TMT on Adrenaline

TMT on Adrenaline

Share

02/07/2026

90’s Kid တွေ ကံကောင်းတဲ့အထဲမှာ
Harry Potter ရုပ်ရှင်တွေနဲ့ အတူတူ
ကြီးပြင်းရတာလည်းပါပါတယ်။

အတူတူကြီးပြင်းတယ်ဆိုတာမှာ
ရိုးရိုးတန်းတန်း ကိုယ့်အသက်တစ်နှစ်ကြီးတိုင်း
တစ်ကားထွက်တယ်ဆိုတဲ့ ပုံစံမျိုးသီးသန့်မဟုတ်ဘဲ
ရုပ်ရှင်တွေထဲက Character တွေက
ကိုယ်နဲ့သက်တူရွယ်တူတွေ မတိမ်းမယိမ်းတွေ
ဖြစ်နေတော့ တကယ်ကို သူတို့နဲ့ အတူတူလိုက်ပြီး
ကြီးပြင်းရသလိုကို ခံစားခဲ့ရတာပါပဲ။

Philosopher's Stone တို့ Chamber Of Secrets တို့ ထွက်လာတဲ့ကာလ သူတို့ရဲ့ ကလေးဘဝ ပေါ့ပေါ့ပါးပါးကာလမှာ ကိုယ်တွေကလည်း ကလေးစိတ်တွေပဲ ရှိနေသေးပြီး "Wingardium Leviosa" လို spell မျိုးတွေကို အလွတ်ကျက်၊ တုတ်တစ်ချောင်းနဲ့ Spell cast တိုင်းဆော့တဲ့ကာလဖြစ်ခဲ့တယ်။ Prisoner Of Azkaban တို့ Goblet Of Fire တို့ထွက်တဲ့ကာလမှာ ကိုယ်တွေက
ဆယ်ကျော်သက်ဝင်ကာစ ကာလဖြစ်လို့ Mystery Thriller တွေ Plot Twist တွေ ကြိုက်တတ်နေကြပြီဖြစ်သလို၊ ကျောင်းတွင်းအပြိုင်အဆိုင်တွေလည်း ရှိလာကြတဲ့ကာလဆိုတော့ အဲ့ဒီ့ရုပ်ရှင်တွေက်ို လေးလေးနက်နက်စကြည့်တတ်လာတဲ့ကာလပေ့ါ။ ဒီထဲကမှ Order Of The Phoenix တို့ Half-blood Prince တို့ထွက်တဲ့ကာလကတော့ ဆယ်ကျော်သက်တွေ Young Adult တွေဖြစ်နေကြပြီဖြစ်လို့ Character တွေရဲ့အချစ်ရေးနဲ့ ကိုယ့်အချစ်ရေးနဲ့ မတိမ်းမယိမ်းအဖြစ်အပျက်တွေကို ခံစားလို့ရနေပြီဖြစ်သလို၊ လောကကြီးကပေးတတ်တဲ့ ဆုံးရှုံးမှု သင်ခန်းစာတွေကို ရုပ်ရှင်ထဲမှာကော အပြင်မှာကော ခံစားလို့ရနေခဲ့ကြပါပြီ။ နောက်ဆုံး ၂ ကားဖြစ်တဲ့ Deathly Hallows 1 & 2 ကိုကြည့်ရတဲ့ အရွယ်မှာတော့ လောကကြီးဟာ
ဘယ်လောက် Dark ဖြစ်တတ်ကြောင်းနဲ့ လောကဓံအကြောင်းတွေကို သေချာသိနေတဲ့ အရွယ်ဖြစ်နေလို့
အဲ့ဒီ့ရုပ်ရှင်တွေကို ကြည့်ရတာဟာ Deep & Dark ဖြစ်နေခဲ့ပြီး Deathly Hallows 2 အပြီးမှာတော့ ကိုယ်နဲ့အတူ ကြီးပြင်းခဲ့ရတဲ့ သူငယ်ချင်းတွေကို
ခွဲခွာရသလိုမျိုး အတော်ကိုဝမ်းနည်းခဲ့ရတာပါ။

Harry Potter Film Series ဟာ ကိုယ့်ကိုရုပ်ရှင်တွေ
ကြိုက်တတ်အောင် ပထမဆုံးလုပ်ပေးခဲ့တဲ့ Movie Franchise ဖြစ်သလို ဒီနေ့ဒီအချိန်ထိလည်း
အကြိုက်ဆုံး Movie Franchise ဖြစ်နေဆဲပါပဲ။
အနည်းဆုံး ၂ နှစ်တစ်ခါလောက်တော့ Franchise အစအဆုံးကို Movie Marathon အနေနဲ့ပြန်ပြန်ကြည့်ဖြစ်ပေမဲ့ သူတို့နဲ့အတူတူကြီးပြင်းခဲ့ရတဲ့ကာလတုန်းက Vibe တွေကိုတော့ ပြန်ရဖို့မဖြစ်နိုင်တော့ပါဘူး...

Want your business to be the top-listed Photography Service in Kamayut?
Click here to claim your Sponsored Listing.

Website

Address


Kamayut