Siblings MH

Siblings MH

Share

02/06/2026

သရုပ်ဆောင် မင်းသမီးမဟုတ်ဘူးနော်
တော်လှန်ရေး မင်းသမီးလေး အားပေးစကားလေး ပြောခဲ့ပါအုန်း😍❤️❣️👇ူ့ရတနာနတ်သမီးလေးတွေပါ❤❤
အားပေစကားလေး တစ်ခွန်းလောက် ်တော့မှ အရှုံးမပေးဘူး တဲ့💪❤ ရင်ထဲက နေလှိုက်လှဲ စွာဂုဏ်ယူရပါတယ်

02/06/2026

တပ်မ-၇၇ ရှေ့တန်းခြေမြန်ဌာနချုပ် တပ်မမှူး အောင်သက်ဦး စခန်း အထိုင်ချထားသော အင်းတော်မြို့ကို အပြီးအပြတ် သိမ်းပိုက်ပြီးနောက်...
နယ်မြခံ တပ်ရင်းဖြစ်သော ကသာခရိုင် အမှတ်(၂)တပ်ရင်း *K2* မှ ရဲဘော်များနှင့် ရန်သူ့ဘက်မှ သိမ်းဆည်းရမိသော ၁၂၂မမ (ဟောင်ဝစ်ဇာ) လက်နက်ကြီးဖြင့် ပျော်ရွှင်မှု မြင်ကွင်း💪❤️💪

02/06/2026

ဦးဇော်ရဲ့ မယု
အဖေက အမေ့ကို မယုလို့ ခေါသလို အမေကတော့ ဦးဇော်လို့ ခေါကြတာပါ
အမေနဲ့ အဖေက 1980 မှာ လက်ထပ်ခဲ့ကြပြီး အဖေက 1990 ကြတော့ ရန်ကုန် အင်စိန်ထောင်မှာ အဖေက ထောင်ကြနေပြီ
အိမ်ထောင်သက်ထက် ထောင်သက်တောင် ပိုများနေပါသေးတယ်
အမေက အဖေကို အင်းစိန်ထောင်ကို 1 လ တခါ ဘဘချစ် (အဖေ့ အဖေ) နောက်ပြီး အန်တီဝါ ( အဖေ့ ညီမ)တို့နဲ့ တလှည့်စီထောင်ဝင်စာသွားပို့ပါတယ်။ အမေ့က ရန်ကုန်မှာ အမေ့ အမ အန်တီဖြူ တို့ အိမ် ကနေ တဆင့် ထောင်ဝင်စာ အမြဲသွားပို့ပါတယ်။ကျွန်မတို့မောင်နှမ ၃ ယောက်ကတော့ ၁ နှစ် ၂ ခါ။ ကျောင်းပိတ်ရက်တွေ မှာ လိုက်ကြရပါတယ်။ ကျန်ခဲ့တဲ့ ကျွန်မတို့ မောင်နှမ တွေကို တောင်မြို့က အဖိုး အဖွား ဉီးလေး ၊ အန်တီတို့က စောင့်ရှောက်ကြတာပါ။ ၃ ယောက်လုံး မလိုက်ဖြစ်တဲ့ အခေါက်တွေဆို ကျွန်မ ဝမ်းကွဲ အမတွေ ဖြစ်တဲ့ အမေ့ကို မမဖြူသက်ထား နဲ့ အန်တီဝါကို မချိုတို့က အဖော်လုပ်ရင်း သွားတွေ့ပေးကြတာပါ။ အင်းစိန်ထောင်မှာ အဖေ့လွတ်မယ်လို့ ကောလဟာလကြားတော့ အမေက ရန်ကုန် အရင်သွားနှင့် ပြီး ကျွန်မတို့ မောင်နှမ ၃ယောက်ကို အန်တီသီတာကို ရန်ကုန်ကို လိုက်ပို့ပြီး သွားစောင့်ကြပါတယ်။
မြစ်ကြီးထောင် ရောက်တော့ အမေ နဲ့ ဘဘချစ် တလှည့်စီ သွားတွေ့ကြပါတယ်။
ကျွန်မ ပါတဲ့ အခေါက်တွေဆို မှတ်မိတာတော့ သားမိ ၂ ယောက် အသွားအပြန် ဆိုက်က္ကားနဲ့ အဖေ့ အတွက် ပစ္စည်းတွေ တင် ပြီး အဖေ့နဲ့ ၁၅ မိနစ် လောက်တွေ့ဖို့ စောင့်ကြရပါတယ်။ မြစ်ကြီးနား ကရထားနဲ့ သွားရတော့ အတော်ကြာတဲ့ ခရီးပါ။ မြစ်ကြီးနားမှာတုန်းက အန်တီနွဲ့ တို့ မိသားစု ၊ မမထွေးထွေးတို့ မိသားစုတွေကလဲ အမေလာရင် ကူညီကြပါတယ်။ အမေက နှစ်၂၀ နီးပါး ထောင်ဝင်စာ အဖေ့ အတွက် သွားတွေ့ခဲ့ရတာပါ။
လွတ်လာပြီး အဖေ့ multiple myeloma သွေးကင်ဆာ ရောဂါ ဖြစ်တော့လဲ ကျွန်မတို့ မောင်နှမ လိုက်မစောင့်ရှောက်နိုင်တဲ့ အခါ အမေက ပင်တိုင်ပါပဲ။ BM transplant လုပ်တော့ အဖေ့ကို မနက် ဟင်းချက်ပြီးတာနဲ့ ည ၇ နာရီလောက်ထိ စောင့်ပေးရတာပါ။ ညီး အမေရှိလို့ငါ treatment ခံနိုင်ရေရှိတာ လို့ ပြောနေကြပါ
အဖေက သူ့ အမေလိုချစ်ရတဲ့ ၂ ယောက်ရှိတယ် လို့ အမြဲ ပြောပါတယ်၊
အဖေ့က အမေမြင့် ( အဖေ့ အမေ) ကို အရမ်းချစ်တာပါ မေမြင့်က ကျွန်မ မမွေးခင် ဆုံးတော့ မမြင်ဖူးလိုက်ပါဘူး၊ မေ မြင့်က သိပ်တော်တဲ့ အကြောင်း သူ့ကို မောင်ဇော်က Maths တော်ကြောင်း ကြွားတတ်ပါတယ်တဲ့။ နောက်တစ်ယောက်ကတော့ အမေပါ.. နှစ်၂၀ နီးပါးထောင်ဝင်စာလာပြီး တွေ့ပေး၊ သားသမီးတွေကိုစောင့်ရှောက်ပေးလို့ပါတဲ့။
နောက်ထပ် အဖေ့က သူ့မောင်နှမတွေလဲ ချစ်ပါတယ် ကြီးကြီးအေးကိုတော့ အမကြီး အမိရာ ဆိုတော့ ပိုအားကိုး ပိုချစ်ပုံ ရပါတယ်။
၂၀၂၁ နောက်ပိုင်း ကျွန်မတို့ မိသားစု နဲ့ အမေ တို့ တလ နီးပါး အိမ်ထဲက အိမ်ပြင်မထွက်ခဲ့ရ အစောင့်တွေနဲ့ နေခဲ့ရပြီး နောက်ပိုင်း အမရပူရမြို့ ပြန်ရောက်ပြီး နောက်ပိုင်း အမေက အဖေ့ ရုံးချိန်း ရက်တိုင်း တစ်ပါတ် ၃-၄ ရက် နီးပါး အိုးဘိုထောင်ရှေ့မှာ မနက် ၉ နာရီ ကနေ ညနေ ၄-၅ နာရီထိ စောင့်နေကြပါ။ ရုံးချိန်းမှာ သက်သေ မထွက်ဆိုရလဲ နေ့တိုင်း အဖေ့ အတွက် မုန့် ၊ ရှေ့နေတွေ အထဲက မိတ်ဆွေတွေ စားဖို့ မုန့် အပြည့်အစုံ နဲ့ စောင့်ပါတယ်။ အိုးဘို နဲ့ မစိမ်းတဲ့ သူတွေဆို သိကြမှာပါ ရုံထုတ်တဲ့ နေရာ နဲ့ အပြငိကနေ လှမ်းမြင်ရတဲ့ နေရာကြားမှာ ချောင်းလေး ခြားပါတယ်။ နောက်ပိုင်း အစိမ်းရောင် နေကာကြီး ခြားလိုက်တော့ ခုံ အမြင့်ပေါ တက်ပြီး မျက်လုံး မကောင်းတဲ့ အဖေကို လက်လှမ်းပြနေကြပါ။
ဘေးနားက ရှေ့နေတွေက အဲ့တာ အန်တီယုလေ လို့ ပြရတာပါ။ ဦးဇော်ရေ နေကောင်းအောင် နေနော်… အားတင်းထား စသဖြင့် အော်ပြောရတာပါ။ အမေက ရုံးချိန်းတွေ ပြီးလို့ ရှေ့နေတွေထွက်လာ အဖေ့ မှာတာတွေ စောင့်ပြီးမှ ပြန်နေကြပါ။ တခါမှ မပျက်မကွက် ၂ နှစ်နီးပါး စောင့်ပါတယ် အမေ့စောင့်တဲ့ အခါ အဖော်လာစောင့်ပေးကြတဲ့ မိတ်ဆွေတွေ ရှေ့နေတွေလဲ အများကြီးပါ ကျေးဇူးလဲတင်ပါတယ်။လူ တချို့ရဲ့ပြောင်းလဲစွာ ဆက်ဆံခံရတာတွေလဲ ရှိပါတယ်။ ဒါက လောကဓံပါ ခံနိုင်ရည် ရှိပေမဲ့ အံ့ဩမိတာတွေတော့ အမှန်ပါ။
အဖေ့က COVID တုန်းကလဲ ဆေးရုံတက်ရပါသေးတယ် ။ အဲ့တုန်းက သားဖ နှစ်ယောက် (အဖေ နဲ့ ဘဘချစ်) MGH မှာ ဆေးရုံတက်ရုံတာချင်းတူပေမဲ့ တွေ့ခွသ့်မရခဲ့ပါဘူး။ ကျွန်မတို့မိသားစု လဲ COVID ဖြစ်တော့ ကျွဲဆည်ကန်မှာ နေပြီး အန်တီလင်းနဲ့ အန်တီ အားလုံး စောင့်ရှောင့်မှုကြောင့် ကျွန်မတို့ မိသားစု နေကောင်းလာကြပါတယ် ။ အဖေ့လဲ နေကောင်းလာပေမဲ့ ဘဘချစ်ကတော့ COVID နောက်ဆက်တွဲ ကြောင့်သေဆုံးသွားရပါတယ်။ အဖေ့က သူ့အဖေ နာရေးကို နောက်ဆုံး ကန်တော့ခွင့်တော့ မရခဲ့ပါဘူး။
အဖေ .. အမေ့ကို ပြောနေကြရှိပါတယ်
မင်း ငါနဲ့ တဲ့အောင်နေ မင်းအိုလာရင် ငါနဲ့ပဲ နေရမှာလို့ ပြောနေကြပါ။ အခုတော့ ရှင်ကွဲတွင်မက သေကွဲပါ ကွဲသွားကြပြီ..
အဖေ့ အတွက် အဖေ့ကြိုက်တဲ့ ဆီထမင်းနဲ့ ဘယာကြော်ကို အဖေ့ အတွက် မှန်းပြီးဘုရားမှာ ကပ်ပြီး အမေ့လဲ ကျွေးတော့ အဖေ ့ ထိုးကျွေးဖူးတာလောက် မကောင်းဘူးတဲ့ အဖေ…🥀💔

Want your business to be the top-listed Media Company in Kale?
Click here to claim your Sponsored Listing.

Category

Website

Address


Kale