Sexy Betta
09/10/2022
Fccp (female)
good health💪
No. 10
👉ready to breed 👈
Ph; 09259053826 , 09791736021 ☎
Location: Oo San lone street,Taung Taung Thu Gone
Insein,Yangon.....
5🍏🍏🍏
Video👇👇👇👇
09/10/2022
SO❌
Marbel (male)
good health💪
No. 7
👉ready to breed 👈
Ph; 09259053826 , 09791736021 ☎
Location: Oo San lone street,Taung Taung Thu Gone
Insein,Yangon.....
5🍊🍊🍊
Video👇👇👇👇
Giveaway ပေးမယ့် blcak cop (indo blood line) local လေးပါဗျ.....
Like, follow and share ခြင်းတို့ဖြင့်ကူညီပေးကြပါဦး ညိုကီအပေါင်းတို့ 😍
စနေနေ့ည ကံထူးရှင်ဘယ်သူဖြစ်မလဲဆိုတာ မင်မင်တို့နဲ့အတူရင်ခုန်ကြည့်ကြရအောင်..... ☺
Giveaway link လေးပါ....😇
https://www.facebook.com/100989466114996/posts/107674618779814/
28/09/2022
ကျွန်တော်တင်ထားတဲ့ရောဂါတွေအထဲကမှ ဒီလို case မျိုးဟာ ရှားပါးဖြစ်စဥ်ပါ ကျွန်တော်ဆက်လိုက်လေ့လာဖြစ်ခဲ့ပါတယ်။ အဓိက ပြသာနာဟာ Water temperature shock လို့ ယူဆမိပါတယ်။ သူတို့ဟာ စဖြစ်ဖြစ်ချင်း ရောဂါလက္ခဏစပြပါတယ်။ဒါလည်းကျွန်တော်လေ့လာခဲ့တဲ့အထဲက တခုပါ။ကဲဒါဆို လက္ခဏ တွေဘယ်လိုစပြလဲ အများသိအောင် ပြောပြချင်ပါတယ်။
၁ ခေါင်းပိုင်းတွေ အရမ်းလှုပ်ပီးတချက်တချက်တွန့်တတ်ပါတယ်။
၂ ငါးကအရမ်းလူးပီး တချက်ချက်ခုန်ပါတယ် အသံကြားရပါတယ်။
၃ ဇောက်ထိုးကူး ပက်လက်ကူး အမျိုးမျိုး ကူးနေတတ်ပါတယ်။
၄ လေကိုမနည်း၀အောင်ရှုနေရတတ်ပါတယ်။
ကဲဆက်သွားရအောင် အဲလိုတွေဖြစ်နေပီဆို ဒါသူတို့အသက်အန္တရာယ်စိုးရိမ်ရပါပီဒီတ်ိုင်းထိုင်ကြည့်နေရင်မိနစ်ပိုင်းအတွင်းကိုသေတာပါ။ ကုနည်းတွေထဲက သူတို့ရဲ့ဗိုက်လေးတွေကို ဖွဖွလေးနှိပ်ပေးခြင်းတို့ ရေလျှော့ ဆားကြမ်း ဆေးနည်းတွေနဲ့ကုကြည့်ခဲ့ပါတယ် အဆင်မပြေခဲ့ပါဘူး။အဲဒါနဲ့ဆက်လက်လေ့လာရင်းနဲ့ ကျွန်တော် တခုစမ်းကြည့်လိုက်တယ် အဲလိုဖြစ်နေတဲ့ငါးတကောင်ကို ပထမ ရေလျှော့လိုက်တယ် ပီးတော့ ရေနွေးလောင်းထည့်ပေးလိုက်တယ် အဲမှာ တခုပြောစရာရှိတာက ရေနွေးကို ချိန်ထည့်ရမှာပါ အရမ်းရေပူအောင်မထည့်ပါဘူးနော် ရေကိုနွေးအောင်လောက်ပဲပူနေတဲ့ရေနွေးနဲ့ ရောပေးလိုက်တာပါ ရေကိုအများကြီးလည်းမထည့်ပါဘူး။ထူးဆန်းတာတခုတွေ့ခဲ့ရပါတယ် အဲလိုလုပ်ပီးမကြာဘူးခုနက တွန့်တွန့်လူးနေတဲ့ငါးက ပုံမှန်အခြေအနေတခုကိုပြန်ရောက်ခဲ့ပါတယ်။ဒါကျွန်တော်ကုနည်းပေါင်းစုံထဲက စမ်းသပ်ကြည့်တဲ့ နည်းတခုပါ။ဆက်လက်စောင့်ကြည့်နေစဲပါ။ အလားတူ ကျွန်တော်ပြောသလိုဖြစ်လာခဲ့ရင် သတိထားပါ ပြာယာခပ်မနေပဲ စိတ်အေးအေးထားပီး ကုကြည့်ဖို့ မှာချင်ပါတယ်။ all peace ညီအကိုတို့ ကျွန်တော် iron ကလည်း ငါးလေးတွေ အကောင်းကြီးကနေ Shockရပီး ကိုကိုယ်မျက်စိရှေ့မှာသေသေသွားတာမျိုး ထိုင်မကြည့်ရက်ပါဘူး ဒါကြောင့် ဒီဖြစ်ရပ်ကို လေ့လာနေစဲပါ ဆက်လိုက်လေ့လာပါဦးမည်။ ကျွန်တော်လေ့လာထားတာလေးတွေ ပြန်လည်မျှဝေပေးသွားပါမယ်။
Betta လေးတွေလုပ်တာ ဆရာဝန်လုံးလုံးဖြစ်နေပီ 😅😅🤣🤣
Iron betta မှပြန်လည်မျှဝေပါသည်။
24/09/2022
Overfeeding [ အစာအလွန်အကျွံကျွေးခြင်း ]
- ရေအရည်အသွေးညံ့ဖျင်းမှု
ငါးတကောင်စမွေးတော့မယ်ဆိုလျှင် ပထမဆုံးဂရုစိုက်ရမှာ ရေအရည်အသွေးပါပဲ။ ရေအရည်အသွေးညံ့ဖျင်းနေရင် ငါးဟာ stress ဝင်ခြင်း၊ ရောဂါဝင်ခြင်းတွေဖြစ်ပြီး သေနိုင်ပါတယ်။ Betta တွေကို ထိန်းသိမ်းတဲ့ ကန်တွေဟာ တခြားငါးတွေလို မကျယ်ဝန်းတဲ့အတွက်ကြောင့် ရေညစ်ပတ်လွယ်တာကို သတိပြုဖို့လိုပါတယ်။ ဘယ်ငါးမှ တစ်လီတာရေဘူးထဲမှာ မနေဘူးဆိုတာလဲ သတိရပေးပါ။ Collector တွေအနေနဲ့ ဖြစ်နိုင်ရင် တစ်ပေပတ်လည်ကန်ကို Bio-filter လေးနဲ့ထားနိုင်ရင် ပိုအဆင်ပြေပါတယ်။ ကိုယ့်ရဲ့ငါးလေးကို လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာတာကိုမြင်ရတော့ စိတ်ချမ်းသာစေမှာ အမှန်ပါပဲ။
- Betta တွေဟာ အမြဲဗိုက်ဆာမနေပါဘူး။
Betta တွေဟာ သူတို့ရဲ့သခင်ကိုမှတ်မိကြပါတယ်။ လူနဲ့ ယဉ်လာတာနဲ့အမျှ Flower Horn (စာတန်းငါး) ကဲ့သို့ မြင်တာနဲ့ လှုပ်ရွနေတော့တာပါပဲ။ ဒါကို ဗိုက်ဆာတယ်ထင်ပြီးအများကြီးခနခနကျွေးမိရင်တော့ငါးကနတ်ပြည်ရောက်တော့မှာပါ ။
Betta တွေဟာ သဘာဝထဲမှာဆိုရင် အမှိုက်သရိုက်တွေကြားထဲကနေ သားကောင်ရှာစားခြင်း၊ တခြားငါးပေါက်လေးများကို စားခြင်း၊ တခြားငါးဥများကိုစားခြင်းဖြင့် အသက်ရှင်ကြပါတယ်။ အစာရှာဖို့ တနေရာကနေ တနေရာကို ကူးခတ်နေရတဲ့အတွက် လှုပ်ရှားမှုများပြီး အရင်အစာဟောင်းတွေက ကြေလွယ်တဲ့အပြင် အစာကိုစားချင်းတိုင်းစားခွင့်မရှိတဲ့အတွက် overeating မဖြစ်တော့ပါဘူး။
မှန်ကန်ထဲထည့်မွေးတဲ့အခါမှာတော့ အစာရှာမစားရတော့ပဲ လူကျွေးသမျှ အခန့်သင့်ထိုင်စားနေရုံပါပဲ။ ရေကူးစရာနေရာကျယ်ကျယ်လဲမရှိတဲ့အတွက် အစာကြေဖို့အချိန်တော်တော်ယူရပါတယ်။ အခုလို ဆောင်းတွင်းဆို လှုပ်ရှားမှုမရှိတဲ့အတွက် အစာကြေဖို့ပိုကြာပါတယ်။ လူနဲ့ ယဉ်နေတဲ့အခါ လူမြင်တာနဲ့ အစာကျွးတော့မယ်အထင်နဲ့ အစာတောင်းတတ်ပါတယ်။ ဒီအချိန်မှာ ဝါသနာရှင်တို့အနေနဲ့ ဗိုက်ဆာလို့တောင်းတယ်လို့ ထင်ပြီး အစာချ,ချကျွေးနေရင်တော့ overfeeding ဖြစ်ပြီး ကိုယ်မသိလိုက်ပဲ ကိုယ့်ငါးကိုယ် သ(တ်)သလိုဖြစ်နေပါလိမ့်မယ်။
- လိုတာထက်ပိုကျွေးခြင်း
ငါးမွေးသက်မရင့်သေးတဲ့ ဝါသနာရှင်တွေဟာ ရေထဲဖွဲပြာပစ်ချသလို ငါးစာကျွေးကြပါတယ်။ ငါးစာကျွေးရင် ၁၀/၁၅ မိနစ်အတွင်း ကုန်လောက်မည့်ပမာဏသာကျွေးသင့်ပါတယ်။ ငါးတွေဟာ လူတွေလိုအစာပြေမုန့်ထပ်စားကြတဲ့ သတ္တဝါတွေမဟုတ်ပါဘူး။ ဒါကြောင့် အစာပို၊ အစာကျန်တွေကို ငါးကန်ထဲမှ ဖယ်ရှားပစ်ဖို့ လိုပါလိမ့်မယ်။ အစာပိုတွေဟာ ရေထဲမှာကြာကြာစိမ်မိရင် ပျော့ပြဲသွားတတ်တာ ငါးမွေးသူတိုင်းသိကြပါတယ်။ ပျော့ပြဲသွားတဲ့အခါ အစာထဲက ငါးကိုထောက်ပံ့ပေးမဲ့ အာဟာရတွေဟာ ရေထဲပျော်ဝင်သွားပြီး ငါးအတွက်လဲ အကျိုးရှိမှာမဟုတ်ပါဘူး။
- Cloudy Water (ရေတိမ်ရောင်ထခြင်း)
အထက်ကပြောခဲ့သလို အစာကြွင်းကျန်တွေကြောင့် ရေဟာ cloudy ဖြစ်လာမှာ အသေအချာပါပဲ။ Cloudy water ဟာ bacteria (ဘတ်တီးရီးယား) များကို အလျင်အမြန်ဖောက်ပွားစေနိုင်ပါတယ်။ Bacteria တွေဟာ ငါးအတွက် အန္တရာယ်မရှိရင်တောင်မှ cloudy water ဟာ bacteria တွေပိုပေါက်ပွားစေဖို့ အစပျိုးပေးမှာပါ။ Bacteria တွေဟာ အစာအကြွင်းအကျန်တွေကိုစားသောက်ကြပြီး အာဟာရဓာတ်ရရှိကာ နာရီအနည်းငယ်အတွင်း မျိုးပွားနိုင်ပါတယ်။ ကန်ထဲမှာ ပေါက်ပွားလာတဲ့ bacteria တွေသာ ငါးအတွက် အကျိုးမပြုခဲ့ရင် ဝါသနာရှင်တို့ရဲ့ငါးကို ရောဂါဖြစ်စေမှာ အသေအချာပါပဲ။ ဒါကြောင့် အစာကိုလျော့ကျွေးပြီး cloudy water မဖြစ်အောင် ဂရုစိုက်ပေးပါ။
- PH လျော့ကျစေခြင်း
Betta တွေဟာ PH 6.8 နဲ့ 8 ကို ကြိုက်ကြတဲ့ငါးမျိုးဖြစ်ပါတယ်။ အစာအကြွင်းအကျန်တွေနဲ့ ငါးရဲ့အညစ်အကြေးတွေ ဓာတ်ပြုပြိုကွဲတဲ့အခါ ရေရဲ့ PH ကို လျော့ကျစေပါတယ်။ ငါးကန်ထဲမှာ PH လျော့၊ မလျော့ကိုတိုင်းတာရန် PH test kit နဲ့တိုင်းမှရပါမယ်။ အမြင်နဲ့ဆုံးဖြတ်လို့မရပါဘူး။ PH လျော့ကျခြင်းဟာ ငါးအတွက် အန္တရာယ်ရှိတဲ့ ammonia ကို မြှင့်တက်စေပါတယ်။
- Ammonia မြှင့်တက်လာခြင်း
ငါးဝါသနာရှင်တွေအတွက် အမိုးနီးယားပြဿနာဟာ အရေးကြီးတဲ့အထဲမှာ ပါ,ပါတယ်။ အမိုးနီးယားဟာ ငါးရဲ့အညစ်အကြးများမှ ပေါက်ဖွားလာခြင်းဖြစ်ပါတယ်။ အမိုးနီးယားဟာ ရေကိုဖျက်စီးတတ်ပြီး ငါးကို stress ဝင်စေကာ ရောဂါဖြစ်ပြီး သေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ကန်ကြီးကြီးနဲ့မွေးရတဲ့ တခြားငါးတွေအတွက် media box အပြည့်အဆုံနဲ့ Filter တွေအသုံးပြုပြီး ကာကွယ်လို့ရပေမဲ့ Betta တွေအတွက်ကတော့ အနည်းဆုံးတစ်ပတ် တစ်ခါတော့ရေ ၇၀ ရာခိုင်နှုန်းလောက်လဲပေးပြီး ကာကွယ်လို့ရပါတယ်။ လိုတာထက်ပိုပြီး အစာကျွေးခြင်းဟာ ရေရဲ့ ammonia level ကို ရုတ်တရက် မြင့်တက်စေပြီး ငါးအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း သတိပေးရင်း ဒီမှာပဲနိဂုံးချုပ်ပါမယ်။
Betta hugo page မှပြန်လည်မျှဝေပါသည်။
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Telephone
Website
Address
Oo San Lone Street, Taung Thu Gone
Insein