Sharing Corner

Sharing Corner

Share

20/04/2024

၂၁ ရာစု အမှန်တရားများ

အိမ်အကြီးကြီးတွေ ဆောက်ကြတယ်
ဒါပေမယ့် မိသားစုဝင်အရေအတွက်ကတော့
နည်းသထက် နည်းလာကြတယ်

ဘွဲ့တွေပိုပြီး ယူလာကြတယ်
ဒါပေမယ့် ဘဝပေးအသိတွေက
ပိုပြီး နည်းလာကြတယ်

ဆေးပညာက ပိုပို တိုးတက်လာပေမယ့်
လူတွေရဲ့ကျန်းမာရေးတွေက
ပိုပြီး မကောင်းတာတွေ ဖြစ်လာကြတယ်

ဝင်ငွေတွေ မြင့်မားလာအောင်
အလုပ်တွေ ကြိုးစားပိုလုပ်လာကြပေမယ့်
စိတ်ရဲ့ငြိမ်းချမ်းခြင်းတွေကတော့
ပိုပိုနည်းပါးလာကြတယ်

ဉာဏ်ရည်ဉာဏ်သွေးတွေ ပိုမိုမြင့်မားလာပေမယ့်
ခံစားမှုနဲ့ ကိုယ်ချင်းစာတရားတွေကတော့
ပိုပို နည်းပါးလာကြတယ်

ဗဟုသုတေတြ တိုးလာကြပေမယ့်
ဆင်ခြင်တုံတရား နဲ့ ဉာဏ်ပညာတွေကတော့
ပိုပို နည်းပါးလာကြတယ်

အချစ်ဇာတ်လမ်းတွေ အများကြီးရှိနေကြပေမယ့်
တကယ့် အချစ်စစ်စစ်တွေကတော့
ရှားပါးကုန်ကြတယ်

Facebook မှာတော့
သူငယ်ချင်းတွေ အများကြီးပေမယ့်
တကယ့် အပြင်ဘဝမှာ ကိုယ့်အတွက်
သူငယ်ချင်း စစ်စစ်တွေမရှိကြတော့ဘူး!

ငွေတွေ ပေါလျှံနေကြပေမယ့်လည်း
မေတ္တာတရားတွေခေါင်းပါးလာကြတယ်!

အရက်တွေ များများသောက်လာကြပြီး
ရေကိုတော့ နည်းနည်းပဲသောက်ကြတော့တယ်

လူဦးရေတွေအများကြီးတိုးလာပြီး
ကမ္ဘာကြီးမှာ လူတွေများလာပေမယ့်
လူသားဆန်မှုတွေကတော့ ပျောက်ကွယ်နေပြီ

ဈေးကြီးတဲ့နာရီတွေပတ်ထားကြတယ်
ဒါပေမယ့် အချိန်တွေမရှိကြဘူး

လကမ္ဘာပေါ် ကိုသာ သွားနေ / ရောက်နေကြပေမယ့်
ကိုယ့်ဘေးက အိမ်နီးနားချင်းတွေကိုတော့
မသိကြတော့ပါဘူး။


🙏

25/03/2024

တဖြည်းဖြည်း အရွယ်ရောက်လာတော့ private lifeကို သဘောကျလာတယ် ။ စိတ်ဖိစီးစရာတွေလည်း တဖြည်းဖြည်း များလာတယ်လို့လည်း ခံစားရတယ် ။

အပူပင်ကင်းကင်း နေခဲ့ရဖူးတယ်ဆိုတာကို မေ့တောင်လာတတ်ရောပေါ့ ။ စိတ်မပါရတဲ့ ဆက်ဆံရေးတွေလည်း ငြီးငွေ့လာတတ်ပြီ ။ သမာရိုးကျ နေ့စဉ်ဘဝကိုလည်း စိတ်ကုန်စပြုလာပြီး အိပ်မရတဲ့ညတွေဟာ ပိုများလာတယ်။

Publicမှာ ဟီးလာထနေပေမယ့် messenger မှာ စကားပြောဖြစ်တဲ့ အရေအတွက်ဟာ လက်ချိုးရေတွက်လို့ရနေတယ် ။

ခရီးထွက်ရတာ ပိုနှစ်သက်လာတယ် ။
မိုးကျသံတွေ မက်မောလာတယ် ။
ပန်းတွေကို မြတ်နိုးတတ်ရမှန်း သိလာတယ် ။
ကော်ဖီတွေဟာလည်း တနေ့တာရဲ့
မပါမဖြစ် ဖြစ်လာခဲ့တယ် ။

လူနည်းနည်းလေးကို ပိုအတွင်းကျကျ ပေါင်းဖြစ်လာတယ် မိသားစုက အရေးပါမှန်း ဘဝရဲ့အစိတ်ပိုင်း တစ်ခုဆိုတာ နားလည်လက်ခံမိလာတယ် ။

အချစ်ဆိုတာဟာ ပိုင်ဆိုင်ခြင်းတွေ ပေးဆပ်ခြင်းတွေထက် အချစ်ဟာ အချစ်လို့ပဲ ရှုမြင်တတ်သွားတယ် ။ ဘယ်သူမှ မရှိလည်းဖြစ်တာပဲဆိုတဲ့ သဘောကိုလည်း လက်ခံနိုင်သွားပြီ ။

ငွေဟာ မရှိမဖြစ်ဆိုတာကိုလည်း ယုံကြည်လာပြီး တနေ့တာ ရှင်သန်ခွင့်တွေမှာ ပျော်ပျော်နေခွင့်ရတာကို ဆုတစ်ခုအနေနဲ့လည်း ကျေးဇူးတင်တတ်နေပါပြီ ။

08/03/2024

Happy international women's day💜

Want your public figure to be the top-listed Public Figure in Hpa-an?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Hpa-an