Shwe Pyi Soe
26/10/2021
အမုန်းစိတ်ကလေးလျှော့စေချင်------
အတိတ်ဘဝက ရေစက်ပါလို့
ကြုံလာ ဆုံလာကြတာပဲ
ဘာကြောင့် အမုန်းတွေထားနေဦးမှာလဲ
ရေစက်ကုန်ရင်
ခွဲကြကွဲကြရဦးမှာလေ
တခဏတာအချိန်အတွင်းမှာ ဆုံကြပြီး
သံသရာအထိ အငြိုးတွေယူသွားချင်တာလား
သူတစ်ပြန် ကိုယ်တစ်ပြန်မုန်းနေလို့ရော
ဘာတွေအကျိုးရှိမှာလဲ
တစ်ဖက်ကတင်းရင် တစ်ဖက်ကလျှော့
မုန်းမာန်တွေ လျှော့ပါများရင် သူလည်းလျှော့လာလိမ့်မယ်
သက်ရောက်မှုတိုင်းမှာ တန်ပြန်မှုရှိပြီးသားပါ
မကောင်းစိတ်ရှိတဲ့သူတစ်ယောက်ဟာ
မကောင်းတာကိုခံစားရမှာပဲ
အကြောင်းရှိလို့ အကျိုးဖြစ်လာကြတာ
သူ့ကိုမုန်းနေသမျှ ကိုယ်ကရှုံးနေမှာ
သူ့ကိုမြင်ရင် ပူလောင်တယ်
သူ့ကိုတွေ့ရင် အဝေးကကွင်းသွားတယ်
သူ့ကိုမျက်နှာချင်းမဆိုင်ချင်ဘူး ဆိုတာတွေဟာ
တကယ်တော့ သူ့ကို ကိုယ်က အရှုံးပေးလိုက်တာပဲ
သူများတွေလည်း ကိုယ့်အပေါ်မုန်းချင်မုန်းလိမ့်မယ်
သူများပေးတဲ့အမုန်းကိုလည်း ကိုယ်ကမယူနဲ့
သူပေးလို့ ကိုယ်ယူရင် ကိုယ့်ဥစ္စာဖြစ်ပြီ
ကိုယ်မယူသရွေ့ သူ့ဥစ္စာပါပဲ
အမုန်းတွေကို လျှော့ချနိုင်သရွေ့ လျှော့ချပါ
အမုန်းဝေးမှ နှလုံးအေးမယ်
အမုန်းခန်းမှ အပြုံးလန်းမယ်
အမုန်းခွာမှ နှလုံးသာမယ်
ဘဝကြီးက အေးချမ်းလာမယ်.....
#ပိုးကြိုးနွယ်
လူသုံးမျိုး
^^^^^^
ရေသဖန်းသီးမှည့်တို့၏ အပြင်ပန်းသဏ္ဍန်သည် စားချင့်စဖွယ်
နီးမြန်းဝင်းမှည့်နေသော်လည်း အတွင်း၌တွင်မူကား
လောက်လန်းပိုးအတိဖြင့် စက်ဆုပ်ရွံဖွယ်ကောင်းလှ၏
ပန္နဲသီးမှည့်တို့၏ အပြင်ပန်းသဏ္ဍန်သည်ကား ဆူးချွန်အပြည့်နှင့် ကြမ်းတမ်းနေသော်လည်း အတွင်း၌မူကား မွှေးပျံ့ချိုမြသော အရသာတို့ဖြင့်စားချင့်စဖွယ်ကောင်းလှပေ၏
သရက်သီးမှည့်တို့၏ အပြင်ပန်းသဏ္ဍန်သည်ကား လှပသောဝါရွှေရောင်အဆင်းရှိသည့်အပြင် အတွင်း၌လည်း ချိုမြမွှေးကြိုင်သော အရသာတိုနှင့် ပြည့်စုံပေ၏။
လောကလူ့ဘောင်ထဲ၌် လူတို့သည်လည်း ထိုသစ်သီး သုံးမျိုးကဲ့သို့ အဆင်းကောင်းလည်း အချင်းမကောင်း။
အဆင်းမကောင်းလည်း အချင်းကောင်း၏။
အဆင်းလည်းကောင်း အချင်းကောင်းကြပေသည်။
အမြင်အာရုံတစ်ခုတည်းဖြင့် ကောင်းသည် ဆိုးသည် မခွဲခြားလေနှင့်...
အူဝမ်းထဲထိ သေချာကြည့်ပြီးမှ ခွဲခြားနိုင်၏။
25/09/2018
အေးချမ်းသော မေတ္တာ
```````````````````````
မေတ္တာဆိုတာ
တောင်းရမ်းယူလို့မရသလို
ငွေကြေးဓနနဲ့လည်း
လဲလှယ်လို့မရပြန်ဘူး.....
မေတ္တာကို မေတ္တာနဲ့သာ
ပေးဆပ်နိုင်ပါမှ
မေတ္တာကို ပိုင်ဆိုင်ကြတော့မပေါ့
ချစ်သဒ္ဓါကြွယ်တိုင်း
မေတ္တာမဖြစ်နိုင်ပေမယ့်
မေတ္တာတွေတိုင်းမှာတော့
ချစ်သဒ္ဓါကြွယ်ကြပါတယ်ကွယ်....
မေတ္တာရဲ့ ရလဒ်က
နစ်နာစရာမရှိသလို
တစ်သက်တာမှာ
ပျော်စရာကောင်းလိမ့်မယ်လေ...
ချစ်တဲ့အကြောင်းတွေ
အကြိမ်ကြိမ်ပြောနေမယ့်အစား
မေတ္တာတွေကို
အရင်ပေးကြည့်လိုက်စမ်းပါ
အချစ်ဆိုတာအလိုလို
ချဉ်းကပ်လာပါလိမ့်မယ်...
မေတ္တာရဲ့တန်ခိုးက
ပူလောင်ခြင်းတွေကင်းပြီး
ရင်ကို အေးမြစေတယ်လေ....
ထာဝရအမုန်းတွေပြေစေဖို့
မေတ္တာနှလုံး သီကာကုံးပြီး
နွေးထွေးသောကမ်းလက်တစ်စုံနဲ့
လှမ်းဆက်လို့ပေးလိုက်ပါလားကွယ်.....
#မေတ္တာနှလုံးအစဉ်သုံးရွှင်ပြုံးကြပါစေ
မင်းနိုင်
Click here to claim your Sponsored Listing.
Website
Address
Kale