Back to Nature Myanmar
🌿 Back to Nature Myanmar
Exploring Myanmar’s wild beauty 🌄 | Eco-friendly adventures 🌱 I Nature ConservationI Sustainable lifestyle | Supporting local communities 🤝 | Join us to protect & cherish nature 🌏
29/06/2026
🌊 "ရေတံခွန်တွေဆိုတာ သဘာဝရဲ့ရတနာတွေပါ"
မြို့ပြရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ ဆူညံသံတွေကြားမှာ စိတ်မွန်းကြပ်ပြီး လူက ပင်ပန်းနွမ်းနယ်နေပြီလား❔
ဖိအားတွေများလာတဲ့ အခါ မြို့ပြနဲ့ဝေးရာ ရေတံခွန်တွေစမ်းချောင်းလေးတွေ နဲ့ တောအုပ်စိမ်းလေးတွေကြား စိတ်အပန်းဖြေဖို့ တွေးကြည့်ဖူးလား ။
မြို့ပြနဲ့ဝေးရာ တောလမ်းစိမ်းစိမ်းတွေအတိုင်း ခြေကျင်လျှောက်လာရင်း... စိမ်းမြတဲ့ ရေကန်ကျယ်ထဲကို အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ ရေတံခွန်ကြီးကို မြင်လိုက်ရ၊ ရေကျသံကို ကြားလိုက်ရရုံနဲ့ မောပန်းသမျှတွေ ချက်ချင်းပျောက်ပြီး စိတ်အေးချမ်းလန်းဆန်းသွားတတ်ကြပါတယ်။ ဒါဟာ စိတ်အထင်တင်မကဘဲ နောက်ကွယ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ သိပ္ပံနည်းကျ အကြောင်းရင်းတွေ ရှိနေလို့ပါပဲ။
"ရေတံခွန်တွေဆိုတာ သဘာဝတရားကပေးတဲ့ ဆေးထိုးအပ်မလိုတဲ့ ကုထုံးတစ်ခုပါပဲ။"
သဘာဝတရားကြီးက ရေတံခွန်တွေကတစ်ဆင့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို ဘယ်လိုမျိုး အားဖြည့် (Recharge) ပေးနေလဲဆိုတာ ကြည့်လိုက်ရအောင်။
🍃 ၁။ Fresh Air (အဆုတ်ကို အားပြည့်စေတဲ့ လေကောင်းလေသန့်)
ရေတံခွန်တွေရဲ့ ဘေးပတ်ဝန်းကျင်ဟာ မြို့ပြထက် လေထုအဆပေါင်းများစွာ ပိုမိုသန့်စင်ပါတယ်။ လေထုထဲမှာရှိတဲ့ ဖုန်မှုန့်တွေ၊ ပိုးမွှားတွေကို သဘာဝအတိုင်း ဖယ်ရှားပေးထားတာမို့ ရှူလိုက်တဲ့ လေပြေတိုင်းက အဆုတ်ကို သန့်စင်စေပြီး မောပန်းမှုတွေကို ပြေပျောက်စေပါတယ်။
💧 ၂။ Negative Ions (အနုတ်လျှပ်စစ်ဓာတ်ဆောင်တဲ့ အမှုန်များ)
ရေတံခွန်ကနေ ရေစက်ရေမှုန်တွေ အရှိန်နဲ့ လွင့်စင်ကျလာတဲ့အခါ လေထုထဲမှာ Negative Ions တွေ သန်းပေါင်းများစွာ ထွက်ပေါ်လာပါတယ်။ ရေတံခွန်အနီးအနားဟာ ကမ္ဘာပေါ်မှာ ဒီအမှုန်အများဆုံး ရှိတဲ့နေရာတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။
✨ ၃။ Serotonin Boost (ပျော်ရွှင်ခြင်းရဲ့ ဟော်မှုန်း)
အဲဒီ Negative Ions တွေကို ကျွန်တော်တို့ အသက်ရှူသွင်းလိုက်တဲ့အခါ ဦးနှောက်ထဲက ခံစားချက်ကို ကောင်းစေတဲ့ Serotonin ဓာတ်ကို ပိုမိုထွက်ရှိအောင် လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့်ပဲ စိတ်ဖိစီးမှု (Stress) တွေ ချက်ချင်းလျော့ကျပြီး ရင်ထဲမှာ အလိုလိုနေရင်း ငြိမ်းချမ်းအေးမြမှုကို ခံစားရတာဖြစ်ပါတယ်။
🏕️ Hiking Adventure Takeaway:
နောက်တစ်ခါ သဘာဝတောတောင်တွေဆီ Hiking သွားတဲ့အခါ ရေကူးဖို့တင်မကဘဲ ရေတံခွန်အနီးအနားမှာ ခဏလောက် ငြိမ်ငြိမ်လေးထိုင်၊ မျက်စိမှိတ်ပြီး လေကို ဝဝရှူသွင်းလိုက်ပါ။ ကမ္ဘာမြေကပေးတဲ့ သဘာဝ Healing Energy ကို အပြည့်အဝ ခံယူလိုက်ပါ။ 💚
လာမဲ့ July လ 12ရက်နေ့ မှာ ရေတံခွန်တွေဆီကိုအလည်သွားချင်တယ်ဆိုရင်တော့ BTN ရဲ့ ကျောက်စက်ရေ ရေတံခွန် ခရီးစဉ်လေးကို အခုပဲ လာရောက်စာရင်းသွင်းလိုက်ကြရအောင် ။
Date: 12.7.2026
Price: 140,000 MMK (With transportation)
28/06/2026
သစ်ပင်တစ်ပင်ချင်းစီတိုင်း လှပစွာရှင်သန် ကြီးထွားလာဖို့ ကျွန်တော်တို့အကောင်းဆုံးကြိုးစားသလို ကျွန်တော်တို့ နဲ့အတူ ပူးပေါင်းပါဝင်ကြတဲ့ donors အယောက်စီတိုင်းဟာလဲ မြေကမ္ဘာကြီးအတွက် အကောင်းဆုံးလက်ဆောင်လေးတွေကို ပေးအပ်နေကြသူများဖြစ်ကြပါတယ်၊ တစ်ဦးတစ်ယောက်ချင်းစီဖြစ်စေ အဖွဲ့အစည်းလိုက်ဖြစ်စေ ကျွန်တော်တို့ 'Give' Back To Nature Campaign မှာပူးပေါင်းပါဝင်လှူဒါန်းကြသူတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
No. 278, Dhammayun Street, Yangon
Insein
11011