John Gyi

John Gyi

Share

Photos 09/05/2019

Photos from John Gyi's post 02/05/2019

၂၀၁၉ခုနှစ် ဂျပန်မင်းဆက်အသစ် ထီးနန်းဆက်ခံ

၂၀၁၉ခုနှစ် ဧပြီလ ၁ရက်နေ့မှာ Heisei ခေတ်ကြီး ပြီးဆုံးသွားခဲ့တာနှင့်အတူ Heisei ခေတ်မှာ ထီးနန်းစိုးစံ ခဲ့တဲ့ ဂျပန် ဧကရာဇ်Akihito သည်လည်း ရာထူးမှ နှုတ်ထွက်အနားယူမှာပဲဖြစ်ပါတယ်။ မင်းကြီး Akihito ဟာ ဧပြီ ၃၀ရက်နေ့မှာ ရာထူးမှ နှုတ်ထွက်အနားယူသွားခဲ့တာ ဖြစ်ပြီး သားတော်နှစ်ပါးအနက်မှ သားတော်အကြီး ဖြစ်သူ အိမ်ရှေ့စံမင်းသား Naruhito ကို မေလ ၁ရက်နေ့မှာ ထီးနန်းနှင်းအပ်ခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၈၅နှစ်ရှိပြီဖြစ်တဲ့ ဧကရာဇ် Akihito ဟာ နှစ်ပေါင်း၂၀၀မှာ ထီးနန်းကိုစွန့်ခွာတဲ့ ပထမဆုံး ဧကရာဇ်ဖြစ်လာခဲ့တာပါ။ ၂၀၁၆ခုနှစ် သြဂုတ်လကတည်းက ကျန်းမာရေးအခြေအနေနှင့် အသက်အရွယ်ကြောင့် ဧကရာဇ်ရာထူးမှ နှုတ်ထွက်ချင်ကြောင်းကိုလည်း ဖော်ပြခဲ့ဖူးပါတယ်။ ဧကရာဇ်အသစ် ဖြစ်လာသူ Naruhito ဟာ ဂီတ နှင့် တောင်တက်တာကို ကျွမ်းကျင်သူနှစ်သက်သူဖြစ်ပြီး သက်တော် ၅၉နှစ် ရှိပြီဖြစ်ပါတယ်။ ဧကရာဇ် Naruhitoမှာ သက်တော် ၁၇နှစ်ရှိပြီဖြစ်တဲ့ သမီးတော်တစ်ပါး(Aiko) သာရှိပြီး သားယောက်ျားသာထီးနန်းဆက်ခံခွင့်ရမည်ဖြစ်တဲ့ ဂျပန်ထီးနန်းဥပဒေအရ ဧကရာဇ် Naruhitoရဲ့ ညီတော် Fumihito(Akishino) ဒါမှမဟုတ် Fumihito ရဲ့သားတော်ဖြစ်သူ Hisahito(သက်တော် ၁၂နှစ်) တို့က ထီးနန်းဆက်ခံမည်လား ဒါမှမဟုတ်လည်း မိန်းကလေးထီးနန်းအုပ်စိုးခွင့်ဥပဒေသစ်ပြဌာန်းကာ သမီးတော် Aikoကပဲ ထီးနန်းဆက်ခံမည်လား ဆိုတာ ပြည်သူတွေကြား ရင်ခုန်စရာဖြစ်လို့နေပါတယ်။

ဧကရာဇ်သစ် Naruhito အုပ်စိုးမည့်ခေတ်ကတော့ Reiwa ဟု အမည်တွင်ကာ ၂၀၁၉ခုနှစ် ဧပြီလ ၁ရက်နေ့ကတည်းက Heisei ခေတ်မှ Reiwa ခေတ်ရယ်လို့ စတင်ပြောင်းလဲခေါ်ဆိုခဲ့တာပဲဖြစ်ပါတယ်။

Want your business to be the top-listed Media Company in Kawlin?
Click here to claim your Sponsored Listing.

Website

Address


Kawlin