Erotic 007
Sky Villa Condo ရဲ့ ကယ်ဆယ်ရေးလုပ်ပုံကိုရှင်းပြပေးပါမယ်
Condo က A B C D လေးဆောင်ရှိပါတယ် B C D က လုံးဝ ပြိုကျသွားပြီ Aက အပေါ် 5လွှာကျန်နေပါသေးတယ်
ကယ်ဆယ်ရေးက တောင်ဘက် မြောက်ဘက် အနောက်ဘက် သုံးပိုင်းလုပ်ပါတယ် မြောက်ဘက်က လုံးဝသွားကြည့်လို့မရပါဘူး တောင်ဘက်ခြမ်းက ဘုန်းကြီးကျောင်းများပါတယ် နစ်နာသူတွေရဲ့မိသားစုတွေကတောင်ဘက်မှာ စောင့်နေကြတာများပါတယ် ညီမတို့အဒေါ်လည်း A Blockရဲ့ တောင်ဘက်ခြမ်းပဲမို့ ညီမတို့လည်းအဲ့ဘက်ကနေစောင့်ပါတယ် မြောက်ဘက်လည်းရောက်နိုင်တာမို့ မြောက်ဘက်လည်းသတင်းအမြဲမေးဖြစ်ပါတယ်
ဆက်ပြောပြပါမယ် ကယ်ဆယ်ရေးကအခု အနောက်ဘက်နေ ဘက်ဟိုးကားနဲ့ဖြိုတာမို့(ညီမကားကိုမပြောတတ်ပါဘူး အမှားပါရင်ခွင့်လွှတ်ပါ)
အရှေ့ဘက်တွေက ကယ်ဆယ်ရေးဝင်ဖို့မလွယ်ပါဘူး အနောက်ဘက်က တုန်ခါမှုက အရှေ့ဘက်တွေ ဆီသက်ရောက်တာမို့ကယ်ဆယ်ရေးသမားတွေအတွက်ခက်ခဲပါတယ် ဒါကြောင့်အနောက်ဖြိုရင် တောင်ဘက် ကယ်ဆယ်ရေးမလုပ်ပါ အခုဆိုတောင်ဘက်ခြမ်းကယ်ဆယ်ရေးမလုပ်တာတစ်ရက်ကျော်လာပါပြီး အထဲမှာအသက်ရှင်တဲ့သူရှိနေရင်တောင် ၈ရက်ကျော်လာပါပြီ ဘယ်လိုလုပ်တောင့်ခံနိုင်မှာလဲရှင့် ကယ်ဆယ်ရေးတွေအချင်းချင်းမတည့်ကြတာမို့ ပြန်သွားတဲ့ကယ်ဆယ်ရေးတွေလည်းရှိပါတယ် အဲ့လိုကနေ အချိန်တွေလည်းနှောင့်နှေးနေပါတယ် ကျေးဇူးပြု၍ ကူညီပေးပါလားဟင် အဲ့လိုကသိကအောင့်တွေမဖြစ်ကြပါနဲ့နော် တကယ်တောင်းဆိုပါတယ် အသက်နဲ့ရင်းပြီးကူညီကယ်ဆယ်ပေးနေကြတာ တကယ် ကျေးဇူးအများကြီးတင်ပါတယ်နော်
နောက်ထပ်တစ်ချက်ထပ်ပြောပါမယ် သူများပစ္စည်းအချောင်လိုချင်တဲ့သူတွေများပါတယ် ကိုယ့်ပစ္စည်း သူ့ပစ္စည်းလိုလိုနဲ့လာယူတာတွေရှိပါတယ် ညဘက်တွေလည်းလူဝင်ပါတယ် အခုအဲ့ပြသာနာတွေရှိနေတာပါ အဲ့တာကြောင့်လည်းအထပ်က အကာကာချလိုက်ပါတယ်
ကျေးဇူးပြု၍ အကူအညီတောင်းတာပါ ကယ်ဆယ်ရေးသမားတွေ ကူညီပေးပါဦးရှင် တောင်ဘက်ခြမ်းလေးဝင်ပေးကြပါဦးနော် တောင်းဆိုပါတယ် sky Villa condo တောင်ဘက်ခြမ်း A Blockကိုလည်း လာပေးကြပါဦးနော် အခုကယ်ဆယ်ရေးအဖွဲ့တွေလုံးဝမရှိနေလို့ပါ ကူညီပါဦးရှင်
ဒီနေ့ sky villa condo ကို ရောက်ပါတယ်။
အနားရောက်တာနဲ့ အနံ့ထွက်နေပါပြီ။
ကိုယ့်မျက်စိ ရှေ့မှာ အလောင်းနှစ်လောင်း
ထုတ်ရသွားတယ်။
(၁) Body တစ်ခုက ကျောင်းတစ်ကျောင်းက foreigner. မျက်နှာကို RC တိုင်ပိထားတာ၊
ဘယ်သူမှန်းတေယင် မသိနိုင်တော့သော အခြေအနေ။
(၂) Body နောက်တစ်ခုက အမျိုးသမီးတစ်ဦး
(၃) နောက်ထုတ်မရေသာ body 12 ခန့် ကလေးမလေး။ မှောက်လျက်concrete ပြားကြားမှာ body ရဲ့အောက်ပိုင်းညပ်နေတာ။ ညပ်နေတာ အပြင်မြင်ရပေမယ့် အပေါ်ကပိထားသော အလွှာတွေက များလွန်းတော့ မကယ်နိုင်ခဲ့ကြဘူး။ သူ့အဖိုးက နှစ်ရက် ရေတိုက်၊မုန်းကျွေး၊ o2 ပေးထားပေမယ့် ဆုံးသွားခဲ့တယ်တဲ့။
အဲ့ဒီကလေးမလေးရဲ့ အမေက ဆရာဝန်မတဲ့။ (?OG အထူးကုပြောတာပဲ)။ သူမက အတွင်းဘက်တစ်နေရာမှာပိတ်မိနေတာတဲ့။ အပြင်နဲ့ဆက်သွယ်လို့ နှစ်ရက်ခန့်ရခဲ့တယ်တဲ့။ အဲ့ပိတ်မိနေတဲ့ အ မေရဲ့ လက်ထဲမှာ သုံးနှစ်ခန့် သူ့ကလေးရဲ့ body ကို ပိုက်ထားတယ်တဲ့။ အဲ့ကလေးက ခေါင်းကို သံချောင်းထိုးမိလို့ဆုံးနေခဲ့သော body တဲ့။
(၄) သူငယ်ချင်းနှစ်ယောက်က sky villa မှာနေသော သူငယ်ချင်း (တိုက်ခန့်ပိုင်ရှင်) ဆီ အလည်လာတာ။ ပြိုကျဖို့ minutes ပိုင်းအလိုမှ villa ပေါ်ရောက်တာ။ ပြိုတော့ ပြေးကျတာ၊ တိုက်ခန့်ပိုင်ရှင်လွတ်တယ်။ အလည်လာတဲ့အထဲက တစ်ယောက်က အသက်ရှင်လျက် ဒဏ်ရာအပြင်းအထန်နဲ့ ကယ်ထုတ်လို့ရတယ်၊ ဆေးရုံမှာဆုံးတယ်။ နောက် အလည်လာသော တစ်ယောက်က body ကို အခုထိ ထုတ်ရဘူးတဲ့။ အလည်လာသော သူငယ်ချင်းနှစ်ယောက်က villa ကို လာတေကျတာ။
(၅) Sky villa ရဲ့ ဝန်ထမ်းတစ်ယောက်က ဆယ်လွှာကို မီးတက် change တယ်တဲ့။ အသိတွေ ကို ဟီးဟီး ဟားဟားနှုတ်ဆက်ပြီး ဆင်းလာ။ မြေပြင်မှာ ထမင်းစားဖို့ ထမင်းဂျိုင့် ဖွင့်နေတုန်း ပြိုကျလာတာ။ မြေပြင်ရောက်နေတော့ လွတ်သွားတယ်တဲ့။
(၇) နောက်တစ်ယောက်က driver, foreigners တွေကို villa ပို့ပြီး အပြန်၊ လမ်းပေါ်ရောက်မှ လှုပ်တာတဲ့။
ဘုရားဟောတာတွေ သတိရတယ်၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လို အကြောင်းနဲ့ တေမယ် ဆိုတာ ကြိုမသိနိုင်ဘူးတဲ့။ ကောင်းမှုကို အခွင့်ရတိုင်းအမြန်လုပ်ပါတဲ့။
အခု villa ကို လာတေ သူတွေ ရှိသလို၊ မတေဖို့ ကပ်လွတ်သွားသူတွေရဲ့ အကြောင်းတွေ။
😔😔😔
ကိုယ့်ကလေးရဲ့ D-Body ကို ပိုက်ထားရင်း ပိတ်မိနေတဲ့ မိခင်တစ်ယောက်ရဲ့
နေရာမှာ ငါသာဆိုရင်လေ ဆိုတဲ့
ခံစားချက်ကြီး က ရင်ထဲ ကို တော်တော်
ဆို့သွားတယ်
"တို့တွေဟာ အချိန်မရွေး သေသွားနိုင်တယ်ဆိုတာ ခုက မျက်မြင်ကိုယ်တွေ့ပဲ။
အခု သေသွားကြတဲ့သူတွေဟာ
စျေးဝယ်နေတုန်း၊ ဖုန်းသုံးနေတုန်း၊ Facebook Newsfeeds ပွတ်နေတုန်း၊ Messenger မှာ စကားပြောနေတုန်း၊ TikTok ကြည့်နေတုန်း၊
နေ့လယ်စာစားနေတုန်း၊
စကားလေးတွေပြောနေတုန်း၊
ပိုက်ဆံတွေ ရေနေတုန်း၊
ရေချိုးနေတုန်း ၊ သံဃာတွေဆို စာဖြေနေတုန်း ၊ ကလေးလသားလေးတွေဆို နို့ဆို့နေတုန်း .....
ရယ်နေတုန်း ...
စိတ်ဆိုးနေတုန်း ...
ကိုယ်တောင် မသိလိုက်ပဲဝုန်းဆို
တိုက်ပိသေသွားကြတာ။
မြေကြီးအောက်ထဲ အရှင်လတ်လတ်ရောက်သွားခဲ့ကြရတာ။
တို့တွေ လွတ်သွားခဲ့တယ်ဆိုတာ
ဒါ Second Chance ၊ Second Life ပဲ။
ဒီတော့ နောက်မှ၊ အသက်ကြီးမှဆိုပြီး အချိန်ဆွဲနေဖို့ မသင့်တော့ဘူး။
ခုချက်ချင်းကို လုပ်စရာရှိတာ လုပ်ကြရတော့မှာ။"
Crd
Click here to claim your Sponsored Listing.
Category
Website
Address
No. 34, Tharyar Street, Bo Kone Quarters, Insein Township
Insein