MUDRA
မြန်မာ့ ပထမဆုံး ပုဂံသဲပန်းချီနှင့် ချည်ပန်းထိုးလက်မှုနှစ်ခုကို ပေါင်းစပ်ဖန်တီးထားသော အိတ်လေး အရေအတွက် ၁၀ လုံးအောက်ပဲ ရှိပါတော့တယ်။ ယခု 7 နှစ်ပြည့် နှစ်ပတ်လည် ကာလမှာ ဝယ်ယူအားပေးသူတိုင်းကို 15 % discount လေးကို ရရှိနိုင်မဲ့ အခွင့်အရေးပါရှင့် ။ ဝယ်ယးအားပေးသူ တစ်ဦးတစ်ယောက်ချင်းကို ကျေးဇူး အထူးတင်လျက်ပါရှင့်။
24/02/2026
🌸MUDRA ရဲ့ မြန့်မာ့အနုပညာ သဲပန်းချီလက်ရာတွေကို ကမ္ဘာတစ်ဖက်ခြမ်းကအနုပညာမြတ်နိုးသူတွေဆီ လက်ဆင့်ကမ်းခွင့်ရနေပြီဆိုတာ သိပြီးကြပြီလား ?
အခုဆိုရင် MUDRA ရဲ့ ပုဂံခတ် အနုပညာကိုအခြေခံထားတဲ့ မြန်မာရိုးရာ သဲပန်းချီလက်ရာပစ္စည်းလေးတွေဟာ Europe ကမှာယူထားတဲ့ ချစ် Customer တွေဆီကို ခရီးစတင်နှင်တော့မှာ ဖြစ်ပါတယ် 🌍✈️
မြန်မာ့လက်မှုပညာကို တန်ဖိုးထားမြတ်နိုးပြီး အားပေးကြတဲ့အတွက် MUDRA မှ တကယ့်ကို ဂုဏ်ယူပီတိဖြစ်ရပါတယ်ရှင်။
MUDRA ရဲ့ သဲပန်းချီလက်ရာတွေဟာဆိုရင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တွေကို လက်မှုအတတ်ပညာမှတစ်ဆင့် ခေတ်မီလှပသေသပ်မှုနဲ့ ပေါင်းစပ်ထားတဲ့ အနုပညာလက်ရာတွေပဲ ဖြစ်ပါတယ်🎨
ရှေးမြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာတွေ လက်ဆင့်ကမ်း ထိန်းသိမ်းပြီး လှပသေသပ်စွာထုတ်လုပ်ထားတာကြောင့် MUDRA ရဲ့ သဲပန်းချီအိတ်လေးတွေက အသက်အရွယ်မရွေးအတွက် တင့်တယ်စွာ လိုက်ဖက်နေစေမှာပါ✨
ဒါ့အပြင် စစ်မှန်တဲ့ အနုပညာလက်ရာတွေနဲ့ဖန်တီးထားတဲ့ MUDRA ရဲ့ Handmade ပစ္စည်းတိုင်းအတွက် Warranty Card လည်းပါဝင်တာမလို့ ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူအားပေးနိုင်မှာပါရှင်🤗
ဒါဆို MUDRA ရဲ့မြန်မာ့လက်မှုပစ္စည်းစစ်စစ်တွေကို ကိုယ်တိုင်ပဲသုံးမလား ဒါမှမဟုတ် ချစ်ရသူတွေအတွက်ပဲ အမှတ်တရလက်ဆောင် ပေးမလား ... မျက်နှာပန်းလှစေမှာဝောာ့ အသေချာပါပဲနော်💝
~~~~~~~~~~~
®️𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫𝐞𝐝 𝐓𝐫𝐚𝐝𝐞𝐦𝐚𝐫𝐤.
©️𝐂𝐨𝐩𝐲𝐫𝐢𝐠𝐡𝐭 𝐃𝐞𝐬𝐢𝐠𝐧, 𝐒𝐢𝐧𝐜𝐞 2️⃣️⃣0️⃣1️⃣9️⃣
*𝐂𝐨𝐧𝐜𝐞𝐩𝐭 𝐎𝐟 𝐇𝐞𝐫𝐢𝐭𝐚𝐠𝐞 𝐄𝐫𝐚 𝐀𝐫𝐭.*
တကယ်တော့ MUDRA ဆိုတာ ပုဂံခေတ်ယဉ်ကျေးမှုအနုပညာကို ခေတ်ရေစီးကြောင်းထဲမှာ ပျောက်ကွယ်မသွားစေဘဲ သားစဉ်မြေးဆက် လက်ဆင့်ကမ်းနိုင်စေဖို့ မြန်မာ့ရိုးရာသဲပန်းချီလက်ရာအိတ်တွေအနေနဲ့ စတင်ဖန်တီးခဲ့တာပါ။ အနုပညာကို မြတ်နိုးတတ်တဲ့စိတ်ဟာ ကူးစက်တတ်တယ်ထင်ပါရဲ့ ... MUDRA ကို တည်ထောင်ခဲ့တဲ့ မိဘတွေက အနုပညာပေါ် တန်ဖိုးထားစိတ်နဲ့ မြန်မာ့ယဥ်ကျေးမှု အနုပညာအမွေအနှစ်ကို ထိန်းသိမ်းချင်သူတွေပါ။ ဒီမိဘတွေကို ကြည့်ရင်း ကြီးပြင်းလာတဲ့ မုဒြာရဲ့ မျိုးဆက်သစ်သမီးငယ်လေး 'ပန်းမြတ်မုဒြာ' ဆီမှာလည်း အနုပညာသွေးတွေ စိမ့်ဝင်နေတာကို မြင်တွေ့ရတာဟာ MUDRA အတွက် အကြီးမားဆုံး အားအင်တစ်ခုပါပဲ💝 ပန်းမြတ်မုဒြာလေးက ငယ်ငယ်ကတည်းက ပန်းချီဆွဲရတာကို ဝါသနာထုံတာမို့ အိမ်မှာပါ ပန်းချီပညာကို ဆရာတစ်ယောက်နဲ့ သင်ပေးခဲ့ပါတယ်။ အခုလည်း အပြင်ထွက်ပြီး ရှုမျှော်ခင်းတွေကို ပန်းချီဆွဲချင်တယ်ဆိုလို့ တောင်တန်းတွေကို ချစ်တတ်သူသမီးလေးအတွက် တောင်တန်းတွေဆီ လိုက်ပို့ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့သမီးလေးက စိတ်ပါလက်ပါ ရှုခင်းပန်းချီရေးဆွဲနေတာကို မြင်ရတဲ့အခါ မိဘတွေအနေနဲ့ မြတ်နိုးနှစ်သက်စွာ အမှတ်တရ မှတ်တမ်းတင်ရင်း ဒီ Page လေးမှာ သိမ်းဆည်းထားလိုက်ပါရစေရှင်။ 🪷MUDRA ရဲ့ သဲပန်းချီလက်ရာအိတ်တွေဟာ ပုဂံခေတ်ရဲ့ အလှတရားကို လက်ဖျားကနေတစ်ဆင့် နှလုံးသားထဲအထိ ယူဆောင်လာပေးတဲ့ အနုပညာပေါင်းကူးတံတားတစ်ခုဆိုလည်း မှားမယ်မထင်ပါဘူးရှင့်။ ကျွန်မတို့နဲ့ သမီးလေးရဲ့ အနုပညာပေါ်ချစ်တတ်တဲ့ နှလုံးသားချင်း တသားတည်းတူညီခဲ့သလို မြန်မာ့ရိုးရာကို ချစ်မြတ်နိုးပြီး တန်ဖိုးထားတဲ့ နှလုံးသားချင်း ထပ်တူကျသူများကိုလည်း MUDRA က အမြဲကြိုဆိုနေပါတယ်နော်။ 🪷 "လှပဝင့်ဝါ ဂုဏ်ယူစရာ စစ်မှန်တဲ့ မြန်မာ့လက်မှု အနုလက်ရာမှာ မုဒြာ" 🪷 ~~~~~~~~~~~ ®️𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫𝐞𝐝 𝐓𝐫𝐚𝐝𝐞𝐦𝐚𝐫𝐤. ©️𝐂𝐨𝐩𝐲𝐫𝐢𝐠𝐡𝐭 𝐃𝐞𝐬𝐢𝐠𝐧, 𝐒𝐢𝐧𝐜𝐞 2️⃣️⃣️⃣️⃣️⃣0️⃣1️⃣9️⃣ *𝐂𝐨𝐧𝐜𝐞𝐩𝐭 𝐎𝐟 𝐇𝐞𝐫𝐢𝐭𝐚𝐠𝐞 𝐄𝐫𝐚 𝐀𝐫𝐭.*
16/02/2026
ပုဂံသဲပန်းချီအိတ်များ + product များ ယခု Design များ out of Stock ပါရှင့်။
MUDRA မှ ထုတ်လုပ်သော သဲပန်းချီအိတ်များ/ သဲပန်းချီ Product များသည် Limited Series ဖြစ်သောကြောင့် ယခု Design များကို ထပ်ထုတ်တော့မည် မဟုတ်ပါရှင့်။
ဝယ်ယူအားပေးသူ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။
MUDRA မှ Products များအားလုံးကို 2019 တွင် မြန်မာပြည် နှင့် 2024 တွင် ထိုင်းနိုင်ငံတွင် မူပိုင်ခွင့်ယူထားပြီးသားဖြစ်ပါသည်။
Authentic Products of BAGAN
Myanma’ Handmade
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
NO. 344, GROUND FLOOR(LEFT. ), KA. GYI/6 Street, MYOTHIT (KA+KHA) QUARTER, INSEIN TOWNSHIP
Insein
11011
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 13:00 |