Welcome to Homalin

Welcome to Homalin

Share

Photos from Welcome to Homalin's post 17/04/2026

ဟုမ္မလင်းမြို့၌ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကျင်းပ

ဟုမ္မလင်း၊ ဧပြီ - ၁၇

၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ချင်းတွင်း မြစ်အတွင်းသို့ ဧပြီလ (၁၇)ရက်နေ့ နံနက်(၈)နာရီအချိန်က ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံလှစိုး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ
ဥက္ကဋ္ဌ ဦးရဲဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးဥက္ကဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများနှင့် ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ခင်ပပစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဒုံစေ့နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်
ရှောက်ရေးအသင်းမှအဖွဲ့ဝင်များ စုစုပေါင်း (၁၂၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ထို့နောက် အခမ်းအနားသို့တက်လာသူများက ချင်းတွင်းမြစ်အတွင်းသို့ ထိုင်းငါးခုံမ သားပေါက်အကောင်ရေ (၇၀၀၀၀)အား ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြောင်းသိရသည်။

Photos from Welcome to Homalin's post 22/11/2025

ပန်း​လေး​တွေ​မွှေးတယ်

Photos from Welcome to Homalin's post 07/11/2025

ဟုမ္မလင်းမြို့သူ/မြို့သားများအတွက်
သတင်း​ကောင်း
မန်းရတနာပုံ​လေ​ကြောင်းလိုင်းမှ
ခရီးစဥ်သစ်များ​
ဟုမ္မလင်း မုံရွာ ​[လေယာဥ်လက်မှတ်ခ 550000]
မုံရွာ ဟုမ္မလင်း[​လေယာဥ်လက်မှတ်ခ
570000]

17 Nov 2025မှစတင်၍
တနင်းလာ ​​နေ့တိုင်း​
ပြေးဆွဲသွားမည်ဟု သိရှိပါ​ကြောင်း
တင်ပြအပ်ပါသည်
(ဆက်သွယ်ရန်ဖုန်းနံပတ်
09402624907
Viber ဖြင့်ဆက်သွယ်နိုင်ပါသည်)

Photos from Welcome to Homalin's post 25/10/2025

ဟုမ္မလင်းမြို့သူ/မြို့သားများအတွက်
သတင်း​ကောင်း
မန်းရတနာပုံ​လေ​ကြောင်းလိုင်းမှ
ခရီးစဥ်သစ်များ​
ရန်ကုန် ဟုမ္မလင်း
ဟုမ္မလင်း ရန်ကုန်
မန်း​လေး ဟုမ္မလင်း
ဟုမ္မလင်း မန်း​လေး
27 Oct 2025မှစတင်၍
တနင်းလာ ​​သောကြာ​နေ့တိုင်း​
ပြေးဆွဲသွားမည်ဟု သိရှိပါ​ကြောင်း
တင်ပြအပ်ပါသည်

Want your business to be the top-listed Photography Service in Homalin?
Click here to claim your Sponsored Listing.

Category

Website

Address


Homalin