CCDC Private School
28/06/2026
ကျရှုံးသူမရှိ ရာနှုန်းပြည့် အောင်မြင်အောင်ဖြေဆိုခဲ့ကြသော ကလေးများအားလုံး Congratulations ပါရှင် 🎉👏
ဆက်လက်ပြီး ရှေ့ဆက်ရမယ့် ဘဝခရီးလမ်းမှာ အခက်အခဲတွေကို ကောင်းမွန်စွာကျော်ဖြတ်ပြီး အောင်မြင်မှုများရရှိနိုင်ပါစေ
06/06/2026
#အလုပ်ခေါ်စာ
CCDC ကိုယ်ပိုင်အထက်တန်းကျောင်းနှင့်အတူ လက်တွဲလုပ်ကိုင်နိုင်ရန် အောက်ဖော်ပြပါရာထူးများကို လျှောက်ထားရန် ဖိတ်ခေါ်အပ်ပါသည်။
၁။ အလယ်တန်း၊ မူလတန်းဆင့် သင်ကြားရေး ဆရာ/မများ
၂။ မူကြို/မူလတန်း လက်ထောက်ဆရာ/မ များ
၃။ ဂိုက်ဆရာမ
လိုအပ်သောအရည်အချင်းများ
အမှတ်စဉ် (၁) အတွက်
• သင်ကြားရေးအတွေ့အကြုံရှိပြီး ဘွဲ့ရရှိပြီးသူ
• ကလေးများကို ချစ်မြတ်နိုးပြီး စိတ်ရှည်သည်းခံတတ်သူ
• ကျောင်းမှဖွင့်လှစ်မည့် Teacher Training Course နှင့် English Language Course များကိုလည်း မပျက်မကွက် တက်ရောက်နိုင်သောသူ
• အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်ပြီး အနည်းဆုံးတနှစ်တာဝန်ထမ်းဆောင်နိုင်သောသူဖြစ်ရပါမည်။
အမှတ်စဉ် (၂) နှင့် (၃) အတွက်
• တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သင်ကြားရေးကို စိတ်ဝင်စားသူ
• ကလေးများကို ချစ်မြတ်နိုးပြီး စိတ်ရှည်သည်းခံတတ်သူ
• ကျောင်းမှဖွင့်လှစ်မည့် သင်တန်းများကိုလည်း မပျက်မကွက် တက်ရောက်နိုင်သောသူ
• ကြိုးစားလိုစိတ်ရှိသူ၊ ရေရှည်လုပ်ကိုင်နိုင်သောသူ ဖြစ်ရပါမည်။
📝လျှောက်ထားလိုသူများသည် ပတ်စပို့ဓာတ်ပုံ၊ ဘွဲ့လက်မှတ်၊ မှတ်ပုံတင်မိတ္တူနှင့်အတူ ကိုယ်ရေးရာဇဝင် (CV Form)တွင် လျှောက်ထားလိုသောရာထူး၊ သင်ကြားနိုင်သောဘာသာရပ်၊ မျှော်မှန်းလစာ နှင့် ကိုယ်ရေးအချက်အလက်များကို ပြည့်စုံစွာ ဖော်ပြပြီး CCDC ကျောင်းသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ Email ဖြင့်ဖြစ်စေ လျှောက်ထားနိုင်ပါသည်။
📍လျှောက်ထားရန်
CCDC ကိုယ်ပိုင်အထက်တန်းကျောင်း
မဟာစည်သာသနာ့ရိပ်သာလမ်း၊ နမ်ဖွတ်မော်ရပ်ကွက်၊ ဟုမ္မလင်းမြို့။
📞 ၀၉-၃၄၀၂၄၆၄၉၄, ၀၉-၂၅၁၉၇၈၈၈၆,
📧 Email: [email protected]
13/05/2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ်
ိုယ်ပိုင်အထက်တန်းကျောင်း၊ ဟုမ္မလင်းမြို့
နှင့် အောင်စာရင်း
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Maharsi Yeik Thar Street
Homalin
02051