Little Baby Store
ကလေးငယ်များအတွက် အ၀တ်အထည် အမျိုးမျိုး ၊ ဦးထုပ်၊ ဖိနပ်အမျိုးအမျိုး၊ ကစားစရာ အမျိုးမျိုး ၊ စက်ဘီး၊ ဘက်ထရီကား/ဆိုင်ကယ်၊ စကိတ် စသဖြင့် ကလေးသူငယ်များ၏ အသုံးအဆောင်ပစ္စည်းများကို အလျင်သင့်သလို Customer များ ၏ လိုလားချက် ၊ ကလေးတို့၏ လိုအပ်ချက် များအပေါ်မူတည်ပြီး မိဘများ သင်တင့်သော ဈေးနှုန်းများဖြင့် ရောင်းချပေးနေပါသည်။
09/11/2017
အစာ မတည့်ခြင်းအကြောင်း သိကောင်းစရာ.............................................................
Food allegy လို့ခေါ်တဲ့ အစာ မတည့်ခြင်းဟာ ကမ္ဘာမှာ အဖြစ်များလာနေပါတယ်။ အချို့နိုင်ငံတွေမှာ တစ်နှစ်အောက်ကလေး ဆယ်ယောက်မှာ တစ်ယောက်က food allergy ရှိနေပါတယ်။ အချို့ food allergy တွေက သိပ်မပြင်းထန်ပေမယ့် အချို့ကတော့ အသက်အန္တရာယ်ပါ ပေးတဲ့အထိ ပြင်းထန်ပါတယ်။ မြန်မာပြည်မှာလည်း food allergy တွေ နောင်မှာ များလာနိုင်လို့ ကြိုတင် ပြင်ဆင်နိုင်အောင် မိဘပြည်သူများ ဗဟုသုတ ရှိထားသင့်တယ်လို့ ယူဆပါတယ်။
အဖြစ်များတဲ့ food allergy တွေကတော့ ဥ၊ နွားနို့၊ မြေပဲ၊ အခွံမာစေ့မျိုးစုံ၊ ပင်လယ်စာ၊ နှမ်း၊ ပဲပုပ်ပဲ၊ ငါး၊ ဂျုံ တို့ပဲ ဖြစ်ပါတယ်။ Food allergy တော်တော်များများက ကလေးကြီးလာတဲ့အခါ ပျောက်သွားတတ်ပေမယ့် (out grow) အချို့ကတော့ (ဥပမာ မြေပဲ၊ အခွံမာစေ့၊ အခွံမာ ပင်လယ်စာ) ကြီးတဲ့အထိ မပျောက်ဘဲ တစ်သက်လုံး ရှိနေတတ်ပါတယ်။
(၁) အစာ မတည့်ခြင်း ဆိုတာဘာလဲ။
ခန္ဓာကိုယ်မှာ ရှိတဲ့ ကိုယ်ခံအားစနစ်ကြီးက မတည့်တဲ့အရာတွေ (allergen) ဝင်လာရင် တိုက်ဖို့ ပဋိပစ္စည်း (antibody - Ig E) တွေထုတ်ထားပါတယ်။ နောက်ဝင်လာလို့ တိုက်တဲ့ အခါ မတည့်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာပါတယ် (allergic reaction)။ အဆိုးရွားဆုံး နဲ့ အပြင်းထန်ဆုံးကတော့ anaphylaxis လို့ခေါ်တဲ့ တုံ့ပြန်တိုက်ခိုက်မှုပါ။ ပြင်းထန်လွန်းလို့ ကိုယ့်အသက်ကိုပါ အန္တရာယ်ပေးနိုင်ပါတယ်။ Allergy ကိုနားလည်ရ တော်တော်ခက်နေပါသေးတယ်။ ဘယ်သူက ဘယ်အရာကို မတည့်မလဲ မပြောနိုင်သလို ပဋိပစ္စည်းတွေ ရှိတိုင်းလည်း allergic reaction တွေမဖြစ်ပါဘူး။ ဘယ်အချိန်မှာ ပျောက်သွားမယ်ဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။
(၂) Food allergy or food intolerance
Food intolerance ကို အစာ လက်မခံနိုင်ခြင်း လို့ပဲ တိုက်ရိုက် အဓိပ္ပာယ်ပြန်ရပါမယ်။ Food allergy နဲ့ တူမယောင်နဲ့ ကွဲပါတယ်။ အသိများတဲ့ food intolerance ကတော့ lactose intolerance ပါ။ နို့မှာပါတဲ့ lactose ဆိုတဲ့ ကစီဓာတ်ကို အူကထုတ်တဲ့ lactase ဆိုတဲ့ အင်ဇိုင်း (enzyme) ကခြေဖျက်ရပါတယ်။ ဒီ အင်ဇိုင်းချို့တဲ့ရင် lactose က အူထဲမှာ အချဉ်ပေါက်ပြီး လေကန်စေမယ်၊ ဗိုက်နာ၊ ဝမ်းလျှော ဖြစ်စေမယ်။ ဒါတွေက ကိုယ်ခံအားစနစ်နဲ့ ဘာမှ မဆိုင်လို့ allergy လို့ ခေါ်လို့မရပါဘူး။ မွေးရာပါ lactose intolerance ကတော့ မရှိသလောက်ရှားပါတယ်။ ဖြစ်ခဲ့ရင် lactose free formula နို့မှုန့် တိုက်ရပါတယ်။ ၆ နှစ်ကျော်လောက်မှ စဖြစ်လေ့ရှိတဲ့ lactose intolerance ကပိုပေါပါတယ်။ နို့ထွက်စာတွေ သိပ်ကျွေးလို့မရပါဘူး။ အထက်လန်အောက်လျှော ဝမ်းပျက် ဝမ်းကိုက်ဖြစ်ပြီးရင်လည်း အူနံရံတွေ ပျက်စီးသွားလို့ အင်ဇိုင်းတွေကို ခဏတာ မထုတ်နိုင်လို့ lactose intolerance ၂ ပတ် ၃ ပတ် ခန့်လည်း ယာယီ ဖြစ်တတ်ပါတယ်။
(၃) အစာ မတည့်ခြင်း၏ လက္ခဏာတွေက ဘာတွေလဲ။
မတည့်တဲ့အစာစားပြီး ၁၅ မိနစ်မှ တစ်နာရီအတွင်း အောက်ပါ လက္ခဏာတွေ ပြပါတယ်။
အနည်းငယ် (သို့) အတော်အတင့် အဆင့် food allergy ဆိုရင်
- မျက်နှာ၊ မျက်ခွံ၊ နှုတ်ခမ်း ရောင်ရမ်းခြင်း (လျှာပါရောင်ရင် အလွန် ပြင်းထန်ပါပြီ)
- အင်ပျဉ်၊ အပိမ့် ထွက်ခြင်း
- ဗိုက်နာခြင်း
- အန်ခြင်း
အလွန် ပြင်းထန်တဲ့ anaphylaxis ဆိုတဲ့ food allergy ဆိုရင် အထက်ပါလက္ခဏာများအပြင်
- လျှာ၊ လည်ချောင်းများပါ ရောင်ရမ်းခြင်း
- အသံအိုးရောင်လို့ အသံအောသွားခြင်း
- အသက်ရှူလမ်းကြောင်းပိတ်လို့ အသက်ရှူကျပ်ခြင်း
- ပန်းနာ ရင်ကျပ်လို တရွှီရွှီ ကျပ်ခြင်း (wheeze) နှင့်အဆက်မပြတ် ချောင်းဆိုးခြင်း
- သွေးပေါင်ကျ၍ မူးဝေပြီး သတိပါလစ်သွားခြင်း (anaphylactic shock)
- ကလေးငယ်တွေမှာ ဖြူဖတ် ပျော့ခွေခြင်း
Anaphylaxis ကို အချိန်မှီမကုသရင် အသက်ဆုံးရှုံးရတဲ့ အထိ ဖြစ်နိုင်ပါတယ်။ မြေပဲ မတည့်ခြင်းက အတော်ဆိုးတတ်ပါတယ်။
(၄) Food allergy ရှိမရှိ ဘယ်လိုသိနိုင်မလဲ။
စားမိလို့ allergy လက္ခဏာတွေ ပေါ်လာတာကြည့်ရုံနဲ့ ပြောနိုင်ပါတယ်။ အစာ တစ်ခုကို allergy ရှိပြီဆိုရင် အခြား မျိုးနွယ်ဆက်စပ်တဲ့ အစာတွေကိုလည်း allergy ရှိမရှိစမ်းသပ် စစ်ဆေးပြီးမှ စတင်ကျွေးသင့်ပါတယ်။
လုပ်လို့ရတဲ့ test တွေကတော့
- Skin prick test: အရည်ပြားမှာ ခြစ်ရာ သေးသေးလေးတွေ ပေးပြီး အစာပါတဲ့ အရည်စက်ချပြီး အင်ပျဉ် အပိမ့် ထွက်မထွက်ကိုကြည့်ခြင်းနဲ့ ထွက်ရင် ဘယ်လောက်ကြီးလဲ တိုင်းတာခြင်း။ ထုတ်လုပ်ထားတဲ့ အစာအရည်ပုလင်းတွေကို သုံးနိုင်သလို တကယ့်အစာ အစိမ်း (သို့) အကျက် တွေနဲ့ တို့ပေးကြည့်တာလည်း လုပ်လို့ရပါတယ်။ အသက်ကယ်ဆေး၊ စက်များ အဆင်သင့်ရှိတဲ့ ဆေးရုံ ဆေးခန်းများမှာ ကျွမ်းကျင် ဆရာဝန် (သို့) အထူးကုများဖြင့်သာ လုပ်ရပါတယ်။
- Blood test: RAST test ဆိုတဲ့ blood test ကို အစာ တစ်ခုခြင်းစီအတွက် (သို့) အစာ ၄-၅ခု ပေါင်းအတွက် သွေးစစ်ကြည့်လို့ရပါတယ်။ Positive ဖြစ်တိုင်း allergy ရှိတယ်လို့ ကျိန်းသေ မပြောနိုင်သလို level မြင့်တိုင်း allergy ပိုဆိုးတယ်လို့ မဆိုလိုပါ။
- Food challenge: မတည့်ဘူးလို့ ထင်တဲ့ အစာကို တမင် ကျွေးပြီး allergy လက္ခဏာတွေ ပေါ်လာမလာ စောင့်ကြည့်တာပါ။ အန္တရာယ်များပေမယ့် လုပ်ဖို့လိုရင် လုပ်ရပါတယ်။ Food allergy ရှိခဲ့ပြီး ပျောက်သွားပြီလို့ ယူဆရတဲ့ ကလေးကို အိမ်မှာ အဲဒီအစာ မကျွေးခင် သေချာအောင် ဆေးရုံမှာ အရင်ကျွေးကြည့်ရပါတယ်။ မတည့်တဲ့အစာ ကို ဘယ်လို ဘယ်လောက်ကြာကြာ ချက်ထားလဲပေါ်မူတည်ပြီး တည့်နေနိုင်တာလည်းရှိပါတယ်။ ဥပမာ ကြက်ဥ ပြုတ်နဲ့ မတည့်တဲ့ ကလေးက ကြက်ဥပါတဲ့ ကိတ်နဲ့တော့ တည့်ချင်တည့်နိုင်ပါတယ်။ ကျွေးကြည့်မှသိမှာပါ။
မြန်မာပြည်မှာလည်း ဒီလို စမ်းသပ် စစ်ဆေးပေးမှုတွေ ပိုမိုလုပ်ပေးလာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
(၅) Food allergy ကိုကာကွယ်လို့ရလား။
ကာကွယ်ရန် လုပ်ပေးလို့ရတာ မရှိသလောက်နည်းပါတယ်။ လုပ်ပေးသင့်တာတွေကတော့
- ကလေး အသက် ၆ လ အထိ ဖြည့်စွက်စာ စ မကျွေးပါနဲ့။
- ဖြစ်နိုင်ရင် မိခင်နို့ပဲ ၆ လ အထိ တိုက်ပါ။
- ကိုယ်ဝန်ဆောင်စဉ်၊ နို့တိုက်စဉ် food allergy အဖြစ်များတဲ့ အစာတွေကို မိခင်က ရှောင်တာ မလုပ်ပါနဲ့။ ဒီနည်းနဲ့ ကာကွယ်လို့ မရပါ။
- ၆ လ ကျော်တဲ့ ကလေးကို မတည့်မှာစိုးလို့ ဆိုပြီး မကျွေးသေးတာလည်း မလုပ်ပါနဲ့။ အဲဒီလို နောက်ကျကျွေးမှ food allergy ပိုဖြစ်စေနိုင်တယ်လို့ ယူဆလို့ပါ။
- ဖြည့်စွက်စာ စကျွေးချိန်ရောက်လို့ အစာ အသစ် (မစားဖူးသေးတဲ့) စကျွေးမယ်ဆိုရင် တစ်မျိုးနဲ့ပဲစပါ။ ၃ ရက် ၄ ရက် ကြာမှ နောက်ထပ် အသစ်တမျိုး ကျွေးပါ။ အစာ အသစ် သုံး လေးမျိုး ရောမကျွေးပါနဲ့။ ကျွေးဖူးပြီးသား အစာများကိုသာ ရောကျွေးပါ။
(၆) ပျောက်သွားအောင် လုပ်လို့ရလား။
အတိုဆုံးပြောရရင် food allergy ပျောက်အောင် ကုရတာမလွယ်သေးပါဘူး။ Desensitisation လို့ခေါ်တဲ့ မတည့်တဲ့ အစာကို နည်းနည်းလေးမှစပြီး တိုးတိုးကျွေးပြီး food allergy ပျောက်အောင် သုတေသနတွေ လုပ်နေပါပြီ။
(၇) Food allergic reaction ကိုဘယ်လိုကုသ ရပါသလဲ။
အကောင်းဆုံးကတော့ မတည့်တဲ့ အစာကို မစားမိအောင် ရှောင်စေခြင်းပါ။ ကလေးဆိုတော့ ပြောရတာ လွယ်သလောက် လုပ်ရခက်ပါတယ်။ အပြင်စာတွေဆို ဘာပါလည်း သိဖို့လည်း မလွယ်ပါ။
မတော်တဆ စားမိသွားလို့ reaction ရတဲ့အခါ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ခေါ်သွားပြပါ။ သိပ်မပြင်းထန်တဲ့ reaction ဆိုရင် anti-histamine, steroid တွေ သောက်ရုံနဲ့ သက်သာနိုင်ပေမယ့် anaphylaxis လို အလွန်ပြင်းထန်တဲ့ reaction ဆိုရင် Adrenaline ဆေးထိုးမှ အသက်ကယ်နိုင်မှာဖြစ်လို့ အချိန်မှီဖို့ အလွန် အရေးကြီးပါတယ်။ Ambulence ရနိုင်ရင် ခေါ်ပါ၊ မရနိုင်လို့ ကားနဲ့သွားရင် ကလေးကို လှဲအိပ်ပေးထားပြီး ခြေထောက်များကိုမြှင့်ထားပေးပါ။ Australia မှာတော့ anaphylaxis ဖြစ်ဖူးတဲ့ ကလေးတွေ ရဲ့အုပ်ထိန်းသူ မိဘတွေကို Adrenaline ပါတဲ့ EpiPen ထိုးဆေးကို ကလေးကိုယ်နဲ့မကွာ ဆောင်ထားစေပြီး reaction ရတဲ့အခါ ဘယ်လိုထိုးပေးရမလဲဆိုတာကိုပါ သင်ကြားပေးထားပါတယ်။ မြန်မာပြည်တွင်လည်း ဒီလိုကောင်းတဲ့ အစီအစဉ်တွေ လုပ်ပေးထားလာနိုင်ပြီး ကလေးငယ်များ၏ အသက်ကို ကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
~~~~~~~~~~~~**~~~~~~~~~~~~**~~~~~~~~~~~~
စာဖတ်သူမိဘပြည်သူများ ကျန်းမာရေး ဗဟုသုတများ ရရှိကြ၍ ကျန်းမာသန်စွမ်းသော သားသားမီးမီးလေးများကို ပြုစုပျိုးထောင်နိုင်ကြပါစေ။
photo credit to google image
reference to Australasian society of clinical Immunology and allergy website
ကျော်စန်းလွင်(Child Health Myanmar)
02/11/2017
ကလေး တအင်းအင်းညှစ်ခြင်း
************************
(၁) ဖြစ်စဉ်
မွေးစမှ ၃ လထိ ကလေးများသည် တအင်းအင်းညည်းပြီး ဝမ်းဗိုက်မှ ကြွက်သားများကို ညှစ်နေတတ်သည်။ အိပ်ပျော်နေစဉ်တွင်လည်း အသက်ရှူရင်း ညည်း၍ ညှစ်နိုင်ပါသည်။
ကြွက်သားညှစ်ရင်း မျက်နှာက စက္ကန့်ပိုင်းမျှ နီရဲတွတ်သွားခြင်း၊ တခါတရံ ငိုခြင်းများရှိနိုင်သည်။
(၂) မိဘ စိတ်ပူခြင်း
ကလေး ညည်းညူချိန်တွင် သက်တောင့်သက်သာရှိပုံမပေါ်၍ မိဘများ စိတ်ပူတတ်ပါသည်။
(၃) ဖြစ်ရခြင်းအကြောင်းရင်း
တအင့်အင့်နှင့် ဗိုက်ကြွက်သားညှစ်ခြင်းသည် အူမကြီးထဲမှ အီအီးကို အပြင်ထုတ်ရန် ဦးနှောက်မှ လေ့ကျင့်ပေးနေခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် အီးပါခြင်းဖြစ်စဉ်ကို သင်ယူနေခြင်း ဖြစ်ပါသည်။
(၄) စိတ်မပူပါနှင့်
ထိုသို့ ညှစ်တိုင်း လေထိုးသည်၊ အစာမကျေဖြစ်သည်၊ ဝမ်းချုပ်သည်ဟု မယူဆစေလိုပါ။ အူမကြီးနှင့် ဝမ်းဗိုက်မှ ကြွက်သားများ သန်မာလာပြီး ဝမ်းသွားခြင်း လုပ်ငန်းကို တတ်မြောက်ကျွမ်းကျင်လာသည်နှင့် အမျှ ကလေး ပုံမှန်ဖြစ်သွားပါလိမ့်မည်။
(၅) စိတ်ပူရမည့် အခြေအနေများ
တအင်းအင်း ညည်းပြီး ကြွက်သားညှစ်သည့်အခါ
-နေမကောင်းပုံပေါ်ပြီး အသက်ရှူ ပုံမှန်မဟုတ်ခြင်း၊
-အဖျားကြီးပြီး ချောင်းဆက်တိုက်ဆိုးခြင်း
-အလွန်အကျွံ နို့အန်၍ ကိုယ်အလေးချိန်မတက်ခြင်း၊
-ခြေလက်များ အမြဲတောင့်တင်းနေခြင်း၊
-ဝမ်းက စမြင်းတုံးများဖြစ်နေခြင်း၊
-စအိုဝကွဲခြင်း များထဲမှ တစ်ချက်ချက်နှင့် တွဲဖက်နေလျှင် ဆရာဝန်နှင့် စစ်ဆေးပါ။
#နေနေမိုးဆွေ - Child Health Myanmar Page
Pictures- credits to Google
Reference- Raising Children Net
04/02/2017
သမီးမွေးထားတဲ့ မိဘများသို့ --တစ်ခါတစ်ရံမှာ ကလေးတွေအပေါ်မှာ လိုက်လျော ညီထွေ ပြုပြင်ပြောင်းလဲနိုင်ဖို့ အရာရာကို ဖိနှိပ် ကြမ်းတမ်းစွာမထိန်းသိမ်းဖို့ သူတို့ကို ယုံကြည်နားလည်ပေးဖို့ လိုအပ်ပါကြောင်း. . . Credit : Myanmar Times
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
No. 658. 9st East Gyogone
Insein
Opening Hours
| Monday | 08:30 - 17:00 |
| Tuesday | 08:30 - 17:00 |
| Wednesday | 08:30 - 17:00 |
| Thursday | 08:30 - 17:00 |
| Friday | 08:30 - 17:00 |
| Saturday | 08:30 - 17:00 |
23/01/2017