွန်လိုင်းသင်တန်း တက်ကြစို့ ။ ကျေးဇူးတင်ပါသည် ။ ဦးဇာနည်ဦး (ကောလင်း) 09 783 999 031
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
ထန်းတောလမ်း၊ သုဝဏ္ဏရပ်
Kawlin