Millennium Library - UM1
17/06/2020
ဒီ campaign လေးထဲမှာ အားလုံး ပါဝင်ကြဖို့
ဖိတ်ခေါ်ပါတယ်ဗျ ☺️☺️
ဆရာ၀န်တစ်ယောက်ဖြစ်ဖို့ မလွယ်ပါဘူး။
Covid ကြီးအတွင်းမှာ Front line မှာစွမ်းစွမ်းတမံ ဆောင်ရွက်နေကြတဲ့ ဆရာ၀န်များ ကိုလေးစားကြဂုဏ်ပြု ကြပါတယ်။👷👮
ကျွန်တာ်တို့ကို
ဒီလို ဆရာ၀န်တွေဖြစ်လာအောင် သင်ကြားပေးခဲ့တဲ့ ဆရာ၊ဆရာမများ ကိုလည်း လေးစားဂုဏ်ပြုကြရင် ပိုလို့တောင် ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ဆရာတွေက စာသင်ပေးရရုံသာမက အခုလို covid အရေးကြုံလာတဲ့အခါ front liner အဖြစ် တာဝန်ယူရတာတွေလည်း ရှိပါတယ်။
ကျွန်တော်တို့ ဘ၀တစ်လျှာက် ဆရာ၀န်ဖြစ်ဖို့ မူလတန်းကနေ ယခု တက္ကသိုလ်အထိ စာတွေသင်ပေး၊ဆိုဆုံးမပေး တဲ့ ဆရာ၊ဆရာမတွေအများကြီးရှိပါတယ်။
ဒီ Covid ကာလကြီးအတွင်းမှာ ပိုလို့ထင်ရှားတာက ဆရာ၀န်ဖြစ်ရတာ အရမ်းမွန်မြတ်တယ်ဆိုတာပါ။။လူ့အသက်ကယ်နိုင်အောင်၊လူတွေ လေးစားအောင် ဆေးပညာကို သင်ကြားပေးခဲ့တဲ့ဆရာတွေ ကိုပိုလို့ပင် လေးစားမိပါသည်။ 👏👏
အားလုံးကို ဒီ CAMPAIGN လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။❤💙
ဒီ CAMPAIGN ကတော့ ကိုယ့်ဘ၀မှာ ဆေးကျောင်းပဲဖြစ်ဖြစ် ကျောင်းတုန်းကပဲဖြစ်ဖြစ် တွေ့ဆုံခဲ့ဖူးတဲ့ ဆရာတွေ၊ဆရာမတွေ အများကြီးရှိကြမှာပါ။
ကိုယ့်ဘ၀အတွက် အားဖြစ်စေခဲ့တဲ့၊အမှတ်တရ ဖြစ်စေခဲတဲ့ဆရာတွေလည်းရှိမှာ အမှန်ပါပဲ။
အဲ့ထဲကမှ ဆရာတစ်ယောက် (သို့ နှစ်ယောက်)အကြောင်းကို စာစုလေးရေးပေးစေချင်ပါတယ်။ဆရာ့ကိုသတိတရ ရှိရာလည်းရောက်၊အမှတ်တရလည်း ဖြစ်တာပေါ့ဗျာ။
စာလုံးရေ အရေအတွက်တော့ အကန့်သတ်ထားပါဘူး။ကျွန်တော်တို့ Library Team ကလည်းစာမူတွေကိုရွေးချယ်ပြီး ဆုပေးဖို့ အစီအစဉ်လည်းရှိပါတယ်။။😎💓💓
ကိုယ်က စာရေးမကောင်းလို့လား။စာမရေးဘူးလို့လား။ဒါတွေစိတ်မပူပါနဲ့။ဆရာ၊ဆရာမတွေကို လေးစားတဲ့အနေ နဲ့ ရေးလိုက်တဲ့ စာတို လေးဖြစ်ပါစေ၊ခွန်အားရှိစမြဲပါ။
ကျွန်တော်တို့ အားလုံးဆရာတွေကို စာရေးပြီးဂုဏ်ပြုလိုက်ကြရအောင်လားဗျာ။။
💢ပါ၀င်ချင်သူများကတော့
1. ကိုယ့်ရဲ့ story လေးကိုရေးပါ။
post မှာ # Heros for you
# Teachers for us လို့hashtag လေးနဲ့တွဲတင်ပေးပါနော်။
2.ကိုယ်နဲ့ ဆရာနဲ့ အမှတ်တရ ဓာတ်ပုံလေးပါရင်တော့ပိုကောင်းပါတယ်။
3.ပြီးရင်တော့ပါ၀င်လို့ရပါပြီဗျာ။။
07/06/2020
" ဆေးတက္ကသိုလ် (၁) ပြည် campus ရှိ Millennium Library အားပြုပြင်မွမ်းမံရန် အခန်းကန့်ခြင်းနှင့် Air Con တပ်ခြင်း အတွက် အလှူခံခြင်း "
-အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျောင်းတွေအကြာကြီးပိတ်ထားတဲ့အတွက် အားလုံးလဲ ကျောင်းကိုလွမ်းနေကြပီထင်ပါတယ်🥺
-အခု ကျွန်တော်တို့ library committee အနေနဲ့ ဒီကနေ့ တင်ပြခြင်တဲ့အကြောင်းအရာကတော့ Millennium Library ကိုပြန်လည် ပြုပြင်မွမ်းမံဖို့နှင့် အခန်းကန့်ဖို့ ကိစ္စပဲ ဖြစ်ပါတယ်. ☺
-ထို့ကြောင့်ယခု စာကြည့်တိုက် ပြန်လည်မွမ်းမံပြင်ဆင်ရေး အတွက် ဆက်လက်အကောင်အထည်ဖော်ရန် ညှိနှိုင်းလျက် ရှိပါတယ်
-ကျွန်တော်တို့ရဲ့ Campus သုံးခုရှိတဲ့အနက် ပြည် campus မှာရှိတဲ့ canteen အပေါ်က Millennium Library ကိုတော့ လူတိုင်းသိကြမယ်လို့ထင်ပါတယ်။ ဒီ library လေးကကျောင်းသားကျောင်းသူတွေရဲ့ စုပေါင်းအင်အားနဲ့ပဲ တည်ထောင်ထားတာဖြစ်ပါတယ်.
- ကျွန်တော်တို့ Lecture ချိန်နောက်ကျလို့ မဝင်ရတော့ရင်ဖြစ်ဖြစ် , ကြားချိန်လေးတွေမှာ ဝတ္ထု စာအုပ်လေးတွေ လာဖတ်ရင်ဖြစ်ဖြစ် , ကျောင်းမှာလုပ်တဲ့ ပွဲတွေအတွက် decoration လုပ်ချင်ရင်ဖြစ်ဖြစ် , Talk Show တွေ Debate တွေလုပ်ချင်ရင်ဖြစ်ဖြစ် , ဂစ်တာလေးတီးပြီး သီချင်းလေး ညည်းချင်ရင်ပဲဖြစ်ဖြစ် ဒီ library လေးကိုကျောင်းသားကျောင်းသူတွေ လာဖူးကြမှာပါ. 🥳
-ကျွန်တော်တို့ရဲ့ 2nd MB life မှာ တစ်ထောင့်တစ်နေရာက ပါဝင်နေတဲ့ Millennium Library လေး ကြာရှည်အသုံးပြုနိုင်အောင်, Library အတွင်းကျောင်းသားကျောင်းသူများ သက်တောင့်သက်သာစာဖတ်နိုင်ရန် , မိုးတွင်းဆိုလျှင် မိုးရေပက်ခြင်း နှင့် စာအုပ်များ ပျက်စီးခြင်းမှ ကာကွယ်ရန် Library ကို အခန်းကန့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်. 🙆🏻♂️🙆🏻♂️
-Aluminium တံခါးများတပ်ဆင်ပြီးလျှင် Library မှာ စာလာဖတ်တဲ့ကျောင်းသားကျောင်းသူတွေ သက်တောင့်သက်သာ စာဖတ်နိုင်ရန် Air Con တပ်ဆင်ပေးမှာဖြစ်ပါတယ်. ❤️☺️
-ဒါကြောင့်မလို့ ကျွန်တော်တို့ campus life မှာ ပါဝင်နေတဲ့ Millennium Library အတွက် အလှူငွေများ နည်းများမဆို ထည့်ဝင်နိုင်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်ခင်ဗျာ. အောက်ဖော်ပြပါ acc များသို့ထည့်ဝင်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ ☺️
(1) Wave money - 099 5455 3435
(2) KBZ pay acc - 0979 0979 971
- အသေးစိတ်သိရှိလိုသမျှကိုလည်း message box ကနေ
အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ပါတယ် ☺️☺️ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ 🙆🏻♂️
- အလှူငွေ ထည့်သူများအားလုံးကိုလည်း certificate လုပ်ပေးမှာမို့လို့ ငွေလွှဲပြီးရင် page ကို လွှဲထားတဲ့ screenshot နဲ့ message လာပို့ပေးပါခင်ဗျာ 👀
Click here to claim your Sponsored Listing.
Category
Website
Address
University Of Medicine 1, Pyay Campus (upstairs Of Canteen)
Kamayut
Opening Hours
| Monday | 08:30 - 16:30 |
| Tuesday | 08:30 - 16:30 |
| Wednesday | 08:30 - 16:30 |
| Thursday | 08:30 - 16:30 |
| Friday | 08:30 - 16:30 |