Tin Zar By Insurance and Financial Advisor

Tin Zar By Insurance and  Financial Advisor

Share

22/10/2024

ဘုရား တရား သံဃာ အားဖြင့် ရတနာမြတ်သုံးပါးသည် လောက၌ အမြင့်ဆုံးပါ။

ရတနာသုံးပါးအထက်၌ ဘယ်အရာမှ မရှိပါ။

ရတနာသုံးပါးသည် လောက၌ အမြတ်ဆုံးပါ။

ရတနာသုံးပါးနှင့်တူသော ဘယ်အရာမှ လောကမှာမရှိပါ။

ရတနာမြတ်သုံးပါးသည် လောက၌ ရတနာအစစ်တွေပါ။

ရတနာမြတ်သုံးပါးသည် လောက၌ အဆိုးမှန်သမျှ အနိုင်ရဖို့ ပေါ်ပေါက်လာတာပါ။

ရတနာမြတ်သုံးပါးသည် လောက၌ အကောင်းမှန်သမျှ အပိုင်ရဖို့ ပေါ်ပေါက်လာတာပါ။

မြတ်စွာဘုရား၏အသက်ကို မည်သူမျှ သေအောင်မသတ်နိုင်ပါ။ အချိန်ကျမှ သဘာဝအားဖြင့် ငြိမ်းတော်မူရတာပါ။

မြတ်စွာဘုရား၏ အသက်ကို မည်သူမျှ အန္တရာယ်မပြုနိုင်ပါ။

မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်ကို မည်သူမျှ အန္တရာယ် မပြုနိုင်ပါ။

မြတ်စွာဘုရားအားလှူဒါန်းထားသော ပစ္စည်းလေးပါးကို မည်သူမျှ အန္တရာယ်မပြုနိုင်ပါ။

မြတ်စွာဘုရား၏ လက္ခဏာတော်ကြီးငယ် အရောင်‌ခြောက်သွယ်ကို မည်သူမျှ အန္တရာယ်မပြုနိုင်ပါ။

ဤအမှန်စကားကြောင့် ငါ့အား နှောင့်ယှက်တတ်သော အဖျက်အန္တရာယ် လုံးဝကင်းပါစေသတည်း။

ဤအမှန်စကားကြောင့် ငါ့အား နှောင့်ယှက်တတ်သော အသက်အန္တရာယ် လုံးဝကင်းပါစေသတည်း။

ဤစကားမှန်ကြောင့် ဘေးရန်ကြောင့်ကြ ဒုက္ခကင်းပါစေသတည်း။

အေးမြချမ်းသာ ကျန်းမာကြပါစေသတည်း။

ဤစကားမှန်ကြောင့် နိုင်ငံကိုနှောင့်ယှက်တတ်သော အဖျက်အန္တရာယ် အမြန်ကင်းပါစေသတည်း။

ဤစကားမှန်ကြောင့် နိုင်ငံကိုနှောင့်ယှက်တတ်သော အသက်အန္တရာယ် အမြန်ကင်းပါစေသတည်း။

သုံးပါးမြတ်စွာရတနာကြောင့် ကမ္ဘာကိုနှောင့်ယှက်တတ်သော အဖျက်အန္တရာယ် အမြန်ကင်းပါစေသတည်း။

သုံးပါးမြတ်စွာရတနာကြောင့် ကမ္ဘာကိုနှောင့်ယှက်တတ်သော အသက်အန္တရာယ် အမြန်ကင်းပါစေသတည်း။

ဤအိမ်အတွင်း ဤအိမ်ဝင်းအတွင်း ဤလမ်းအတွင်း ဤရပ်ကွက်အတွင်း ဤမြို့နယ်အတွင်း ဤမြို့လေးအတွင်း ဤမြို့ကြီးအတွင်း ဤနိုင်ငံအတွင်း ဤကမ္ဘာအတွင်း ရောက်ရှိနေကြသော မိသားစုများနှင့်တကွ ရဟန်းရှင်လူ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့နှင့်တကွ သတ္တဝါအားလုံးတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။

ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။

ပူပန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။

ရောဂါခပ်သိမ်း ကင်းငြိမ်းကြပါစေ။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

နှလုံးစိတ်ဝမ်း ရွှင်ကြည်လန်း၍ အေးချမ်းကြပါစေ။

ဝဲ ယာ ရှေ့ နောက် ထက် အောက်မကြွင်း ခပင်းများစွာ သတ္တဝါ မေတ္တာပျံ့၍အေးပါစေ။

10/03/2024

အသက်အာမခံ Product တခုက ပေးတဲ့ Benefits & Coverage တွေဆိုတာ Customer ဆီက ကောက်ခံရရှိမယ့် Total Premium ပေါ်မှာ မူတည်ပါတယ်။ နိုင်ငံတခုရဲ့ CBM Rate ပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။
အာမခံကုမ္ပဏီရဲ့ အကျိုးအမြတ်ဆိုတာကလည်း အာမခံပေါ်လစီ သက်တမ်း ပြီးဆုံးမှသာ သိရှိနိုင်တာပါ။
ဒီတော့ ဆယ်စုနှစ် ၁ စုလောက် Invest လုပ်ရပါတယ်။

အာမခံကုမ္ပဏီတွေက Product အမျိုးမျိုး ဖန်တီးရောင်းချတဲ့အခါ ...
Customer ကို ပြန်ပေးတဲ့ အမြတ်ဆိုတာကလည်း ဒီဘောင်ထဲမှာ ရှိနေပါတယ်။

ဒီတော့ Product Design တွေဆိုတာက ဟိုနေရာလေးကို ဟိုလို Cover ပေးမယ် ... ဒီနေရာလေးမှာတော့ ဒီလို Benefit လေးထည့်မယ် စသဖြင့် လိုတိုးပိုလျော့ လုပ်ပြီး အမျိုးမျိုး ဆွဲဆောင် ရောင်းချကြတာပေါ့။

အေးဂျင့်ကိုပေးတဲ့ ကော်မရှင်ဆိုတာကလည်း Customer ဆီကရတဲ့ ပရီမီယံပေါ်မှာ ပဲ အခြေခံနေပါတယ်။

အရပ်စကားနဲ့ ပြောရရင် ...
▪️Customer Benefits ပိုများရင် Company နဲ့ Agent ထိုက်သင့်တဲ့ ဝင်ငွေ/ အမြတ် တခု ရှိမယ်။
▪️Customer Benefit က တော်ရုံလောက်ဆို Company နဲ့ Agent က ဝင်ငွေ/အမြတ် ပိုမိုရရှိမယ်။

Product တွေ အများကြီးထဲမှာ ဒါမျိုးတွေ ရှိပါတယ်။

အသက်အာမခံ Product တွေ ဘယ်ဟာ ပ်ိုကောင်းလဲ လေ့လာကြည့်တဲ့အခါ ... အများအားဖြင့် Customer side ဘက်ကပဲ ကြည့်ပြီး သုံးသပ်ရွေးချယ်ပေးကြတာပေါ့။

ဒါပေမယ့် ဒီနေရာမှာ Freelance Agent နဲ့ Company ဝန်ထမ်းနဲ့ ရောင်းတဲ့အခါ ချဉ်းကပ်တဲ့ပုံစံ ကွာတယ်။

Company ဝန်ထမ်းဆိုတာက ... Market ထဲက Product တွေ ထည့်ပြီး မစဉ်းစားပေးနိုင်ဘူး။ Product အားသာချက် အားနည်းချက် ဘယ်လိုပဲရှိရှိ အလုပ်ရှင်က ရောင်းခိုင်းတဲ့ Product တွေကိုပဲ ရောင်းချပေးရတာ ဖြစ်တယ်။

Freelance Agent တွေကတော့ Customer တွေအတွက် သင့်တော်နိုင်တဲ့ အခြေအနေမျိုးကို ရွေးချယ်ပေးနိုင်တဲ့ အခွင့်အလမ်း ပိုရတယ်။

ပြီးတော့ ... Product တွေကို နှိုင်းယှဉ်သုံးသပ်ကြည့်တဲ့အခါ
Customer Side ဘက်က မဟုတ်ဘဲ
Company side ဘက်က ကြည့်ပြီး
လေ့လာသုံးသပ်ကြည့်တဲ့အခါ မတူညီတဲ့ အမြင်တခုနဲ့ တွေ့ရပါလိမ့်မယ်။

Product အားလုံးကတော့ .. အကာအကွယ်ပေးတာ ဖြစ်ပေမယ့်
အရပ်စကားနဲ့ပြောရရင် စီးပွားရေးသမား တယောက်က
▪️ဘယ်ထုတ်ကုန်ကတော့ သူ့အတွက် ပိုကျန်မလဲ
▪️ဘယ်ထုတ်ကုန်က သူ့အတွက် ဆုံးရှုံးမှု နည်းနိုင်လဲ
▪️ဘယ်ထုတ်ကုန်ကဖြင့် ပိုကျန်တဲ့အတွက် Healthy Risk ရဖို့ ကုန်ကျစရိတ်ကို သူတို့ ပိုသုံးနိုင်လဲ
▪️ဘယ်ထုတ်ကုန်က ပိုကျန်မှာမို့ အရောင်းသမားကို ဘယ်လောက် ပိုပေးထားလိုက်မလဲ
ဆိုတာတွေက
လေ့လာကြည့်ရင် စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဆက်ရန် ---

#ကျော်ကျော် (တောင်ငူ)
#အာမခံအကြံပေး

19/02/2024

ရုပ်ရှင်မင်းသားညွန့်ဝင်းတို့
ရုပ်ရှင်အဖွဲ့ဟာ.
ဧရာဝတီမြစ်ကိုဖြတ်ကူးဖို့
ဇက်ဆိပ်မှာ
စောင့်နေကြတယ် ။
ဇက်ဆိပ်နားက
ရွာက လူတွေဟာ
ရုပ်ရှင်မင်းသား မင်းသမီးတွေ
ရှိနေတယ်ဆိုတော့
လာကြည့်ကြတာပေါ့ ။
မင်းသားညွန့်ဝင်းကတော့
ကြည့်နေတဲ့ လူအုပ်ကို
အရေးသိပ်မထားဘဲ
ခပ်အေးအေးပဲ ဟန်ပါပါနဲ့
ရပ်ပြီး နေတယ်။
အဲ့ဒီအချိန်မှာ လူအုပ်ထဲကနေ
အဖွားအိုတစ်ယောက်က
" ဟဲ့ ဖယ်ကြစမ်းပါဟဲ့ ၊
ငါ မမြင်လို့ပါ ၊
ကိုတင်မောင့် သားလေးဆို ..
ငါကြည့်ချင်လို့ပါ "
လို့ အော်ပြောရင်း လူအုပ်ကို တိုးကာ
ရှေ့ကို တွန်းတိုးလာတယ် ။
ဒီအဘွားအိုရဲ့အသံကြောင့်
လူအုပ်ကို ဂရုမစိုက်တဲ့
မင်းသားညွန့်ဝင်းဟာ
လူအုပ်ဘက်ကို ဆတ်ကနဲ
တစ်ချက် လှည့်ကြည့်ရင်း
လူအုပ်ဘက်ကို လျှောက်လာပြီး
အဘွားအိုလက်ကို လက်နှစ်ဖက်နဲ့
ကြင်ကြင်နာနာ အုပ်ကိုင်ကာ-
"အမေကြီး ၊ အမေကြီးက ဖေဖေ့ကို
သိသလား ခင်ဗျ "
လို့ မေးလိုက်တယ်။
အဘွားအိုက-
"သိတာပေါ့ကွယ် ...
ဘုရားဒကာ ကျောင်းဒကာ
ဇာတ်မင်းသားကြီး...
မှန်းစမ်း-ကိုတင်မောင့်သားလေးက
လူချောပဲ"
အဲ့ဒီအချိန်မှာ-
လူအုပ်ထဲက လူငယ်တစ်ယောက်က ..
"အဘွားကြီး ရမ်းဖြီးနေတယ်၊
မျက်စိလည်း မကောင်းဘဲနဲ့၊
ချောသလေး ဘာလေးနဲ့
ရုပ်ရှင်ပေါ်မှ မြို့လည်း တစ်ခါမှ
မရောက်ဖူးဘူး၊
ညွန့်ဝင်းလည်း မမြင်ဖူးဘူးနဲ့ "
ဆိုပြီး ပြောတော့
လူအုပ်က ဝိုင်းရီကြတယ် ။
အဘွားအိုက-
"ဟဲ့- ငါက မျက်စိမကောင်းလို့
ရုပ်ရှင်မကြည့်ဖူးလို့
ညွန့်ဝင်းကို မသိပေမဲ့
သူ့အဖေ ရွှေမန်းတင်မောင်ကို
ငါသိတယ်၊ မြင်ဖူးတယ်
အဆိုကောင်း အကကောင်း
လူချော ။
ငါတို့ အရမ်းချစ်တာ ၊
အေး- သူ့သားညွန့်ဝင်းလည်း
ချောမှာပဲ ၊ ချစ်ဖို့ ကောင်းမှာပဲ"
လို့ တောသူရိုးရိုးသံကြီးနဲ့
ပြောချလိုက်တယ်။
အဲ့ဒီအဖြစ်ပျက်ကို အနီးနားက
ကြည့်နေတဲ့ သုမောင်က-
" ဪ- လူတွေက မိဘတွေကို
ချစ်ရင် သူတို့ သားသမီးတွေကိုလည်း
ချစ်ကြပါလား"
လို့-သုံးသပ္လိုက်သတဲ့။
လူ့လောက လူ့ပတ်ဝန်းကျင်မှာ-
မိမိရဲ့သမိုင်းကောင်းအောင် နေထိုင်ခြင်း၊
လူ့ပတ်ဝန်းကျင် လောကက ချစ်အောင်
နေခြင်းဟာ မိမိမျိုးဆက် သား သမီး
မြေး မြစ်ထိ သက်ရောက်တယ်ဆိုတာ
သိစေချင်လှပါတယ်။
တိုင်း နိုင်ငံ ရပ်ကွက် မြို့ ရွာက
ချဉ်သော ရွံသော လူရဲ့ သားသမီးကို
အလိုလို ချဉ်နေကြမှာဖြစ်သလို...
တိုင်း ပြည် မြို့ ရွာက
ချစ်သောလူရဲ့ သားသမီးမြေးကိုတော့
ဘယ်သူ့ သားသမီးဆိုတာနဲ့ကို
ချစ်ကြမှာပါပဲ ။
ပြောချင်တာက-
လူဟာ မိမိရဲ့ ဘဝသမိုင်းကို
ကောင်းအောင် ကြိုးစားနေထိုင်ခြင်းသည်
မိမိမျိုးဆက် ရင်သွေးများထိ
သက်ရောက်မှုရှိတယ် ဆိုတာပါပဲ ။
ခင်ဗျားတို့ သားသမီးတွေကို
လူ့လောကကြီးက ချစ်ခင်စေချင်လား၊
ခင်ဗျား-လူချစ်အောင် နေပါ။
ခင်ဗျားတို့ သားသမီးတွေ-
လူ့လောကမှာ ဂုဏ်မငယ်စေချင်ဘူးလား ..။
ခင်ဗျား- ကိုယ်ကျင့်တရား ကောင်းအောင်နေပါ။
Crd

Want your business to be the top-listed Realtor/realty Service in Insein?
Click here to claim your Sponsored Listing.

Address


Yangon
Insein