Purecare
PURECARE Gel kills the bacteria that infect acne affected skin, preventing spread of infection.
05/08/2025
🌟ဝက်ခြံကြောင့် အမဲစက်နဲ့အမာရွတ်တွေ မကျန်ချင်ဘူး…🌟
ဝက်ခြံထွက်ပြီးရင် အမဲစက်နဲ့အမာရွတ်တွေကျန်ခဲ့မှာကလည်း စိုးရိမ်စရာတစ်ခုပါ။ 😖
မျက်နှာလှလှမှာ ဝက်ခြံအမာရွတ်တွေမဖြစ်အောင် ကာကွယ်ဖို့နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်👇
✅ ဝက်ခြံတွေကို မညှစ်ပါနဲ့ - ဝက်ခြံညှစ်တာဟာ အရေပြားအတွင်းပိုင်းထိကို ထိခိုက်စေနိုင်ပြီး အမာရွတ်ကျန်စေပါတယ်။ ဝက်ခြံကို မကုပ်မိအောင် အမြန်သက်သာအောင် ဝက်ခြံကပ်ပလာစတာကို အသုံးပြုနိုင်ပါတယ်။
✅ နေရောင်ကာ Sunscreen ပုံမှန်လိမ်းပါ - နေရောင်ခြည်ဟာ အမဲစက်တွေကို ပိုဆိုးစေနိုင်ပြီး အနာကျက်နှေးစေပါတယ်။ SPF 50+ ပါတဲ့ sunscreen တွေက နေရောင်ဒဏ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
✅ ဝက်ခြံများကို စောစောကုသမှုခံယူပါ - ဝက်ခြံများကို မြန်မြန်ကုသလေ အမာရွတ်ဖြစ်နိုင်ခြေ နည်းပါးလေဖြစ်ပါတယ်။ သက်ဆိုင်ရာအရေပြားဆရာဝန်နှင့် ပြသတိုင်ပင်ပြီး ကျွမ်းကျင်သောကုသမှုကို ခံယူပါ။
ဝက်ခြံအမာရွတ်တွေမဖြစ်အောင် ကာကွယ်နိုင်ဖို့ မျှော်လင့်ရင်း...💖
“လျင်မြန်ပျောက်ကင်း ဝက်ခြံများရှင်း”ဖို့ဆိုရင်တော့ Purecare ရှိတယ်နော်...💚💚💚
✅Purecare မှာ ဘက်တီးရီးယားပိုးတွေကိုသေစေနိုင်ပြီး ထပ်မပွားအောင်ကာကွယ်ပေးနိုင်တဲ့ Erythromycin ပါဝင်တာကြောင့် ဝက်ခြံတွေကို အမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ်။
✅Purecare ဝက်ခြံပျောက်လိမ်းဆေးလေးကို ဒီလင့်ထဲကနေ order တင်ပြီး မှာယူလို့ရနေပြီနော်...☺
Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220
“ဝက်ခြံဖြစ်ပွားမှု ကင်းဝေးအောင် PURECARE ကို ဆောင်”
02/01/2025
ဝက်ခြံအမျိုးမျိုးအကြောင်း သိကောင်းစရာ...
ဝက်ခြံ (Acne) သည် လူတိုင်းနီးပါး ကြုံတွေ့ရသည့် အသားအရေပြားပြဿနာတစ်ခုဖြစ်ပြီး အမျိုးအစားအမျိုးမျိုးရှိပါတယ်။
📝 ပုံမှန်ဝက်ခြံ (Acne Vulgaris)
ပုံမှန်ဝက်ခြံသည် အရွယ်ရောက်ခြင်းနှင့်စပ်လျဉ်းနေပြီး အဆီထုတ်မှုများလာခြင်းကြောင့် ဖြစ်သည်။ များသောအာဖြင့် အရေပြားပေါ်တွင် အမည်းဆံ၊ အဖြူဆံ သို့မဟုတ် ရောင်ရမ်းနေသောအဖုများအဖြစ် တွေ့ရလေ့ရှိသည်။
📝 ဝက်ခြံအနီ (Papules and Pustules)
အနီရောင် ရောင်ရမ်းနေသော ဝက်ခြံဖုများထွက်ပြီး ထိမိလျှင် နာကျင်မှုရှိစေသည်။ တစ်ခါတစ်ရံ ပြည်တည်နေတတ်ပြီး မကုသပါက ရောဂါပိုးဝင်ခြင်း သို့မဟုတ် အမာရွတ်ကျန်ခြင်းများ ဖြစ်ပေါ်နိုင်သည်။
📝 ဝက်ခြံအမာ (Nodules and Cysts)
ဤဝက်ခြံအမျိုးအစားသည် အရေပြားအောက်တွင်ဖြစ်ပြီး ကြီးမားပြီး နာကျင်တဲ့ အဖုများဖြစ်သည်။ ပြင်းထန်သောအကြီးစားဝက်ခြံများဖြစ်ပြီး သက်သာဖို့အတွက် ဆေးဝါးကုသမှု လိုအပ်တတ်သည်။
📝 ဟော်မုန်းဝက်ခြံ (Hormonal Acne)
အထူးသဖြင့် မိန်းကလေးများတွင် ဓမ္မတာလာချိန်၊ ကိုယ်ဝန်ရှိချိန် သို့မဟုတ် အသက်အရွယ်ကြီးရင့်လာချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တတ်သည်။ ပုံမှန်အားဖြင့် မျက်နှာ၊ အထူးသဖြင့် မေးရိုး၊ နဖူး သို့မဟုတ် မေးစေ့တစ်ဝိုက်တွင် အဖြစ်များသည်။
📝 ပြင်ပအကြောင်းများကြောင့်ဖြစ်သော ဝက်ခြံ (Acne Mechanica)
ဤဝက်ခြံအမျိုးအစားသည် တင်းကျပ်သောအဝတ်အစားများ၊ ပွတ်တိုက်မှုများ သို့မဟုတ် အချို့သော အသားအရေထိန်းသိမ်းမှုဆိုင်ရာ ပစ္စည်းများ (cosmetics & skincare products) နှင့် မတည့်သောကြောင့် ဖြစ်တတ်သည်။
ဝက်ခြံအမျိုးမျိုးအကြောင်းကို သိထားပြီး ဝက်ခြံများကို ထိထိရောက်ရောက် ကာကွယ်ကုသနိုင်စေဖို့ မျှော်လင့်ပါတယ်...
ဝက်ခြံတွေ အမြန်သက်သာဖို့ဆိုရင်တော့ Purecare Gel ကို သတိရလိုက်နော်...🤩
✅Purecare ဝက်ခြံပျောက်လိမ်းဆေးလေးကို ဒီလင့်ထဲကနေ order တင်ပြီး မှာယူလို့ရနေပြီနော်...☺
Buy Now - https://onlineshop.aa.com.mm/skin-cream/purecare-pom-220
“ဝက်ခြံဖြစ်ပွားမှု ကင်းဝေးအောင် PURECARE ကို ဆောင်”
“လျင်မြန်ပျောက်ကင်း ဝက်ခြံများရှင်း”
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 81, Insein Road, Corner Of Hledan Road
Kamayut
11041
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |