Snow Princess Baby Book Shop
Pages လေးကိုပြစ်ထားမိတာကြာသွားပီ😔 အဲလိုအချိန်လေးမှာတောင် အိမ်မှာရော cb မှာပါတကူးတကလာရောက်အားပေးကြတဲ့ချစ်ကာကာလေးများ😘😘😘😘😘😘😘😘
01/12/2025
အချိုမြိန်အသာယာဆုံးသော December လလေးမှာလူသာအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာလို့အသက်ရှုတိုင်းငွေတွေအများကြီးဝင်ကြပါစေရှင်🙏ဘုရား၊တရားသိပီးလူအချင်းချင်းလှည့်ပတ်ချင်းနဲ့အမုန်းတရားများကင်းဝေကြပါစေရှင်🙏🙏🙏
09/11/2025
ကျွန်မနာမည်က ''အယ်လီနာ ဗန့်စ်'' ပါ။ အသက် ၇၃ နှစ်ရှိပါပြီ။
ကျွန်မရဲ့ သားဖြစ်တဲ့ ''မာ့ခ်'' ဟာ အလွန်အောင်မြင်နေတဲ့ ရှေ့နေတစ်ဦးဖြစ်ပါတယ်။
သူဟာ စီးပွားရေးလောကနဲ့ ဥပဒေရေးရာမှာ အလေးအနက်ထားတဲ့ စကားလုံးတွေ '' အထူးသဖြင့် ယုံကြည်အပ်နှံမှုဆိုင်ရာ တာဝန် '' ဆိုတဲ့ စကားလုံးမျိုးတွေကို သုံးနှုန်းလေ့ရှိတဲ့သူပါ။
ပြီးခဲ့တဲ့ ဧပြီလတုန်းက သူက ကျွန်မကို
"အသက်ကြီးတဲ့ သူတစ်ယောက်ရဲ့ တာဝန်အမဲ့ဆုံးနဲ့ အဆိုးရွားဆုံး လုပ်ရပ်" ကို ကျွန်မ လုပ်ဆောင်တာလို့ ပြောပါတယ်။
ခရီးဆောင်အိတ်နှစ်လုံးထဲကို ကျွန်မပစ္စည်းတွေ ထည့်လိုက်ပါတယ်။
၄၈ နှစ်ကြာ နေထိုင်ခဲ့တဲ့ အိုဟိုင်းယိုးပြည်နယ် ဆင်ခြေဖုံးရပ်ကွက်က၊ အိမ်ကို ရောင်းလိုက်ပါတယ်။
ကျွန်မခင်ပွန်းရဲ့ အသက်အာမခံကြေးကိုပါ အသုံးပြုပြီး ရှုံးနေတဲ့ စာအုပ်အဟောင်းဆိုင်တစ်ခုရဲ့ ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပါတယ်။
အဲဒီစာအုပ်ဆိုင်ရဲ့ အပေါ်ထပ်မှာ၊ အပြင်လေအေးတွေ တိုက်နေတဲ့၊ စတုရန်းပေ ၃၀၀ ကျယ်တဲ့ အခန်းတစ်ခုရှိပါတယ်။ ထိုအခန်းကို ပြောင်းလာခဲ့ပါတယ်။
ကျွန်မခင်ပွန်း ဖရန့်ခ်ဟာ လူကောင်းတစ်ယောက်ပါ။
လွန်ခဲ့တဲ့ နှစ်နှစ်က နှလုံးရောဂါနဲ့ သူ ဆုံးပါးသွားတဲ့အခါ၊ သူချန်ထားခဲ့တဲ့ တိတ်ဆိတ်မှုဟာ သီးမခံနိူင်လောက်အောင်ပါပဲ။
ကျွန်မရဲ့ ဘဝဟာ ပျင်းရိငြီးငွေ့ဖွယ်ကောင်လှပါတယ်။
ဘာမှ အသစ်အဆန်းမရှိဘဲ၊ ထပ်ခါတလဲလဲ လုပ်နေရတဲ့ အလုပ်တွေပဲ ရှိပါတယ်။
မနက်ခင်း စတင်ဖို့ တစ်ကိုယ်တော် ကော်ဖီတစ်ခွက် သောက်ရပါတယ်။
လူသံ ဆူညံသံ မရှိပေမယ့် ပန်းကန်ဆေးစက်ရဲ့ တအီအီ မြည်တဲ့ အသံတွေ ကြားရတတ်ပါတယ်။
ညနေ ၆ နာရီ သတင်း အစီအစဥ်ကြည့်တယ်။
ဒါတွေဟာ ထပ်ခါထပ်ခါ နေ့စဥ် ကျော်ဖြတ်ရတဲ့ အရာတွေပါ။
တစ်ချိန်တုန်းက ဆူညံသံတွေ၊ ဖရန့်ခ်ရဲ့ ဖလန်ထည်ရှပ်အင်္ကျီအနံ့တွေနဲ့ ပြည့်နေတဲ့ အိမ်ကြီးဟာ... ဗလာသက်သက်ဖြစ်သွားပါပြီ။
နံရံတွေက ပဲ့တင်မထပ်တော့ဘဲ အသံအားလုံးကို စုပ်ယူလိုက်သလိုပါပဲ။ ကျွန်မဟာ ကိုယ့်အိမ်ထဲမှာပဲ သရဲတစ်ကောင် ဖြစ်လာနေတယ်လို့ ခံစားခဲ့ရတယ်။
သားဖြစ်သူ မာ့ခ်ဟာ စေတနာကောင်းပါတယ်။ သူဟာ ကျွန်မရဲ့ မီးဖိုချောင်ကောင်တာပေါ်မှာ လက်ကမ်းကြော်ငြာတွေ ချထားခဲ့ပါတယ်။
"တီးတိုးပြောနေတဲ့ ထင်းရှူးပင်များ။"
" ရွှေရောင်လင်းလက်တဲ့နေဝင်ချိန် '' စတဲ့ အသက်ကြီးသူတွေအတွက်ရည်ရွယ်ထားတဲ့ လက်ကမ်းကြော်ငြာတွေပေါ့။
မာ့ခ်ဟာ ကျွန်မကို တစ်ယောက်တည်း အိမ်ကြီးထဲမှာ မနေစေချင်ပါဘူး။ လုံလုံခြုံခြုံဖြစ်အောင် စီမံခန့်ခွဲထားတဲ့ ပတ်ဝန်းကျင် မှာ အနားယူစေချင်ပါတယ်။
ဒါကြောင့် သူဟာ သက်ကြီးရွယ်အို စောင့်ရှောက်ရေး အိမ်ယာတွေ ရဲ့ လက်ကမ်းကြော်ငြာ တွေကို ကျွန်မ မီးဖိုချောင်ရဲ့ ကောင်တာပေါ်မှာ ချန်ထားပေးတတ်တာပါ။
မာ့ခ်က...
"အမေ၊ လက်တွေ့ကျကျ စဥ်းစားဖို့ လိုတယ်။ ဒီအိမ်ကြီးထဲမှာ အမေ တစ်ယောက်တည်း မနေသင့်ဘူး။ ဒီအိမ် ရောင်းပြီး ဖလော်ရီဒါကို ပြောင်းပါ။ လုံလုံခြုံခြုံနဲ့ လှလှပပ တိုက်ခန်းတစ်ခုကို ကျွန်တော် ရှာထားတယ်။ အမေ အနားယူလို့ရပြီ" လို့ ပြောခဲ့ပါတယ်။
ကျွန်မက ....
"မာ့ခ်၊ သားလေး... အမေ ဘာအလုပ်မှ မယ်မယ်ရရ လုပ်စရာ မရှိဘဲ 'အနားယူနေတာ' နှစ်နှစ်ရှိပြီ....ဒါဟာ အမေလုပ်ဖူးသမျှထဲမှာ အပင်ပန်းဆုံးပဲ" လို့ ပြောလိုက်ပါတယ်။
သားရဲ့တောင်းဆိုမှု ဒါမှမဟုတ် မျှော်လင့်ချက်တွေကို မျက်ကွယ်ပြုပြီး ဆန့်ကျင်လိုက်တဲ့ ကျွန်မရဲ့ လုပ်ရပ်ဟာ အင်္ဂါနေ့မှာ ဖြစ်ခဲ့တာပါ။
ကျွန်မ ကားမောင်းပြီး မြို့ထဲကို သွားနေတာပါ။ဈေးကြီးတဲ့ ဆိုင်ကြီးတွေနဲ့၊ အွန်လိုင်းကုမ္ပဏီကြီးတွေ မလွှမ်းမိုးခင်ခေတ်က အခြေအနေကို.... ပြန်ထင်ဟပ်နေတဲ့ လမ်းမကြီး တစ်လျှောက်က ပိတ်ထားတဲ့ ဆိုင်အလွတ်တွေဘေးက ဖြတ်သွားခဲ့ပါတယ်။
မြို့ထဲမှာ နောက်ဆုံးကျန်တဲ့ စာအုပ်ဆိုင်လေးဖြစ်တဲ့ "The Turning Page" ရဲ့ ပြတင်းပေါက်မှာ လက်ရေးနဲ့ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခု ကပ်ထားတာကို တွေ့လိုက်ရပါတယ်။
ရေးထားတဲ့စာက "အလုပ်သမား အလိုရှိတယ်..'' မဟုတ်ပါဘူး။
"အားလုံး ရောင်းချမည်.... ဆိုင်ဖြုတ်စျေး အရောင်းပွဲ" လို့ ရေးထားတာပါ။
ကျွန်မ ကားရပ်လိုက်ပါတယ်။
ဆိုင်ထဲကို လျှောက်ပြီးဝင်သွားခဲ့ပါတယ်။ ဆိုင်ထဲမှာ စာအုပ်အဟောင်းတွေရဲ့အနံ့၊ ခပ်စူးစူး ကော်အဟောင်းနံ့၊ ပြီးတော့ စာအုပ်တွေက ထွက်ပေါ်လာတဲ့ လေအပူတွေကို ခံစားလိုက်ရပါတယ်။
အသက် ၂၀ ကျော် အရွယ် လူငယ်တစ်ယောက်ကိုတွေ့ပါတယ်။ သူ့ရဲ့ ဂျင်းဘောင်းဘီမှာ ဆေးတွေပေနေတာလည်း သတိပြုမိပါတယ်။
ကျွန်မ ရင်းနှီးတဲ့ ပင်ပန်းနွမ်းနယ်မှုမျိုးနဲ့ အနီရောင်တံဆိပ်တုံးတွေရိုက်ထားတဲ့ စာအိတ်တွေကို ကြည့်နေပါတယ်။
"ဒီလ ၃၀ ရက်နေ့မှာ ဆိုင်ပိတ်ပါမယ်...အန်တီ... အားလုံးကို တစ်ဝက်လျှော့စျေးနဲ့ ရောင်းပါတယ်" လို့ သူက မော့မကြည့်ဘဲ ပြောပါတယ်။
"ဘာလို့ ပိတ်တာလဲ" လို့ ကျွန်မ မေးကြည့်ပါတယ်။
နောက်ဆုံးတော့ သူ ကျွန်မကို ကြည့်ပြီးရယ်လိုက်ပါတယ်။ ရယ်သံက ခါးသီးနေသလိုပါပဲ။
"ဘာလို ထင်လဲအန်တီ.. ကျွန်တော့်အဖေက ကျွန်တော့်ကို ဒီနေရာ အမွေပေးခဲ့တယ်။အဖေက စာအုပ်တွေကို ချစ်တယ်။ ကျွန်တော်လည်း စာအုပ်တွေကို ချစ်တယ်။ ဒါပေမဲ့ ချစ်ခြင်းမေတ္တာက စရိတ်တွေကို မပေးနိုင်ဘူး၊ မြေခွန်ဆိုလည်း မပေးနိူင်ဘူးလေ...''
သူ့လက်ထဲက စာအိတ်တွေကို ကျွန်မကြည့်လိုက်တယ်။
"မင်းလက်ထဲက စာအိတ်တွေက ငွေတောင်းခံတဲ့စာတွေပဲ... ဖင်တပြန် ခေါင်းတပြန် ဖရိုဖရဲ ကိုင်ထားတယ်...'' လို့ ကျွန်မ ပြောလိုက်ပါတယ်။
သူ မျက်တောင်ခတ်လိုက်ပါတယ်။
"ကျွန်တော့်နာမည် အဲလက်စ်ပါ" တဲ့။
"ဒေါ်ဒေါ်က အယ်လီနာပါ....အဒေါ်က လေးဆယ့်ငါးနှစ်လုံးလုံး စာရင်းကိုင် အလုပ် လုပ်ခဲ့တာပါ။ စက္ကူစက်ရုံဟောင်းတစ်ခု မပိတ်ခင်အထိ စာရင်းအားလုံကို အဒေါ်ပဲ ကိုင်ခဲ့တာ... မင်းက ဒီစာအိတ်ထဲက စာရင်းတွေကို စိတ်တွက်နဲ့ တွက်ဖို့ ကြိုးစားနေတာမဟုတ်လား"
သူ ရှက်သွားပါတယ်။
"ကျွန်တော်က... ကိန်းဂဏန်းတွေနဲ့ သိပ်မရင်းနှီးဘူး" ဟု ပြောပါတယ်။
"ဒေါ်ဒေါ်ကတော့ ရင်းနှီးတယ်။"
ကျွန်မ ရှုပ်ထွေးနေတဲ့ ဆိုင်ရဲ့ပတ်လည်ကို ကြည့်လိုက်ပါတယ်။
မျက်နှာကျက်ကိုလည်း မော့ကြည့်လိုက်ပြီး မေးလိုက်ပါတယ်။
"အပေါ်မှာ တိုက်ခန်း အလွတ်တစ်ခု ရှိနေတာလား"
အဲလက်စ်က ခေါင်းညိတ်လိုက်ပါတယ်။
"အခန်းဆိုပေမယ့် ဂိုဒေါင်ပေါ့။ ရှုပ်ပွနေတယ်။ အမိုးကလည်း မိုး ယိုနေတယ်။"
ကျွန်မ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပါတယ်။
"အဲလက်စ်၊ ဒီလိုလုပ်ကြရအောင်။ ဒေါ်ဒေါ်မှာ အိမ်ရောင်းလို့ ရတဲ့ ပိုက်ဆံက ပမာဏ တစ်ခုထိ ရှိတယ်။ မင်းကို ကယ်တင်ဖို့အထိတော့ မလုံလောက်ဘူး။ ဒါပေမဲ့ နစ်နာမှုတွေ မဖြစ်အောင်တော့ တားဆီးနိုင်တယ်။ ''
"ဒေါ်ဒေါ်က မင်းရဲ့ ပါတနာလုပ်မယ်.. ဒီစာရင်းတွေကို ဒေါ်ဒေါ် ကိုင်မယ်... စာရင်းတွေ ကြီးကြပ်မယ်။ အခန်းကို ဆေးသုတ်မယ်။ အလဲအလှယ်အနေနဲ့၊ အပေါ်ထပ်အခန်းမှာ ဒေါ်ဒေါ်က အခမဲ့နေမယ်။ ခြောက်လ အစမ်း လုပ်ကြည့်မယ်။"
အဲလက်စ်က ကျွန်မကို ရူးနေတဲ့လူတစ်ယောက်လို ကြည့်ပါတယ်။ သူ မှန်ပါတယ်။
အဲဒီညမှာ ကျွန်မ သားနဲ့ ဖုန်းပြောဖြစ်ပါတယ်။
"အမေ ဘာလုပ်လိုက်တာလဲ" လို့ ပြန်မေးပါတယ်။ ဒေါသနဲ့ မယုံကြည်နိူင်မှုကြောင့် ဖုန်းလိုင်းမှာ ကြားရတဲ့အသံက ကွဲအက်နေပါတယ်။
"အမေရဲ့ နစ်ရှည်စုဆောင်းငွေကို ဖျက်သိမ်းပြီး စာအုပ်ဆိုင်တစ်ဆိုင် ဝယ်လိုက်တယ်? အမေ...ဒါက အရှုံးပေါ်နေတဲ့ လုပ်ငန်းတစ်ခုပါ...သုံးလိုက်တာက အမေ အငြိမ်းစားယူရင်သုံးဖို့ စုထားတဲ့ ပိုက်ဆံတွေလေ...''
အန္တရာယ်များတဲ့ စာအုပ်ဆိုင် တစ်ခု ဝယ်လိုက်တဲ့အပေါ် သားက အလွန် အံ့ဩ ဒေါသထွက်နေပါတယ်။
"ဒီအတွက် ကျွန်တော် အမေကို အရည်အချင်းမပြည့်မီသူအဖြစ် ကြေညာလို့ရတယ်!"
ဒါက ဥပဒေရေးရာအရ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်။
တစ်စုံတစ်ယောက်ကို မိမိရဲ့ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ၊ အပြုအမူတွေကို ကျိုးကြောင်းဆီလျော်စွာ မချမှတ်နိုင်တော့ဘူး လို့ တရားရုံးမှာ စွဲဆိုပြီး သက်သေပြခြင်းကို ဆိုလိုပါတယ်။
မာ့ခ်က ကျွန်မရဲ့ ငွေကြေးစီမံခန့်ခွဲနိုင်တဲ့ အခွင့်အာဏာကို... သူ့အနေနဲ့ ဥပဒေကြောင်းအရ ပြန်ယူနိုင်ကြောင်း ခြိမ်းခြောက် ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။
" မေမေသာ အရည်အချင်းမပြည့်မီသူ ဖြစ်သွားရင်၊ စာရင်းကိုင် ကျွမ်းကျင်မှု လိုနေတဲ့ ဒီလုပ်ငန်းအသစ်ကို ဘယ်သူ လုပ်ပေးမှာလဲ?" " လို့ ကျွန်မက အေးအေးဆေးဆေး မေးလိုက်ပါတယ်။
ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို၊ လုံးဝ ပြင်မှာ မဟုတ်ဘူးဆိုတာ..... သွယ်ဝိုက်ပြောဆိုလိုက်တာပါ။
"အမေ သွားရတော့မယ်....အမေနေမယ့်အခန်းအတွက် လုပ်စရာတွေရှိသေးတယ်..'' လို့ ပြောပြီး ကျွန်မ ဖုန်းချလိုက်ပါတယ်။
ပထမ လကတော့ ငရဲပါပဲ။ အမိုးက တကယ်ကို ယိုပါတယ်။
ကျွန်မရဲ့ တိုက်ခန်းက အေးပါတယ်။ နှစ်လေးဆယ်စာ ရှုပ်ပွ ပြန့်ကျဲနေတဲ့ ပစ္စည်းတွေကို စီစစ်ပြီး စစ်မှန်တဲ့ စာရင်းကိုင်စနစ်တစ်ခုကို တည်ဆောက်ဖို့... ကျွန်မ တစ်ရက်ကို ၁၂ နာရီကြာအောင်အလုပ်လုပ်ရပါတယ်။
အဲလက်စ်ဟာ စာအုပ်တွေကို ရွေးချယ် စုဆောင်းရာမှာ ထူးချွန်ပေမယ့် စတိုးဆိုင်ရဲ့အကြွေးအတွက် ငွေသားအစား ရှားပါးစာအုပ်တွေနဲ့ လဲလှယ်နေခဲ့တာ တွေ့ရပါတယ်။
"အဲလက်စ်၊ မင်း လျှပ်စစ်မီတာခကို ကဗျာစာအုပ်နဲ့ ပေးချေလို့မရဘူး" လို့ ကျွန်မ နူးနူးညံ့ညံ့ ရှင်းပြပါတယ်။
ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အရာရာဟာ ပြောင်းလဲလာပါတယ်။
ကျွန်မက ဆိုင်ကို မနက် ၉ နာရီမှာ ဖွင့်တယ်။ ကော်ဖီခါးခါး အိုးကြီးတစ်အိုးတည်ထားတယ်။ ရှေ့လှေကားတွေကို တံမြက်စည်းလှဲတယ်။
ပုံမှန်ဖောက်သည်တွေ ပြန်လာကြပါတယ်။ အငြိမ်းစား သမိုင်းပါမောက္ခဖြစ်တဲ့ ''ဟန်ဒါဆင်''ဟာ မနက်တိုင်း ဆိုင်ကိုဝင်လာပါတယ်။
ကျွန်မတို့ ရှေ့ကစားပွဲမှာ ထိုင်တယ်။ ဒေသခံ အထက်တန်းကျောင်းရဲ့ ဘောလုံးအသင်းအကြောင်း၊ ရထားလမ်း အသစ်တွေလုပ်ပေမယ့် အဆင်မပြေတဲ့အကြောင်း..... ဟုတ်ပါတယ်၊ ကျွန်မတို့ သတင်းမှာ မြင်ရ ကြားရတာတွေ တီးတိုးပြောကြပါတယ်။
ဒီဆိုင်ထဲမှာ...ရီပတ်ဘလစ်ကန်ပါတီ ကို ကိုယ်စားပြုတဲ့အမျိုးသားကြီးတစ်ဦးနဲ့ ... လစ်ဘရယ်ဝါဒကိုကြိုက်တဲ့ကောလိပ်ကျောင်းသူလေးတစ်ဦးဟာ ဘေးချင်းကပ်ပြီး စာအုပ် ရှာဖွေနိုင်ပါတယ်။
သူတို့ စကားမပြောကြဘူးဆိုရင်တောင် ငြိမ်းချမ်းနေကြပါတယ်။ စာအုပ်တွေဟာ အပစ်အခတ်ရပ်စဲရေးလိုပါပဲ။
ကျွန်မသားကတော့ အခုထိ ကျွန်မအပေါ်မှာ နားမလည်သေးပါဘူး။
"အမေ....အသက်က ၇၃ နှစ်ရှိနေပြီ! ကျွန်တော်အလုပ်လုပ်တာထက် ပိုကြိုးစားပြီး အလုပ်လုပ်နေတယ်။ အမေအနားမယူချင်ဘူးလား"
"ငါ့သား " လို့ ကျွန်မ သူ့ကို ပြောလိုက်ပါတယ်။
"အမေက စားဝတ်နေရေးအတွက်.. အလုပ်လုပ်နေတာ မဟုတ်ဘူး။ အသက်ရှည်ဖို့ အတွက် အလုပ် လုပ်နေတာ...''
ပြီးခဲ့တဲ့လက ကျွန်မတို့ရဲ့စာအုပ်ဆိုင်မှာ ပထမဆုံး
"တိတ်ဆိတ်တဲ့ စာဖတ်ည" ကို လက်ခံကျင်းပခဲ့ပါတယ်။
ကော်ဖီနဲ့ ကွတ်ကီးတွေ အခမဲ့ ထုတ်ပေးခဲ့ပါတယ်။
လူ အယောက် ၂၀ လောက် ရောက်လာခဲ့ကြတယ်။ စာအုပ်စင်တွေကြားမှာ သက်သောင့်သက်သာနဲ့ အတူတကွ တိတ်ဆိတ်စွာ ထိုင်ပြီး စာဖတ်ကြပါတယ်။
ဒေသခံ စစ်စခန်းက စစ်သားလူငယ်လေးတစ်ဦးဟာအသက် ၁၉ နှစ်လောက်ပဲရှိမယ်ထင်ပါတယ်။
သူ့ရဲ့ စစ်ဖိနပ်တွေကို ကြမ်းပြင်ပေါ်ချပြီး စိတ်ကူးယဉ်ဝတ္ထုတစ်အုပ်ကို ဖတ်နေပါတယ်။ သူဟာ ပထမဆုံးအကြိမ် ငြိမ်းချမ်းနေပုံရတယ်။
ညနေခင်းတစ်ခုမှာ အထက်တန်းကျောင်းသားတစ်ယောက်ဟာ ကျွန်မရဲ့ကောင်တာပေါ်မှာ စာလေးရေးပြီး ချန်ထားခဲ့ပါတယ်။
"ကျေးဇူးတင်ပါတယ်၊ မစ္စ ဗန့်စ်။ အန်တီက ကျွန်တော့်... အသက်ကြီးလာမှာကို မကြောက်တော့အောင် လုပ်ပေးခဲ့တယ်" လို့ရေးထားပါတယ်။
စာဖတ်ခြင်းဟာ ဘဝရဲ့ ထာဝရ အဖော်လို့ ပြောချင်တာ ထင်ပါရဲ့။
ကျွန်မ အဲဒီမှတ်စုစာရွက်ကို ငွေရှင်းကောင်တာမှာ တိပ်နဲ့ကပ်ထားလိုက်ပါတယ်။
"လူမှုမီဒီယာ" ကတော့ အဲလက်စ်ရဲ့ အကြံပါ။
"အယ်လီနာ" လို့ သူ တစ်နေ့မှာ ပြောပါတယ်။
"အန်တီက ဒီစာအုပ်အဟောင်းတွေအကြောင်း အမြဲ ပြောနေတယ်... ကျွန်တော် ဗီဒီယိုရိုက်ပေးမယ်။"
"အန်တီက ဒီလို မလုပ်ဘူး။ အန်တီက ကာဒါရှီယန် မဟုတ်ဘူး" လို့ ကျွန်မ ပြောလိုက်တယ်။ ကာဒါရှီယန် မိသားစုက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာဘဝ၊ နေ့စဉ်လှုပ်ရှားမှုနဲ့ အငြင်းပွားဖွယ်ရာ အဖြစ်အပျက်တွေ ကို လူမှုမီဒီယာများပေါ်မှာ ပုံမှန် မျှဝေပြီး ထင်ပေါ်ကျော်ကြားလာသူများ ဖြစ်ပါတယ်။
ကျွန်မက မသိ မကြော်ကြားဘဲ အေးဆေး နေချင်သူပါ။
ဘာပဲဖြစ်ဖြစ် ကျွန်မကို သူ ရိုက်ကူးခဲ့ပါတယ်။
သူ ရိုက်ကူးနေချိန်မှာ ကျွန်မက ၁၉၅၀ ဝန်းကျင်လောက်က ''The Grapes of Wrath'' - စပျစ်သီးရဲ့ဒေါသ- ဆိုတဲ့ စာအုပ် အစုတ်အပြဲ တစ်အုပ်ကို ကိုင်ထားခဲ့ပါတယ်။
"ဒီစာအုပ်ကို မြင်လား" လို့ အဖုံးကို လက်နဲ့ပုတ်ပြီး ကျွန်မ ပြောလိုက်ပါတယ်။
"လူတွေက ဒါကို ဝမ်းနည်းစရာ စာအုပ်လို့ပဲ ထင်ကြတယ်။ မဟုတ်ဘူး။ ဒါဟာ ဒေါသထွက်စရာ စာအုပ်ပါ။ သူတို့ဆီက အရာအားလုံးကို ယူသွားပေမဲ့ လူအဖြစ်ကနေ ရပ်တန့်ဖို့ ငြင်းဆန်ခဲ့တဲ့သူတွေ အကြောင်းပါ....သူတို့က အရှုံးပေးဖို့ ငြင်းဆန်ခဲ့ကြတယ်။ ''
အဲလက်စ်ဟာ အဲဒီစက္ကန့် ၆၀ ဗီဒီယိုကို TikTok မှာ တင်ခဲ့ပါတယ်၊ ပြီးတော့ Facebook မှာ တင်ခဲ့တယ်။
နောက်နေ့ မနက်မှာ ကျွန်မ နိုးလာတော့ အဲလက်စ်ဟာ ကျွန်မကို စောင့်နေတယ်။ သူ့မျက်လုံးမှာ ရူးသွပ်တဲ့ အကြည့်တွေနဲ့
"အယ်လီနာ" လို့ သူ ပြောတယ်။
"အန်တီ လိုင်းပေါ်မှာ ဆယ်လီ ဖြစ်သွား ပြီ...''
ဗီဒီယိုကို ကြည့်ရှုသူ သုံးသန်းရှိသွားပါပြီ။
အခုဆိုရင် ကျွန်မတို့မှာ ဖော်လိုဝါ တစ်သိန်းခွဲ ရှိပါတယ်။
သူတို့က ကျွန်မကို "The Main Street Reader" လို့ ခေါ်ကြတယ်။
တစ်နိုင်ငံလုံးကနေ စာအုပ်အမှာစာတွေ ရောက်လာပါတယ်။
လူတွေက စာအုပ်တွေပဲ မလိုချင်ကြပါဘူး၊ ကျွန်မရဲ့ စာအုပ်တွေ (ကျွန်မ ပြောတဲ့ စာအုပ်တွေကို ) လိုချင်ကြတယ်။
တချို့က ပြည်နယ်နှစ်ခုကိုကျော်ပြီး ဆိုင်ကို ကားမောင်းရောက်လာကြတာပါ။
ကျွန်မတို့ရဲ့ ဆိုင်ဟာ ရပ်တည်နိူင်ရုံ မဟုတ်တော့ပါဘူး။ အောင်မြင်နေပါတယ်။ ပင်မလမ်းမပေါ်မှာ အလုပ်ခန့်ထားနိုင်တဲ့ တစ်ခုတည်းသော နေရာပါ။
ကျွန်မကို ပြီးခဲ့တဲ့အပတ်က ကျွှန်မသား ''မာ့ခ်'' က .... ဖုန်းခေါ်ခဲ့ပါတယ်။ သူ့အသံက အရင်နဲ့ မတူတော့ပါဘူး။
"အမေ" လို့ သူ ပြောပါတယ်။
"ကျွန်တော်... အမေရဲ့ ဗီဒီယိုကို ကြည့်လိုက်ရတယ်။ East of Eden - ''ဧဒင်၏အရှေ့ဘက်အကြောင်း'' ပြောတဲ့ ဗီဒီယိုလေ..'' သူ ခေတ္တရပ်သွားပါတယ်။
"တကယ်ကောင်းတယ်။ သားတို့ရုံးက လူမှုရေးတွေ လုပ်ချင်နေတယ်.. ... လူမှုအသိုင်းအဝိုင်း စာတတ်မြောက်ရေးအတွက်ပေါ့... အကူအညီ တစ်ခုခုများ လိုအပ်ခဲ့ရင်... ရုံးက အကျိုးအမြတ်မယူဘဲ အခမဲ့ ကူညီပါ့မယ်...''
ကျွန်မ ပြုံးလိုက်ပါတယ်။
"အမေ စဉ်းစားထားမယ်၊ သား။ အမေ သွားရတော့မယ်။ စက်ရုံတစ်ခုကနေ အလုပ်ဖြုတ်ခံလိုက်ရတဲ့ သူတွေအတွက်... အလုပ်လျှောက်လွှာရေးတဲ့ အလုပ်ရုံဆွေးနွေးပွဲကို ... အမေတို့ လုပ်နေတယ်" လို့ ပြောလိုက်ပါတယ်။
ကျွန်မ အိမ်ဟောင်းကို လွမ်းသလားမေးရင်... မလွမ်းပါဘူး။
အဲဒီအိမ်မှာ တိတ်ဆိတ်မှုဟာ အဆုံးသတ်တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီနေရာမှာတော့ တိတ်ဆိတ်မှုဟာ ဖွင့်ဖို့စောင့်နေတဲ့ ဇာတ်လမ်းတွေနဲ့ ပြည့်နေပါတယ်။
ကျွန်မ ရလိုက်တဲ့သင်ခန်းစာက ပြန်လည်စတင်ဖို့ အသက်ကန့်သတ်ချက် မရှိဘူးဆိုတာ တစ်ခုတည်း မဟုတ်ပါဘူး။
ရည်ရွယ်ချက်မှာ သက်တမ်းကုန်ဆုံးရက် မရှိဘူးဆိုတာပါပဲ။
ကျွန်မတို့ကို "အနားယူပါ" လို့၊ '' မထင်မရှား နေပါလို့ '' ပြောတတ်တဲ့ ဒီကမ္ဘာကြီးမှာ ဒါကို သတိရပါ။
ကျွန်မတို့ ဆံပင်တွေ အဖြူရောင် ပြောင်းသွားရုံနဲ့ လွှင့်ပစ်ရမယ့်သူတွေ မဟုတ်ပါဘူး။
ကျွန်မတို့က သူတစ်ပါးအတွက် ဝန်ထုပ်ဝန်ပိုးတွေ မဟုတ်ပါဘူး။
ကျွန်မတို့က စာကြည့်တိုက်တွေပါ။မျက်နာပေါ်က အရေးအကြောင်းတိုင်း၊ အမှတ်တရရှိမှုတိုင်း၊ ကျွန်မတို့ ဖတ်ဖူးတဲ့ စာအုပ်တိုင်းဟာ ဇာတ်လမ်းတစ်ပုဒ်ပါ။
အသက်ကြီးလာတယ်ဆိုတာ ဘဝတစ်ခု ရပ်တန့်သွားတာ မဟုတ်ပါဘူး။ ပိုပြီး ပညာရှိလာတာပါ။
စာမျက်နာမပြီးဆုံးသေးခင်မှာ ဘယ်သူ့ကိုမှ သင့်ဘဝရဲ့စာအုပ်ကို မပိတ်ခိုင်းပါနဲ့။
နောက်ထပ်အခန်းသစ်ကို ကိုယ်တိုင်စတင်လိုက်ပါ။
Saya U Khin Zaw ( ဘာသာပြန်)
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Insein