SONIX - Your Advertising Partner
23/04/2023
Facebook သုံးရင်း ကိုယ်လိုချင်နေတဲ့ပစ္စည်းကြေငြာတွေ တောက်လျှောက်တက်လာတာ ကြုံဖူးလား?
တစ်ခါတစ်လေ ကိုယ့်စိတ်ကိုသိနေသလိုလို ကြက်သီးထစရာကောင်းလောက်အောင် သိနေလွန်းတာမျိုး 💭
ဒါတွေရဲ့ နောက်ကွယ်မှာရှိနေတာကတော့ AI (Artificial Intelligence) လို့ခေါ်တဲ့ human-level intelligence ရှိတဲ့ computer ဦးနှောက်ပါ။ AI science က ရှုပ်ထွေးတဲ့ပြသနာတွေဖြေရှင်းနိုင်ဖို့လူတွေဘယ်လိုပြုမူလဲဆိုတာကို လူတွေလိုစဥ်းစားပြီးပုံဖော်တဲ့ computer system တစ်ခုပါ။ တစ်နည်းအားဖြင့် လူတွေလိုစဥ်းစားတွေးခေါ်နိုင်ပြီး လူတွေထက် အဆပေါင်းများစွာဥာဏ်ကောင်းတဲ့ computer system ကြီးပါ။
သူ့အလုပ်လုပ်ပုံကတော့ လူ့ဦးနှောက်နဲ့မှတ်ဖို့မဖြစ်နိုင်လောက်အောင်လေးတဲ့အချက်အလက်တွေကိုစုပေါင်းပြီးတော့ လူတွေပုစ္ဆာတစ်ခုကိုဖြေရှင်းရင်အဆင့်ဆင့်စဥ်းစားသွားသလိုပုံစံမျိုး သူလည်းစဥ်းစားပြီးလုပ်စရာတစ်ပုံတစ်ပင်ကို စက္ကန့်ပိုင်း၊ မိနစ်ပိုင်းလေးအတွင်းအပြီးလုပ်သွားတာပါ။
AI က အဓိကအားဖြင့် learning ၂ ခုနဲ့လည်ပတ်ပါတယ်။
1. (ML) Machine Learning
စာရင်းအင်းတွေ data တွေအပေါ်အခြေခံထားပြီး Apple လို့ရှာရင် ပန်းသီးပုံပြပေးမယ်ဆိုတာမျိုး ပုံသေကျတဲ့ Learning ဖြစ်ပြီး သူလုပ်ရမှာတွေကို အဆင့်ဆင့် သူ့ဘာသာပဲ auto လုပ်သွားတာပါ
2. (DL) Deep Learning
neutrons တွေနဲ့ဖွဲ့စည်းထားတဲ့ လူ့ဦးနှောက်လိုမျိုးပဲ လူလုပ် neutrons network တွေအပေါ်အခြေခံပြီး machine learning ထက်ပိုပြီး အနုစိတ် အသေးစိတ်တဲ့ Learning ဖြစ်ပြီး တစ်ခါတစ်လေမှာ တကယ့်လူတစ်ယောက်နီးနီးကို စဥ်းစားတွေးခေါ်နိုင်ပါတယ်
AI က အားသာချက်တွေအများကြီးရှိသလို အားနည်းချက်၊ ချို့ယွင်းချက်တွေလည်းအများကြီးရှိနေပါသေးတယ်။
🤔 နည်းပညာတွေ ပိုတိုးတက်လာလေလေ တစ်ချို့နေရာတွေမှာ AI က လူတွေနေရာကို အစားထိုးဝင်သွားမလားဆိုတာကတော့ ပိုပိုမေးခွန်းထုတ်စရာဖြစ်လာနေပါတယ်။
10/02/2023
8Ps of Marketing (Performance)
------------------------------------------------------
ကျွန်တော်တို့P 8 P ထဲမှာမှ နောက်ဆုံးစာလုံး မြှောက်P ဖစ်တဲ့ Performance ကိုတူတူလေ့လာကြည့်ရအောင်ပါ။
Marketing team တစ်ခုရဲ့ performance က (Business)company တစ်ခုကို များစွာ ပြောင်းလဲနိုင်စွမ်းရှိပါတယ်။
ကျွန်တော်တို့အနေနဲ့ process တစ်ခုခု စလုပ်ပီဆိုပါက performanceက အဲ့process ရဲ့ result ကိုများစွာအထောက်အကူပြုပါတယ်။
နောက်ပီး 💁"Customer ရဲ့ trust နဲ့
Customer ရဲ့ စိတ်ကျေနှပ်မှု အပေါ်မှာ မိမိရဲ့ brand ကို များစွာ သက်ရောက်မှု ရှိပါတယ်။"
ဒါကြောင့် ကျွန်တော်တို့အနေနဲ့-
"မိမိတို့ရဲ့ သက်ဆိုင်ရာနယ်ပယ်အလိုက် "
Skill များကို အမြဲတမ်းတမ်း update ဖစ်အောင် train သင့်ပါတယ်။
ဥပမာ အားဖြင့် - ကိုယ်က content ပိုင်းနဲ့ပတ်သတ်ပီး လုပ်ကိုင်တဲ့ သူဖစ်ပါက Content Creation တွေဘယ်လို လုပ်ရင်ကောင်းမလဲ?
အစရှိသဖြင့် ကျွန်တော်တို့ရဲ့ skills လေးတွေကို
"Road to profession "(ကျွမ်းကျင်မှု)အဆင့်ထိရောက်နိုင်အောင်ကြိုးစားသင့်ပါကြောင်း သိသလောက်လေး knowledge sharing လုပ်လိုက်ပါတယ်ခင်ဗျာ။🥰
27/01/2023
8Ps of Marketing(Place)
------------------------------------------
လုပ်ငန်းတစ်ခုစလုပ်ဖို့Products or services တွေရှိရမယ်။
ပီးရင်အဲ့Productတွေကိုတန်ဖိုးသတ်မတ်မယ်။
အခုတတိယအနေနဲ့ ဒီဈေးနှုန်းသတ်မှတ်ထားတဲ့ ကိုယ်ရဲ့Product or services,တွေကို Customers တွေဆီချပြဖို့ အတွက်(place)နေရာလိုလာပါပီ။
Place ဆိုတာကတော့ Product or Services ရောင်းဖို့၊၀ယ်ဖို့နဲ့ Customer တွေကိုမိမိရဲ့ပစ္စည်းနဲ့ပတ်သတ်လေ့လာနိုင်ဖို့အတွက်ထားရှိတဲ့ နေရာလို့ပြောရမှာပေါ့။
လွန်ခဲ့စုဆယ်စုနှစ်တွေကတော့ place က external placeပုံစံ တစ်မျိုးတည်းအနေနဲ့ တွေ့နိုင်ပေမဲ့ နည်းပညာတိုးတက်လာတဲ့အချိန်မှာ Place ဆိုတဲ့ နေရာတွေဟာ Online shop တွေဖစ်တဲ့internal placeအနေနဲ့ပါ တွေ့လာရပါပီ။
ဒီလိုလေးတွေကွဲပြားတာကတော့အားလုံးသိပီးသား ဖစ်မှာပါ။
ဒါကလဲ Market Plan စီစဉ်တဲ့သူအနေနဲ့ ကိုယ့်ရဲ့target customer ဟာ မည်သည့်နေရာတွင်ရှိသည်ကို ဆုံးဖြတ်ရန်လိုအပ်ပါတယ်။
External place မှာလား ❔
Internal placeမှာလား ❔
Customer တွေအလွယ်တကူ ရှာဖွေလို့ရနိုင်တဲ့နေရာဖစ်မလား❔
အစရှိသဖြင့်အောင်မြင်သောစျေးကွက်ရှာဖွေရေးဗျူဟာတစ်ခုဖစ်နိုင်ရန် ကိုယ်ရဲ့ပစ်မှတ်ပရိသတ်ကို ၎င်းတို့၏အချိန်ဖြုန်းသည့် placeများအပေါ် အာရုံစိုက်ပြီးနေရာချချင်းဟာအကောင်းဆုံးဖစ်ပါတယ်။🥰
24/01/2023
8Ps of Marketing (Price)💰
--------------------------------------------
8Ps of marketing ရဲ့ ဒုတိယစာလုံးမြှောက်ဖစ်တဲ့ Priceဆိုတာဘာလဲ❔
Price နဲ့ပထမပိုင်းက လေ့လာခဲ့တဲ့Productနဲ့ကရောဘယ်လိုဆက်စပ်မှုရှိလဲ❔
ဆိုတာလေးတွေကိုတူတူလေ့လာကြည့်ကြရအောင်ပါ။
Price ဆိုတာအားလုံးသိကြမှာပါ။
ကျွန်တော်တို့ထုတ်လုပ်လိုက်တဲ့Products Or Services တွေရဲ့တန်ဖိုးကိုသတ်မှတ်တာကိုခေါ်ပါတယ်။
Price မှာအရေးကြီးဆုံးက စျေးနှုန်းမူဝါဒများ ချမှတ်တာပါ။
Company တွေအနေနဲ့ထုတ်လုပ်ထားတဲ့Product တွေအ ပေါ်ဈေးနှုန်းတွေသတ်မှတ်ကြပါတယ်။
ယခုကဲ့သို့ဈေးနှုန်းပမာနသတ်မှတ်တာ တွေကကျွန်တော်တို့ရဲ့ Product တွေကိုအကျိုးသက်ရောက်မှုများစွာ ရှိပါတယ်။
အဓိက Main နှစ်ချက်ကတော့-
👉 လုပ်ငန်းရဲ့ အမြတ်အစွန်း ပေါ်သက်ရောက်မှု
👉 Customer တွေရဲ့ စိတ်၀င်စားမှု၊၀ယ်ယူမှုပေါ်သက်ရောက်မှု တို့ပဲဖစ်ပါတယ်။
ဒီနစ်ချက်လုံး ရဲ့Results ကို တော့
"၀ယ်လိုအားနဲ့ရောင်းလိုအား"ကဆုံးဖြတ်ပေးပါတယ်။
💰Price အရမ်းနည်းရင်လဲ brand imageကိုထိခိုက် စေသလို
💰Price အရမ်းများရင်လဲကျွန်တော်တို့ရဲ့target Customer များရဲ့လျှစ်လျူရှုခြင်းကိုခံရပါလိမ့်မယ်။
ဒါကြောင့် ကျွန်တော်တို့အနေနဲ
Customer ရဲ့ အားပေးမှုလဲ အဆင်ပြေအောင်
လုပ်ငန်းProductတန်ဖိုးနဲ့ အမြတ်အစွန်းအတွက်လဲ အဆင်ပြေအောင် Price ကို Management သေချာလုပ်သင့်ပါတယ်ခင်ဗျာ။🥰
22/01/2023
8Ps of Marketing(Product)
-------------------------------------------
8Ps of Marketing မှာဘာတွေပါ၀င်လဲဆိုတာ သိပီးပီဆိုတော့ ကျွန်တော်တို့8Ps of Marketing မှာရှိတဲ့ ခေါင်းစဉ်တိုင်းရဲ့ Definitions တစ်ခု ချင်းစီကို တူတူလေ့လာကြည့်ကြရအောင်ပါ။
1️⃣ Product
Product ဆိုတာရောင်းတဲ့ပစ္စည်းပါပဲ။
သို့ပေမဲ့Productဆိုတာ ကိုင်လို့ထိရတဲ့အရာတွေကိုပဲproductလို့ထင်ရင်မပြည့်စုံသေးပါဘူး။
ကျွန်တော်တို့ကိုယ်လုပ်အားနဲ့ တစ်ဖက်သုံးစွဲသူ တွေလိုအပ်တာကို ရောင်းချခြင်းဟာproductပါပဲ။
"(ထုတ်ကုန်)တွေဆိုဟာ မြင်သာထင်သာရှိတဲ့ထုတ်ကုန် တွေ ရှိသလိုမမြင်နိုင်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအားလုံးကို Product လို့ခေါ်ပါတယ်။"
ဒီလိုပြောလို့Service က Productနဲ့ အကုန်တူတယ်လို့မပြောပါဘူး။
သို့ပေမဲ့ ကျွန်တော်တို့ Marketing Side ဘက်ကစဉ်းစားရင် compyဘက်က Services တွေဟာလဲ ကျွန်တော်တို့ရောင်းချရတာဖစ်တဲ့အတွက် Whole Things of Product ဆိုတဲ့ခေါင်းစဉ်ဘက်ကနေစဉ်းစားသင့်ပါတယ်။
"ထုတ်ကုန်တွေဟာ Customerတွေရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး သူ့ဘာသာသူ စျေးကွက်ရှာဖွေရေးကိရိယာ ဖြစ်လာနိုင်ပါတယ်။"
၎င်းProductတွေဟာပဲသုံးစွဲသူ ရဲ့စိတ်ကျေနပ်မှုကိုဖြည့်စည်းပေးနိုင်ရင် သုံးစွဲသူများကို အမှတ်တံဆိပ် ထောက်ခံသူများ(brand advocates)အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။👍
ဒါကြောင့် မိမိရဲ့ Product က-
☑️ Quality ပြည့်မှီတဲ့ Product ဖစ်အောင်👌
☑️Customer တွေရဲ့လိုအပ်ချက်ကိုဖြည့်စည်းနိုင်ရုံသာမက
☑️စိတ်ကျေနပ်မှု အကောင်းဆုံး ပေးစွမ်းနိုင်အောင်
အမြဲတမ်းစစ်ဆေးပီး အကောင်းဆုံး Product တွေထုတ်လုပ်နိုင်အောင် ပြင်ဆင်သင့်ပါတယ်။🥰
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon
Insein
11011
Opening Hours
| Monday | 09:00 - 22:00 |
| Tuesday | 09:00 - 22:00 |
| Wednesday | 09:00 - 22:00 |
| Thursday | 09:00 - 22:00 |
| Friday | 09:00 - 22:00 |
| Saturday | 09:00 - 22:00 |
| Sunday | 13:00 - 22:00 |