Beauty Secret

Beauty Secret

Share

01/09/2020

တင်းတိပ်​မဖြစ်​​အောင်​ ကာကွယ်​နည်းနှင့်​ တင်းတိပ်​​ပျောက်​နည်း

11/08/2020

SUNSCREEN ကို ဘယ်အချိန်မှာ သုံးမလဲ... ☀☀

❌ လူအတော်များများထင်ထားတဲ့ sunscreen ကို နေပူထဲထွက်မှသုံးရမယ်ဆိုတာ မှားယွင်းနေပါတယ်လို့ပြောချင်ပါတယ်။ ❌

☀️☀️ Ultraviolet rays တနည်း electromagnetic radiation ဆိုတာ နေရောင်ခြည်မှအပြင် ကိုယ်တွေနေ့စဉ်သုံးနေတဲ့ ဖုန်း ကွန်ပြူတာ တီဗီ၊ အနီအောက်ရောင်ခြည် ကင်မရာ၊ လျှပ်စစ်မီး ၊microwaves စတာတွေကနေလည်း အဲ့ဓါတ်တွေထွက်နေလို့ အေးအေး၊ ပူပူ ကာကွယ်ဖို့ရာက sunscreen ကို အမိုးအောက်ထဲမှာနေလည်း အသုံးပြုသင့်ပါတယ်။

☀ Sun Cream ဆိုတာ ဘာလဲ ?
😇ဘယ်လိုလူတွေ လိမ်းရတာလဲ ?
👫ကျား မ ခွဲ သေးလား ?

Sun cream (or) Sunscreen =နေလောင်ကာခရင်

UV rays တွေကို ကာကွယ်တဲ့ လုပ်ဆောင်ချက်ကို
လုပ်ပေးတာပါ သူ့ကို လိမ်းပေးမှ တင်းတိပ် မှဲ့​ခြောက်o
အမည်းစက်တွေ မထွက်မှာပါ မလိမ်းပဲ နေလို့မရပါဘူး

Sun cream က မနက်ပိုင်းလိမ်းရတာပါ
မျက်နှာသစ်ပြီးတာနဲ့
toner
Serum
Moisture
Sunscreen ပါ အိမ်ထဲနေလဲ အဲ့လေးဆင့်ကလိမ်း
ကိုလိမ်းရမှာပါပဲ

ဘယ်လိုလူတွေလိမ်းရလဲဆိုတော့
က​လေး သူငယ်​ က​နေပြီး အသက်​ ​ခြောက်​ဆယ်​​ကျော်​ထိ လိမ်းသင့်​ပါတယ်

သူ့အရွယ်နဲ့ သူ ထုတ်ထားတဲ့ sun cream တွေရှိပါတယ် ကို့အသားရေနဲ့ အသက်ရွယ်နဲ့ လိုက်တဲ့ sun cream
ကိုရွေး ချယ်ဖို့ လိုပါတယ်

ကျား မ မရွေး လိမ်းရပါမယ်
မိတ်ကပ်သား မပါဖို့သေချာရွေးပါ
Sun cream မိတ်ကပ်သား ပါရင် ယောကျာ်း လေး
တွေအတွက်ဆို အဆင်မပြေ လောက်ပါဘူး 😁

UVAနဲ့ UVB

UVA -ultra violet radiation (long wave)က​တော့ မျက်နှာကို အိုမင်းခြင်း(Aging)ကို ဖြစ်စေပါတယ်

UVB- ultra violet radiation (short wave)က​တော့ မျက်နှာအရေပြား နီမြန်း(Redness) တွေ ဖြစ်ပေါ်စေပါတယ်
ဒါအပြင် Skin cancer , တင်းတိတ်, skin aging တွေကိုပါ ဖြစ်စေပါတယ်

ဒါဆို ကျွန်မတို့ သုံးနေကြတဲ့ Sun creamတွေက UVAရော UVBရော ကာကွယ်ပေးရဲ့လား ဆိုတာ စဉ်းစားစရာပါပဲနော်...

SPF (Sun Protection factor) 15,30,50++ တွေ အနီးအနား cosmetic ဆိုင်တွေမှာ တွေ့ဖူးကြမှာပါ.

suncream က SPF များလေလေ နေရောင်ခြည်ကို ကာကွယ်ပေးလေလေ ?


SPF 15 > 93%
SPF 30> 97%
SPF 50> 98% ကိုပဲ ကာကွယ်ပေးတာမလို့ SPF 15နဲ့ SPF 50က သိပ်မကွာပါဘူးနော် ၅%ဘဲ ကွာပါတယ်

(Higher SPF does not protect much Sunlight )

Sun cream တစ်မျိုးရဲ့ SPF (Sun protection factor)က Suncream က နေရောင်ခြည်ကို ဘယ်လောက် ကြာကြာ ကာကွယ်နိုင်တာလဲ ဆိုတာ ပြတာပါ

အကယ်၍ သင်ဟာ နေပူထဲ ထွက်လို့ ၁ မိနစ် အတွင်း နေလောင်ပြီဆိုရင်တော့ SPF 15> 15 mins, Spf 30> 30mns , Spf 50>50mins ခံပါတယ်နော်

ပြောချင်တာက SPF များတာက ပိုကာကွယ်တာမဟုတ်ဘဲ အချိန် ကြာကြာ ပို ကာကွယ်​တာကို ပြောတာပါနော်

ဈေးကြီးတဲ့ Suncream တွေက ပို ထိရောက်ပြီး ပို ကာကွယ်ပေးတာလား ??
အဖြေ ~ နိုးပါ (ဈေးကြီးတိုင်း ပို ကာကွယ်ပေးတာ မဟုတ်ပါဘူး)

Higher SPF မြင့်ရင် အသားအရည် ပိုထိခိုက်နိုင်လား ??
အ​ဖြေ ~ နိုးပါ (SPF မြင့်တိုင်း အသားအရည်ကို မထိခိုက်စေပါဘူး အချိန် ပိုကြာကြာ ကာကွယ်ပေးပါတယ်)

foundation /cushion / Base / Tone up cream/ သနပ်ခါးကို လိမ်းထားရင် Sun cream လိမ်းစရာ မလိုဘူးလား ??
အဖြေ ~ နိုးပါ (Foundation မှာ Sun protection ပါပေမယ့် Suncreamမှာ ပါသလောက် မကာကွယ်နိုင်ပါဘူး)

ကဲ ဒါဆို Sunscreen အကြောင်း​လေးလည်း ​သိပြီ​ဆို​တော့
Sunscreen ​လေးသုံးပြီး အ​ရေပြားပြသနာ​တွေ​တွေကို ကာကွယ်​ကြပါစို့ 😍😍


အမြဲမျှ​ဝေလိုသူ😇

05/08/2020

လှပတဲ့မျက်နာလေးဖြစ်စေဖို့🤔Why remove your make up and cleanse your face❓

မိတ်ကပ်ဖျက်ခြင်း နဲ့ မျက်နှာကို 💧‘Cleansing’ လုပ်ပေးခြင်းဟာဆိုရင် မျက်နှာအသားအရေလှပဖို့အတွက် တထောင့်တနေရာကနေ ပါဝင်အားဖြည့်ပေးနေတဲ့ နေ့စဉ် ‘Skin Care Routine’ ထဲက ၁ခု ဖြစ်ပါတယ်…
မိတ်ကပ်ဖျက်ခြင်းဟာ လျင်မြန်စွာအိုမင်းရင့်ရော်ခြင်းနဲ့ အရေပြား ယားယံမှုတွေကို ဖြစ်စေသော မျက်နှာအသားအရေပေါ်မှာရှိတဲ့ မသန့်ရှင်းတဲ့ 💨 ဖုန်မှုန့် အညစ်အကြေးများကို ဖယ်ရှားပေးနိုင်ပါတယ်…

ပြီးရင်သဲတို့ရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ 🌚 ဝက်ခြံတွေ ၊ အနီစက်အင်ပြင်တွေ ၊ ဆားဝက်ခြံနဲ့ အခြားသော အရေပြားပြဿနာတွေကို လျော့ကျစေပါတယ်… ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပြီး ✨အသစ်သစ်သော အရေပြားကို ပြန်လည်ဖြစ်ပေါ်စေပါတယ်..
‘Cleansing’ လုပ်ရင်း မျက်နှာကို💆‍♀️ နှိပ်နယ်ပေးခြင်းအားဖြင့်လည်း အရေပြားလည်ပတ်မှုနှုန်းအားကို လှုံ့ဆော်ပေးနိုင်ပြီး အရေပြား အပေါက်လေးတွေကို ရှင်သန်ခွင့်ပေးပါတယ်…
✔️မိတ်ကပ်လိမ်းထားသည်ဖြစ်စေ ၊ ✖️မလိမ်းထားသည်ဖြစ်စေ မျက်နှာကို ‘Cleansing’ မှန်မှန်လုပ်ပေးဖြင်းဖြင့် လန်းဆန်းပြီး စိုပြေနူးညံ့သော အသားအရေကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်…😊

⏰ဘယ်လိုအချိန်တွေမှာ ပြုလုပ်ပေးရမှာလည်း?
တနေကုန်အပြင်ထွက်ပြီး 🌚 ညနေအိမ်ပြန်လာချိန်နဲ့ 🌞မနက်ပိုင်း အိပ်ရာ နိုးချိန်တွေမှာ မျက်နှာကို ‘Cleansing’ လုပ်ပေးသင့်ပါတယ်…

💯ဘယ်လိုအသုံးပြုပေးရမှာလည်း❓
1️⃣️ လက်ကိုစင်ကြယ်စွာ ဆေးကြောပါ…
2️⃣️ Cotton Pad (ဂွမ်းဖတ်) လေးထဲကို make Up remover (Cleansing Gel သို့မဟုတ် Cleansing Cream သို့မဟုတ် Cleansing Water) ကို ပမာဏအနည်းငယ် ထည့်ပေးပါ..
3️⃣️ Cotton Pad လေးနဲ့ မျက်နှာအနှံ့စက်ဝိုင်းပုံဖြည်းညင်းစွာ ပွတ်ပေးပါ။ ဒီနေရာမှာ လုံးဝ ကြမ်းကြမ်းတမ်းတမ်း ပွတ်မမိပါစေနဲ့နော်…
4️⃣️ မိတ်ကပ်တွေနဲ့ အညစ်အကြေးတွေ ‘Cotton Pad’ ပေါ်ကို ပါလာသည်အထိ ပြုလုပ်ပေးပါ…
5️⃣️ ပြီးရင်တော့ Facial Foam လေးနဲ့ မျက်နှာသန့်စင်ပေးပါ…
6️⃣️ မျက်နှာသန့်ရှင်းသွားပြီဆိုရင်တော့ Toner လေးကို ‘Cotton Pad’ လေးထဲထည့်ပြီး မျက်နှာ ‘Moisturizer’ ပြန်ရဖို့နဲ့ အသားအရေကို ရေဓာတ်ပြန်လည်ပြည့်ဝအောင် ထိန်းသိမ်းပေးပါ…

⛔သတိထားပေးရမှာက ပုံမှန်ကိုယ်တိုက်ဆပ်ပြာများနဲ့ ရေချိုးဆပ်ပြာဆီများကို မျက်နှာအရေပြားပေါ်မှာ လုံးဝမသုံးပေးပါနဲ့နော်… သဲတို့ အသုံးပြုမယ်ဆိုရင် အရေပြားခြောက်သွေ့မှုကိုပိုမိုဖြစ်ပေါ်စေပြီး အရေပြား ကာကွယ်ပေးတဲ့ ဆဲလ်တွေကို ဖျက်ဆီးစေမှာ ဖြစ်ပါတယ်…⛔

👁️For Eyes Make up ❗
သဲလေးတို့ရဲ့ မျက်လုံးဧရိယာကို Cleansing လုပ်မယ်ဆိုရင်တော့ မျက်လုံးဧရိယာအတွက် သီးသန့်ထုတ်လုပ်ပေးထားတဲ့ ‘Eye Make up remover’ လေးတွေကို ရွေးသုံးပေးပါ.. မျက်လုံးအရေပြားဟာ သာမန်နေရာတွေထက် ပါးလွှာပြီး အလွန် Sensitive ဖြစ်တတ်တာမို့ပါ… သဲတို့က မျက်တောင်မွှေးအတွက် ‘Water proof Mascara’ သုံးထားတယ်ဆိုရင်တော့ 💧‘အဆီ’ကို အခြေခံပြီး ထုတ်ထားတဲ့ ‘Oil-based Make Up Remover’ ကို အသုံးပြုပေးသင့်ပါတယ်နော်…

သဲတို့ အားလုံး 😍Cleansing ပုံမှန်လုပ်ပေးရင်း လှပသော အသားအရေလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်
ကိုယ်ဖတ်ပြီးပြီဆိုရင်လည်း တခြားသူငယ်ချင်းလေးတွေ သိအောင်လည်း မျှဝေပေးဖို့ မမေ့နဲ့နော်
✌️‘Sharing is Caring’✌️

အမြဲမျှ​ဝေလိုသူ😇

27/07/2020

တော်​ပြီ မမှာ​တော့ဘူး 😣😂
crd

Want your business to be the top-listed Beauty Salon in Kamayut?
Click here to claim your Sponsored Listing.

Website

Address


Kamayut