Cate Collections
22/02/2024
Ethic ( စည်း - ကျင့်ဝတ် )
Ethic ရှိတယ်ဆိုတာ ဘယ်လိုမျိုးကို ခေါ်တာလဲ❓
အရမ်း ခင်နေရာကနေ မခင်ကြတော့ဘူး
မုန်းသွားမယ်ဆိုတောင်
ခင်မင်ကြတုန်းက ပြောခဲ့တဲ့ လှို့ဝှက်ချက်တွေ
အတွင်းစကားတွေကို အတင်းမပြောတဲ့ စည်း။
တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ရင်
မဆိုင်တဲ့ personalတွေ သူတပါးရဲ့
အားနည်းချက်တွေကို မပြောသင့်တဲ့ စည်း။
ကိုယ့်ကိုယုံကြည်လို့ ပြောခဲ့တဲ့စကားတွေကို
မျက်နှာလို မျက်နှာရ လိုချင်ဇောနဲ့
သွားသတင်းမပေးသင့်တဲ့ စည်း။
စည်းမရှိတော့ ဘာဖြစ်လဲ? ? ?
ဟုတ်ကဲ့။ ဘာမှတော့ မဖြစ်ပါ။
ကိုယ့်တန်ဖိုး ကိုယ် သတ်မှတ်တာပေါ့။ ။
Ethic ကို လူ့ကျင့်၀တ်၊ ကိုယ်ကျင့်သိက္ခာ၊
ကျင့်၀တ်တရား၊ ကိုယ်ကျင့်တရား
စသည်ဖြင့် အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။
လူ့အသိုင်းအဝိုင်းကြီးထဲမှာ Ethic ဆိုတဲ့
လူ့ကျင့်၀တ် အရမ်းကို အရေးကြီးပါတယ်။
အချင်းချင်းလေးစားမှုတွေ၊ စည်းကမ်းတွေ၊
လူသားချင်း စာနာမှု နဲ့ နားလည်မှုတွေ
အများကြီးပါ၀င်ပါတယ်။
Public Area တွေမှာ စကားကို အကျယ်ကြီး
မပြောတာမျိုး၊ သီချင်းသံ အကျယ်ကြီး မဖွင့်တာမျိုး။
၀င်ပေါက်နေရာမှာ ပိတ်မရပ်တာမျိုး။
တခြားသူတွေ စကားပြောနေတဲ့အချိန်မှာ
ကြားဖြတ်ပြီး ၀င်မပြောတာမျိုး။
ငွေကြေးအခက်အခဲရှိနေတဲ့
သူငယ်ချင်းတစ်ယောက်ရှေ့မှာ ကိုယ်သုံးနေတဲ့
တန်ဖိုးကြီး Brandတွေ အကြောင်း မပြောတာမျိုး။
မိသားစု ဖြစ်နေစေကာမူ သူများအခန်းထဲ
၀င်မယ်ဆိုရင် တံခါးခေါက်တာမျိုး။
အမှိုက်ကို အမှိုက်ပုံးထဲ သေချာစွန့်ပစ်လိုက်တာမျိုး။
Privacy ကိုထိခိုက်စေနိုင်တဲ့မေးခွန်းတွေ
(ဥပမာ- ကလေးမယူကြသေးဘူးလား၊ လစာက ဘယ်လောက်ရလဲ၊ နင်တို့သမီးရည်းနှစ်ယောက် လက်မထပ်ကြသေးဘူးလား )
စတဲ့မေးခွန်းတွေ မမေးတာမျိုး။
သူတစ်ပါးရဲ့ ဖြစ်တည်မှုကို မရှုံ့ချတာမျိုး။
(ဥပမာ- ဟယ် နင်၀လာလိုက်တာ၊
နင်အသားတွေမဲသွားတယ်နော်၊
အမလေး နင့်မျက်နှာကြီးကလဲ အဖုတွေနဲ့နော်
Skin Care မလုပ်ဘူးလားစသည်ဖြင့်)
စတဲ့ အသေးမွှားမွှား ကိစ္စလေးတွေကအစ
ကြီးကြီးမားမားကိစ္စတွေအဆုံး သိတတ်
နားလည်ခြင်းကို Ethic ရှိတယ်လို့ခေါ်ပါတယ်။
Ethic ရှိတယ်ဆိုတာ
IQ ဘယ်လောက် ကောင်းတယ်၊
စာဘယ်လောက် တော်တယ်၊
ငွေ ဘယ်လောက် ရှာနိုင်တယ် ဆိုတာနဲ့ မဆိုင်ပါဘူး။
ဘယ်လောက် တော်တော်
ဘယ်လောက် ကောင်းကောင်း
Ethic မရှိတဲ့သူက မရှိတာပါပဲ။
သင့်မှာ ရှိတဲ့ Ethic နှင့် စည်းက
သင့် အဆင့်အတန်း တန်ဖိုးပါပဲ။
Jobs4U
Seize The Opporrunities!
-----------
Credit
19/02/2024
ရနိုင်တာလေးတွေပါရှင့် 🥰❤️
တပုံချင်းစီအောက်မှာ ဈေးပါပါတယ်🤙
အဆင်ပြေကြပါစေရှင့် 🙏💓
11/02/2024
ပန်းတွေပြောသောစကား
Crd
30/01/2024
''ဒီပန်းညှိုးမှ မင်းကိုမေ့မယ်''
ကဲကဲ
ပန်းလေးပေးပြီး ကောင်မလေးကို
ကြူးလို့ရပါပီ 🤭🫶
Size မခိုဘူး ✅
သပ်သပ်ရပ်ရပ်လေး✅
နဲ့ ဈေးချိုချိုလေး✅ မို့
စိတ်ကြိုက် လက်လီ လက်ကား
မှာ ယူ နိုင်ပါတယ် ရှင့်
ဆယ်ပွင့်မှ
စ လက်ကားပေးပါတယ်ရှင့်
လက်ကားဈေး က သိပ်ချိုလို့ 💯
ပြန်ရောင်းသမားများ အထူးအဆင်ပြေပါတယ်နော် 🥰🫶
Lavender 2500
Tulips 4000
Lily 4500
ဘားအံ မြို့။
09785509800
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Hpa-an
HPAAN,MYINEKALAY.