HK SPORT Collection - OS
ကျွန်တော်တို့ Page ကိုလွတ်လပ်စွာဝင်ရောက်လေ့လာပါ စုံစမ်းပြီး ယုံကြည်မှု့ရပြီဆိုမှ မှာယူပေးပါ /ညီကိုတွေရဲ့ ယုံကြည်မှု့သည် ကျွန်တော်တို့ Pageရဲ့ ရှေ့ဆက်လျှောက်ရမဲ့ လမ်းခရီးအတွက် အားဖြစ်စေပါတယ်။
အစောဆုံးဖွဲ့စည်းခဲ့တဲ့ တောင်အမေရိကတိုက် ဘောလုံးအဖွဲ့ချုပ် Conmebol အကြောင်း
ယခင် Legend ကစားသမားတွေနဲ့ ယခု ခေတ် Modern ဘောလုံးသမားတွေကြားက ကွာခြားချက်
🏟️ယူနိုက်တက်ရဲ့ ကွင်းသစ်စီမံကိန်း
ManU # သည် ယူကေတွင် အကြီးဆုံးဖြစ်မည့် လူဝင်ဆံ့မှု ၁၀၀,၀၀၀ ရှိပြီး ပြောင်မြောက်သော ပန်းချီကားတစ်ချပ်ကဲ့သို့ လှပ သည့် £၂ ဘီလီယံတန်ဖိုးရှိသော အားကစားကွင်းအသစ်တစ်ခုကိုတည်ဆောက်ရန် အစီအစဉ်များကို ကြေညာခဲ့သည်။
09/03/2025
ဒီနေ့ကန်မဲ့ မန်ယူနိုက်တက်နဲ့ အာဆင်နယ်ပွဲဟာ ပရီးမီးယားလိဂ်ရဲ့ အရေးပါတဲ့ပွဲတစ်ပွဲဖြစ်ပြီး၊ သတင်းဌာနကြီးတွေနဲ့အားကစားကလောင်ရှင်တွေက ဒီပွဲကို အောက်ပါအတိုင်း သုံးသပ်ထားကြပါတယ်။
1. **BBC Sport**: ဒီပွဲဟာ ဒီပတ်ပရီးမီးယားလိဂ်ရဲ့အကြိတ်နယ်ရှိပီး အရေးပါတဲ့ပွဲဖြစ်ပြီး၊ အာဆင်နယ်ဟာ လက်ရှိအခြေအနေမှာ ပိုကောင်းနေတာကြောင့် သူတို့ရဲ့ဖိအားကို မန်ယူနိုက်တက်အပေါ် သက်ရောက်စေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
2. **Sky Sports**: မန်ယူနိုက်တက်ရဲ့ အိမ်ကွင်းအားသာချက်ကို အသုံးချပြီး အာဆင်နယ်ကို ခုခံနိုင်မလားဆိုတာကို အဓိကထား သုံးသပ်ထားပါတယ်။ အာဆင်နယ်ရဲ့ တိုက်စစ်ကတော့ ပွဲရဲ့အဓိကအချက်ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။
3. **ESPN**: ဒီပွဲဟာ နှစ်သက်ဖွယ်ကောင်းတဲ့ ကစားပွဲတစ်ပွဲဖြစ်လာနိုင်ပြီး၊ နှစ်ဖက်စလုံးရဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မျှော်လင့်ထားကြောင်း ဖော်ပြထားပါတယ်။
4. **The Guardian**: အာဆင်နယ်ရဲ့ လက်ရှိပုံစံဟာ မန်ယူနိုက်တက်ထက် ပိုမိုကောင်းမွန်နေပြီး၊ ဒီပွဲမှာ အာဆင်နယ်ရဲ့ အနိုင်ရရှိမှုကို မျှော်လင့်ထားကြောင်း သုံးသပ်ထားပါတယ်။။။။။။။။
🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯
အားကစားကလောင်ရှင်တွေကလည်း မန်ယူနိုက်တက်နဲ့ အာဆင်နယ်ပွဲကို စိတ်ဝင်စားစွာ သုံးသပ်ထားကြပါတယ်။ သူတို့ရဲ့အမြင်တွေကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
1. **Gary Neville (Sky Sports)**: "မန်ယူနိုက်တက်အတွက် ဒီပွဲဟာ သူတို့ရဲ့စွမ်းဆောင်ရည်ကို ပြသရမယ့်အခွင့်အရေးဖြစ်ပြီး၊ အာဆင်နယ်ရဲ့တိုက်စစ်ကို ဘယ်လိုရပ်တန့်မလဲဆိုတာကို အဓိကထားရမယ်။"
2. **Jamie Carragher (Sky Sports)**: "အာဆင်နယ်ရဲ့ပုံစံဟာ မန်ယူနိုက်တက်ထက် ပိုကောင်းနေပြီး၊ ဒီပွဲမှာ အာဆင်နယ်ရဲ့အနိုင်ရရှိမှုကို မျှော်လင့်ထားတယ်။"
3. **Rio Ferdinand (BT Sport)**: "မန်ယူနိုက်တက်ရဲ့အိမ်ကွင်းအားသာချက်ကို အသုံးချပြီး အာဆင်နယ်ကို ခုခံနိုင်မလားဆိုတာကို အဓိကထားရမယ်။"
4. **Micah Richards (BBC Sport)**: "ဒီပွဲဟာ နှစ်ဖက်စလုံးအတွက် အရေးပါတဲ့ပွဲဖြစ်ပြီး၊ ဘယ်အသင်းက ပိုကောင်းတဲ့စိတ်ဓာတ်နဲ့ ကစားနိုင်မလဲဆိုတာကို မျှော်လင့်ထားတယ်။"
ဟုတ်တော့ ဟုတ်နေပြီ 😁
31/08/2022
ငါတို့ ဘာကြောင့်ဆင်းရဲသွားတာလဲ?
ပရီမီယာ ၁ထုပ် ၂၀၀ ဖြစ်သွားပြီတဲ့။
၁၀၀၀ ဖိုး အရင်က ၁၀ ထုပ်ရပေမယ့် အခု ၅ထုပ်ပဲရတော့တယ်။ အရင်က တနေ့ ၁ထုပ်ဖျော်သောက်နေရတဲ့ကော်ဖီဟာ အခုတော့ အမှုန့်တဝက် နဲ့ ကော်ဖီ တခွက်လုပ်လိုက်ရပြီ။ ငါ့ကော်ဖီ တဝက် ဘယ်သူယူသွားတာလဲ
ကြက်ဥတလုံး အရင်က ၁၀၀။ အခု ၂၀၀ ၊ ၂၂၀ ဖြစ်သွားပြီ။ မနက်တိုင်း ထမင်းနဲ့ ကြက်ဥကြော်စားနေရတဲ့ငါ။ အခုတော့ တရက်ခြားပဲ ကြက်ဥနဲ့ စားနိုင်တော့တယ်။ ငါ့ကြက်ဥတွေ ဘယ်သူယူသွားတာလဲ။
ဆိုင်ကယ်လေး နဲ့ အလုပ်သွားတော့ ဆီထည့်ရဦးမယ်။ အရင်က ၁၀၀၀ ပေးရင် ဆီ ရေသန့်၁ဘူးရတယ်။ ခု ၁၀၀၀ က ရေသန့်ဘူး ၃ပုံ ၁ပုံပဲရတော့တယ်။ ငါ့ဆီဘူးတဝက်ကျော် ဘယ်ရောက်သွားတာလဲ
ဆန်ဆိုင်ရောက်တော့ စားနေကြပေါ်ဆန်းက ၄၀၀၀ နီးပါးဖြစ်သွားလို့ တဆင့်နိမ့်တဲ့ဆန်ပဲ ယူခဲ့ရတယ်။ ငါ့ပေါ်ဆန်းဆန်ကို တခြားဆန်နဲ့ ဘယ်သူယူလဲသွားတာလဲ။
ပဲဆီအရင်က ၈၀၀၀ ကို ၁ပိသာရတယ်။ အခုတော့ ၅၀ သားပဲရတော့မယ်တဲ့။ ငါ့ဆီ ၅၀သားဘယ်ရောက်သွားတာလဲ။
ငါတို့က ဆင်းရဲတာကို။
ချမ်းသာတဲ့သူတွေ ကတော့ အေးဆေးပါတဲ့။
အံမယ် မထင်နဲ့ တော့ ။
USA Skincare မှ သုံးတဲ့ ဟိုအမကြီးလဲ အခု စျေးချိုတဲ့ Korea Brand တွေမွှေနှောက်ရှာနေရပြီ။
ကားကို 0 milage နဲ့ Brand New စစ်စစ် စီးချင်ပါတယ်ဆိုတဲ့ ဟိုအကိုလဲ သူ့ရှိတဲ့ကားလေးမပွန်းမပဲ့အောင် ဥစ္စာခြောက်နေရပြီ။
ကလေးဖိနပ် ၊ လွယ်အိတ်ကို BPA Free တွေ ၊ Singapore Brand တွေမှ ဝယ်ပေးတဲ့ ဟိုမေမေလဲ တရုတ်ကလာတဲ့ ရေဘူးလေးတွေ၊ အိတ်လေးတွေ
ရှာဝယ်ပေးနေပြီ။
ငါတို့ ဘာကြောင့်ဆင်းရဲသွားတာလဲ။
ငါတို့ပစ္စည်းတွေ ဘာလို့ တဆင့်နိမ့်တွေဖြစ်ကုန်တာလဲ။
ကိုယ်လုပ်မှ ကိုယ်စားရမှာလို့ခံယူထားတဲ့ ငါတို့ အတွက် အလုပ် အစွမ်းကုန်နှုန်းအတိုင်း မပျင်းမရိ အလုပ်လုပ်တာတောင်ငါတို့ ဘာလို့တဖြည်းဖြည်းဆင်းရဲလာတာလဲ။
စဉ်းစားရင်း ............
Crd;Chaw Myint.
Click here to claim your Sponsored Listing.
Category
Website
Address
Hlaing