WNC Engineering Training Center
11/01/2020
M&E သို့ မဟုတ် MEP ဘာလဲ? ဘယ်လဲ?
(အပိုင်း-၃)®
¶¶¶¶¶¶¶¶¶¶¶¶¶∆¶¶¶¶¶¶¶¶¶¶¶¶¶¶
✒️ဆောက်လုပ်ရေးလုပ်ငန်းကြီးတခုစတင်ရန် Developerလို့ တနည်းခေါ်ဆိုနိုင်တဲ့ ပိုင်ရှင်မှ Consultant ပညာရှင် အကြံပေး အဖွဲ့ ကိုစတင် ခန့်အပ်ရပါတယ်
၎င်း Consultant အဖွဲ့ မှာ
1️⃣ Architect
2️⃣Structural
3️⃣M&E / MEP
ဆိုပြီးပါရှိပါတယ်
တချို့  Project တွေမှာ လိုအပ်သလို Interior Design(ID) Consultant ပါလုပ်ငန်းလိုအပ်ချက်အရခန့်အပ်ပါတယ်
Architect မှ ဦးဆောင် ရေးဆွဲထ
ားသည့် Design ကို Structural နှင့် MEP မှ ဖြည့်စွက် Design ရေးဆွဲရပါတယ်
🏢အဆိုပါ Drawing , Design & Spec များရရှိပြီးနောက်
Project Management (PM) team နှင့် Main Con တို့ ကို Tender စနစ်ဖြင့်ခန့် အပ်ရပါတယ်
ရွေးချယ် ခန့်အပ်ခြင်းခံရသည့် Main Con မှ Sub-con များပြန်လည် ရွေးချယ်ခန့်အပ်ရပါတယ်
MEP Quantity Surveyor(QS)သည် ဆောက်လုပ်ရေးလုပ်ငန်း မစတင်မီ
1️⃣ပထမအဆင့် Tender ယှဉ်ပြိုင်ရန်အတွက် Consultant မှထုတ်ထားသော Design Drawings များအပေါ်မူတည်ပြီး တွက်ချက်ခြင်းလုပ်ငန်း များကို MEP Manager နှင့်အတူ စတင်လုပ်ကိုင်ရပါတယ်
2️⃣ Tender award ရရှိပြီးနောက် သက်ဆိုင်ရာ Sub-con ကို Main Con မှ Consultant အားအသိပေးခန့် အပ်ရပါတယ် (Site နှင့် Work Volume အပေါ်မူတည်ပြီး Tender ထပ်ခေါ်သည်များလည်းရှိတတ်ပါတယ်)
MEP Sub-con တွေကတော့
-Electrical(LV)
-ELV
-Plumbing & Sanitary
- Minor Sewer
-Fire Fighting
အစရှိသော သက်ဆိုင်ရာလုပ်ငန်းကို ပိုင်း၍ခန့်အပ်ရပါတယ်
3️⃣ MEP QS သည် Site MEP မှ ထောက်ခံပေးလိုက်သော လုပ်ငန်းပြီးစီးမှုနှင့်အတူပူးတွဲ၍ Progress Claim လုပ်ငန်းပြီးစီးမှုအပေါ်မူတည်၍ လစဉ် တောင်းခံငွေ များကို စိစစ်ဆောင်ရွက်ပြီး MEP Manager ထံတင်ပြရပါတယ်
4️⃣Tender design မှ ကွဲလွဲသော ထပ်တိုး လုပ်ငန်း နှင့် လျှော့ချ လုပ်ငန်း များကို မှတ်သားပြီး Site MEP နှင့်အတူပူးပေါင်းပြီးလုပ်ငန်းတန်ဖိုးကိုလိုအပ်သလို အတိုးအလျှော့ များကို procedureများအတိုင်း ဆောင်ရွက်ရပါတယ်
ကျွန်တော်တို့  ဇာတ်လိုက်ကျော် MEP ကတော့ အဆင့်တိုင်းမှာ ပါဝင်ဆောင်ရွက်ရပါတယ်🎓🎓🎓
မည်သို့ ပင်ဆိုစေကာမူ Project အနေအထားအရ ကွဲလွဲချက်အနည်းငယ် ရှိတတ်စမြဲပါ
San
05/01/2020
Myanmar M&E Engineer Group လေးကို
ခင်တွယ်စိတ်ရှိလို့ ဝင်ရောက်လေ့လာရင်း
မျှဝေရေးသားထားသော ပိုစ့်လေးပါ။
အခြား လုပ်ငန်းစိတ်အကြောင်းတွေနဲ့
Group ထဲမှာ
သိပ်အခြေအတင် မဖြစ်ပေမယ့်
အဓိက ခေါင်းစီးဖြစ်တဲ့
M&E ဆိုတာနဲ့ နဲ့ပတ်သက်ပြီးမှ
အငြင်းပွားနေရတာမျိုးအတွက်
ကျွန်တော့်ကိုယ်ပိုင်သိထားတဲ့
အချက်အလက်တစ်ချို့ကို
လေးစားစွာဖြင့် မျှဝေတင်ပြခဲ့ခြင်းပါ။
ထပ်ပြီးတော့လည်း
တစ်ခြားသူများထံမှ သိနိုင်သမျှ
လေ့လာခွင့်၊ဆွေးနွေးခွင့် ရချင်သေးလို့
ယခုလို ပို့စ်အဖြစ် တင်မိခြင်း ဖြစ်ပါတယ်။
==================================
M&E (or) MEP ဟူသည့်အရာ
*************************
Construction Work တစ်ခုရဲ့
အမိုးတစ်ခုအောက်မှာ
Civil Work နဲ့ M&E Work ဆိုပြီး
အပိုင်း(၂)ပိုင်း အဓိကထားပြီး
ခွဲခြားသတ်မှတ်ရပါတယ်။
Civil Work အပိုင်းမှာလည်း
လုပ်ငန်းစိတ် အမျိုးမျိုးရှိသလို
M&E Work(or) MEP အပိုင်းမှာလည်း
လုပ်ငန်းစိတ်အမျိုးမျိုး ရှိနေတာပါ။
လုပ်ငန်းရဲ့ သဘောသဘာဝကိုလိုက်ပြီး
Project Manager (သို့) Project Engineer ကို ဦးဆောင်ဖို့ ရွေးချယ်ရပါတယ်။
အိမ်ယာတည်ဆောက်ရေး စီမံကိန်းမျိုးမှာ
Civil Engineer က
Project ကို ဦးဆောင်ပြီး Management လုပ်ရတာရှိသလို၊
ဓာတ်အားခွဲရုံလို
Power Transmission & Distribution လို
လုပ်ငန်းမျိုး ဆိုရင်တော့
M&E Engineer ကသာ
Management လုပ်ရတတ်ပါတယ်။
တစ်ချို့လုပ်ငန်းမှာဆိုရင် Civil Engineer က
Project Manager အဖြစ်
တာဝန်ယူဦးဆောင်ပြီး
M&E လုပ်ငန်းများအတွက်
M&E Manager တစ်ဦးကိုပါ
တာဝန် ခွဲဝေယူခိုင်းတတ်ပါတယ်။
Civil Work လုပ်ငန်းစိတ်အားလုံးကို
Civil Engineer အသီးသီးက
လုပ်ငန်းစိတ်အလိုက် ခွဲဝေတာဝန်ယူရသလို၊
M&E လုပ်ငန်းစိတ်အားလုံးကို
Electrical Engineer များ
Mechanical Engineer များက
လုပ်ငန်းစိတ်အလိုက်
ခွဲဝေတာဝန်ယူကြရတာပါ။
လိုအပ်ရင် Electronic Engineer တွေကလည်း M&E လုပ်ငန်းစိတ်ထဲမှာ
တာဝန်ယူကြရတာပါပဲ။
Department အနေနဲ့
M&E Department က M&E Engineer လို့ပဲ ခေါင်းစဉ်တပ်လို့ရပါတယ်။
ဒါပေမယ့် M&E သမားလို့ ခံယူနိုင်ဖို့က
M&E အပိုင်းမှာ ပါဝင်သက်ရောက်နေတဲ့
လုပ်ငန်းစိတ်အားလုံးကို အခြေခံကျကျ
ဖြန့်ကျက်ပြီး လေ့လာသင့်ပါတယ်။
M&E ဆိုတဲ့
အဓိက တာဝန်ကတော့
Management Level ကိုပဲ
ရည်ညွှန်းထားတဲ့ စကားလုံးမို့လို့
ပါဝင်တဲ့လုပ်ငန်းစိတ်တွေရဲ့ အခြေခံသဘောတရားတွေကို
လုပ်ငန်းလုပ်ဆောင်တဲ့အခါမှာ
ဘယ်လိုစီမံညွှန်ကြားပြီး
တာဝန်ယူနိုင်မလဲ ဆိုတဲ့
အသိပညာကို ရှာဖွေထားကြဖို့ပါ။
M&E ဆိုတဲ့ ခေါင်းစဉ်က
စကားလုံးတိုတောင်းသလောက်
လုပ်ငန်းစိတ်တွေ များပြားတာကို တွေ့ရမှာပါ။
အဲဒီအတွက်
EP,EC,MP,MC Major သမားများအနေဖြင့်
ရည်ရွယ်ချက်ရှိရင် ရှိသလို မိမိဘာသာရပ်နဲ့
ဆက်နွယ်သမျှကို စတင် အဓိကထား
လုပ်ကိုင်ရင်းမှ ဆက်စပ်ပတ်သက်မူ့ရှိနေတဲ့
အခြားလုပ်ငန်းစိတ်များကို
ဆက်လက်လေ့လာရင်းမှ
အားလုံးခြုံငုံမိသွားနိုင်ပါတယ်။
M&E ဆိုတဲ့ ခေါင်းစီးအောက်မှာပဲ
လုပ်ငန်းစိတ်တိုင်းရဲ့ Specialist တွေဆိုတာလည်း
သူ့လိုင်းနဲ့သူ သီးသန့်စီ တည်ရှိနေကြောင်းတော့
သတိပြု ထားရပါမယ်။
နောက်တစ်ခုကတော့
အင်ဂျင်နီယာဖြစ်မှ မဟုတ်ပါဘဲ
လေ့လာအားအပေါ် မူတည်ပြီး
သာမန်ဘွဲ့ရတစ်ဦးကလည်း
M&E Works ရဲ့ Basic တွေ
Procedures တွေကို နှံ့စပ်ခဲ့ရင်လည်း
M&E လုပ်ငန်းအတွက် Manager Level မှာ တာဝန်ထမ်းဆောင်နိုင်တာကို တွေ့ဖူးပါတယ်။
အဲဒီလို မန်နေဂျာရဲ့လက်အောက်မှာမှ
သက်ဆိုင်ရာ
အင်ဂျင်နီယာတွေရှိသလို၊
coordinators တွေ၊
Sub-Contractors တွေ၊
Material Supplier တွေ၊
Installer တွေနဲ့ ပူးတွဲလုပ်ကိုင်ကြရတယ်။
ကျွန်တော် ပြောလိုတာက
M&E ဆိုတဲ့ စကားလုံးအပေါ်
သဘောပေါက်နားလည်မူ့ မလွဲစေချင်တာပါ။
ခေါင်းစဉ်ပေါ်မူတည်ပြီး
တာဝန်ဝတ္တရား ကွဲပြား တတ်တာကိုတော့
သတိပြုစေချင်ပါတယ်။
ကျွန်တော်တို့ဆီမှာ
သိပ်မကြာသေးမီကာလတစ်ခုအတွင်းကမှ
တွင်ကျယ်လာတဲ့ အခေါ်အဝေါ်မို့လို့
ဝိရောဓိ ဖြစ်စရာ ထွေပြားနေကြတာလို့
ယူဆမိပါတယ်။
ဘယ်လောက်အထိ ဝေဝါးထွေပြားသလဲဆိုရင်
ကုမ္ပဏီ အကြီးစားတွေဆီက
အလုပ်လျှောက်လွှာခေါ်တာတောင်
M&E သမားအတွက်
Civil ဘွဲ့ရဖြစ်ရမည် ဆိုတာမျိုးအထိ
တွေ့ နေရတုန်းပါ။
လုပ်ငန်းသဘာဝအရ
Wiring လုပ်ငန်းကို
Mechanical Engineer တစ်ယောက်က
တာဝန်ယူပြီးလုပ်စရာ မလိုသလို
တာဝန်ခံစရာလည်း မလိုအပ်ပါဘူး။
အဲ့ဒီအပြင် Air-Cond တွေကိစ္စကိုလည်း
Electrical Engineer တစ်ယောက်က
တာဝန်ယူပြီးလုပ်စရာ မလိုသလို
တာဝန်ခံစရာလည်း မလိုပါဘူး။
ဒါပေမယ့်
M&E သမားလို့ ခံယူထားတဲ့သူကတော့
လုံးဝ တာဝန်ယူပြီး တာဝန်ခံရမှာတော့
အမှန်တရားပါပဲ။
ဘယ်လိုတာဝန်ခံမလဲဆိုရင်တော့
Electrical Work ကိစ္စတွေ အတွက်
Electrical Engineer နဲ့ပူးပေါင်း၊
Air-Cond Work ကိစ္စတွေ ဆိုရင်
Mechanical Engineer နဲ့တိုင်ပင်၊
အခြား လုပ်ငန်းစိတ်တိုင်းအတွက်လည်း
သက်ဆိုင်ရာ Engineer တွေ
Specialist တွေနဲ့
ညှိနှိူင်းဆောင်ရွက် ဖြေရှင်း
ဒီသဘောလေးပါပဲ။
အဲ့ဒါကတော့ M&E ဆိုတဲ့
စကားလုံးအောက်က တာဝန်ပါပဲဗျာ။
ပညာရပ်တိုင်းကို လေးစားလျှက်
မင်းသိန်းဦး
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Kamayut