TVET Development Institute
Our institute fosters skills development, industry collaboration, and lifelong learning for a competitive workforce.
09/05/2026
Apprenticeship Masters ၅၂ ဦးနဲ့ တိုးတက်ပြောင်းလဲလာတဲ့ Training Journey @ Monywa!
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် SENTRUM Project အောက်၌ Pedagogical Skills Training (OJT & Coaching Skills) ကို TVET Development Institute (TDI) မှ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
📌 ဒီတစ်ကြိမ်မှာလည်း ထူးခြားတာက —
👉 Batch (၂) ခုခွဲ၍ Training ပို့ချခဲ့ခြင်း
🔹 Batch-1 (April 24 – April 29) – AM ၂၇ ဦး
🔹 Batch-2 (May 1 – May 6) – AM ၂၅ ဦး
💥 စုစုပေါင်း Apprenticeship Masters (၅၂) ဦး တက်ရောက်ခဲ့ကြပါသည်။
🔥 သင်တန်းအတွင်း Participants များက —
✔️ On-the-Job Training (OJT) ကို လက်တွေ့အသုံးချနိုင်သော နည်းလမ်းများ
✔️ Training Needs Analysis, Job & Task Analysis
✔️ Lesson Planning & Training Design
✔️ Assessment & Evaluation Methods
✔️ Effective Coaching & Communication Skills
တို့ကို Practical Exercises, Group Work, Discussion နှင့် Coaching Demonstration များမှတစ်ဆင့် အပြည့်အဝ လေ့လာသင်ယူခဲ့ကြပါသည်။
💡 Training ပြီးဆုံးချိန်မှာတော့ —
👉 Apprenticeship Masters များဟာ မိမိတို့လုပ်ငန်းခွင်များတွင် OJT System ကို စနစ်တကျ အကောင်အထည်ဖော်နိုင်သော Trainer များအဖြစ် တိုးတက်လာခဲ့ပြီး
👉 Apprentices များ၏ Skill Development ကို ပိုမိုထိရောက်စွာ မြှင့်တင်နိုင်မည့် အဆင့်သို့ ရောက်ရှိခဲ့ပါသည်။
🌱 Strong Trainers build strong workplaces. Strong workplaces build the nation.
🤝 TVET Development Institute (TDI) အနေဖြင့် TVET Sector အတွက် အရည်အချင်းပြည့်ဝသော Trainers များ ပိုမိုဖွံ့ဖြိုးလာစေရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
02/05/2026
Instructing Skills Training
(သင်ကြားပို့ချမှု ကျွမ်းကျင်သင်တန်း)
TVET နယ်ပယ်တွင် သင်ကြားပို့ချသူတစ်ဦးအနေနဲ့ မဖြစ်မနေလိုအပ်သော Teaching & Instructional Skills များကို စနစ်တကျ လေ့ကျင့်သင်ကြားပေးမည့်
Instructing Skills Training Program ကို
TVET Development Institute (TDI) မှ
ထပ်မံဖွင့်လှစ်လိုက်ပါပြီ
---
သင်ကြားပို့ချမှုဆိုတာ စာအကြောင်းအရာသိရုံနဲ့ မလုံလောက်ပါဘူး။
သင်တန်းသားတွေ နားလည်အောင် ဘယ်လိုသင်မလဲ
စိတ်ဝင်စားအောင် ဘယ်လိုပို့ချမလဲ
သင်ယူမှုထိရောက်အောင် ဘယ်လိုစီမံမလဲ
ဒီအချက်တွေဟာ Instructor တစ်ဦးအတွက် အရေးကြီးဆုံး Skills တွေဖြစ်ပါတယ်။
---
ဒီ Training ကို တက်ရောက်ခြင်းဖြင့်
Professional Instructor တစ်ဦးအဖြစ် တိုးတက်လာနိုင်မည်
စနစ်တကျနှင့် ထိရောက်သော သင်ကြားမှုများ ပြုလုပ်နိုင်မည်
Theory + Practical နှစ်မျိုးလုံးနဲ့ Skill ကို အဆင့်မြှင့်တင်နိုင်မည်
---
Instructing Skills Training ဆိုတာဘာလဲ?
Instructor တစ်ဦးအနေနဲ့ လိုအပ်သော Skills များဖြစ်သော
Curriculum ကို နားလည်သုံးသပ်နိုင်ခြင်း
Lesson Plan ကို စနစ်တကျရေးဆွဲနိုင်ခြင်း
Instructional Materials များ အသုံးချနိုင်ခြင်း
Classroom Management
Learner Feedback ပေးနိုင်ခြင်း
Training Effectiveness ကို အကဲဖြတ်နိုင်ခြင်း
တို့ကို လေ့ကျင့်သင်ကြားပေးသော သင်တန်းဖြစ်ပါတယ်။
---
ဘယ်သူတွေ တက်ရောက်သင့်သလဲ?
ဆရာ / ဆရာမများ
Vocational Trainer များ
In-house Trainer / Supervisor / Team Leader များ
Teaching Skill တိုးတက်လိုသူများ
---
Course Content
1 Interpret Skills Standard / Curriculum
2 Prepare Lesson Plan
3 Prepare Instructional Resources
4 Set up Training Facilities
5 Conduct Classroom Lesson
6 Provide Feedback to Learners
7 Evaluate Effectiveness of Lesson Conducted
---
သင်တန်းအစီအစဉ် (Updated Batch)
နေ့ရက် ၂၀၂၆ ခုနှစ် မေလ ၁၆, ၁၇, ၂၃, ၂၄
(စနေ၊ တနင်္ဂနွေ ၂ ပတ်)
အချိန် မနက် ၉:၀၀ မှ ညနေ ၄:၀၀
နေရာ TDI သင်တန်းခန်းမ
---
ဘာကြောင့် မလွတ်သင့်တာလဲ?
Teaching Skills ကို အခြေခံကနေ စနစ်တကျ လေ့လာနိုင်မယ်
Real Classroom Practice ပါဝင်တာကြောင့် လက်တွေ့အသုံးချနိုင်မယ်
TVET Trainer အဖြစ် Career တိုးတက်မှုရရှိနိုင်မယ်
---
စာရင်းသွင်းရန်
https://docs.google.com/forms/d/e/1FAIpQLSd8rPRXURmPDJwbApI2LKPZwvi2_NOm2Zurmz7Ic8zvqdl6Xw/viewform
---
👉Instructing Skills Training May Batch
Teaching Skills ကို အခြေခံကနေ တိုးတက်ချင်သူတိုင်းအတွက် မလွတ်သင့်တဲ့ သင်တန်းတစ်ခုပါ။
---
---
02/05/2026
Competency-Based Curriculum Design and Development Training
(ကျွမ်းကျင်မှုအခြေပြု သင်ရိုးညွှန်းတမ်း ရေးဆွဲဖွံ့ဖြိုးရေး သင်တန်း)
Industry လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Training Program တစ်ခုကို စနစ်တကျ ဒီဇိုင်းဆွဲနိုင်ဖို့
Competency-based Curriculum Design and Development Training ကို
TVET Development Institute (TDI)မှ ဖွင့်လှစ်လိုက်ပါပြီ
---
ယနေ့ခေတ် Job Market မှာ
Skill-based Training တွေက အရေးကြီးလာပြီး
သင်ရိုးညွှန်းတမ်း (Curriculum) ကိုလည်း
Industry Needs
Competency Standards
နဲ့ ကိုက်ညီအောင် ရေးဆွဲနိုင်ဖို့ အရေးကြီးလာပါတယ်။
---
ဒီ Training ကို တက်ရောက်ခြင်းဖြင့်
Competency-based Curriculum ကို စနစ်တကျရေးဆွဲနိုင်မယ်
Industry နဲ့ကိုက်ညီတဲ့ Training Program တွေဖန်တီးနိုင်မယ်
Training Manual & Instructional Materials တွေ ဖန်တီးနိုင်မယ်
Training Program ကို Implement & Evaluate လုပ်နိုင်မယ်
---
ဘာတွေ သင်ကြားမလဲ?
Course Content
1 Conducting Needs Analysis
2 Development of Occupational Map
3 Development of Competency Map
4 Development of Skills Standard
5 Design of Competency-Based Training Program
6 Development of Training Manual & Instructional Materials
7 Implementation of Training Program
8 Evaluate the Training Program
---
ဘယ်သူတွေ တက်ရောက်သင့်သလဲ?
Training Manager / Course Leader များ
Curriculum Developer ဖြစ်လိုသူများ
TVET Trainer / Instructor များ
Training Program ဖန်တီးလိုသူများ
---
သင်တန်းကြေး ၄၀၀,၀၀၀ ကျပ်
Discount အထူးအခွင့်အရေးများ အစီအစဉ်
Early Bird Discount 10%
MPTA Member Discount 10%
MPTA Member + Early Bird 20%
3 ယောက်နှင့်အထက် အပ်နှံပါက Group registration discount
(အသေးစိတ် Discount အချက်အလက်များအတွက် Page Messenger မှ ဆက်သွယ်မေးမြန်းနိုင်ပါသည်)
သင်တန်းအစီအစဉ်
နေ့ရက် ၂၀၂၆ ခုနှစ် မေလ ၃၀, ၃၁ မှစ၍
(အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း စုစုပေါင်း ၁၂ ပတ်)
အချိန် ညနေ ၆:၀၀ မှ ည ၉:၀၀
နေရာ Online Class (Zoom Platform)
---
ဘာကြောင့် မလွတ်သင့်တာလဲ?
Industry-driven Curriculum Design ကို လက်တွေ့သင်ယူနိုင်မယ်
Real-world Training Program တစ်ခုကို ကိုယ်တိုင်ရေးဆွဲနိုင်မယ်
TVET & Training Field မှာ Career Upgrade ဖြစ်စေမယ်
---
Join Now!
Training Program Design ကို Professional Level အထိ တိုးတက်ချင်သူတိုင်းအတွက် အထူးသင့်တော်ပါတယ်။
👉 စာရင်းသွင်းရန် link
https://docs.google.com/forms/d/e/1FAIpQLSfEhAQBtIuKmKAufYukKSOcms20e9U2dSXImZvwj8yvlkyfvg/viewform?usp=sf_link
12/04/2026
မြန်မာသက္ကရာဇ် (၁၃၈၇ - ၁၃၈၈) ခုနှစ်
ခရစ်နှစ် 2026 ခုနှစ် တွင်
💦🌿 ကျရောက်သော မြန်မာ့နှစ်သစ်ကူး
အတာသင်္ကြန်ပွဲတော်အတွက် 💦🌿
သင်္ကြန်အမှတ်တရ ကဗျာတိုလေးနဲ့
ဆုမွန်ကောင်းတောင်းပေးပါတယ် 🙏🙏🙏
"အတာရေအေး၊ ပက်ဖျန်းပေး၊
အေးမြကြည်လင်၊ စိတ်ရွှင်လန်း။
နှစ်ဟောင်းညစ်ကြေး၊ စင်ကြယ်ဆေး၊
နှစ်သစ်မင်္ဂလာ၊ ပျော်စရာ။"
08/04/2026
🎓 မိတ္ထီလာမြို့ မှာ Apprenticeship Masters ၄၆ ဦးအတွက် Pedagogical Skills Training အောင်မြင်စွာ ပြီးဆုံး….
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် SENTRUM Project အောက်မှ Apprenticeship Masters များအတွက် Pedagogical Skills Training (Conducting OJT & Coaching Skills) ကို TVET Development Institute (TDI) မှ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
Batch (2) ခုဖြင့် ကျင်းပခဲ့ပြီး —
🔹 Batch-1 : March 24 – March 29 (AM ၂၅ ဦး)
🔹 Batch-2 : March 30 – April 4 (AM ၂၁ ဦး)
👉 စုစုပေါင်း Apprenticeship Masters (၄၆) ဦး တက်ရောက်ခဲ့ကြပါသည်။
👨🏭 သင်တန်းအတွင်း —
✔️ On-the-Job Training (OJT) System
✔️ Training Needs Analysis, Job & Task Analysis
✔️ Lesson Planning & Training Design
✔️ Assessment & Evaluation Methods
✔️ Coaching & Communication Skills
တို့ကို Practical Exercises, Group Work, Discussion & Coaching Demonstration များမှတစ်ဆင့် လေ့လာသင်ယူခဲ့ကြပါသည်။
💡 သင်တန်းအပြီးတွင် Apprenticeship Masters များသည်
➡️ Workplace တွင် OJT Training ကို စနစ်တကျ အကောင်အထည်ဖော်နိုင်သော စွမ်းရည်များ ရရှိလာပြီး
➡️ Apprentices များ၏ Skill Development ကို Coaching ပြုလုပ်ခြင်းဖြင့် ပိုမိုထိရောက်စွာ မြှင့်တင်နိုင်ရန် အသင့်ဖြစ်နေပြီ ဖြစ်ပါသည်။
🤝 TVET Development Institute (TDI) အနေဖြင့်
TVET Trainers များ၏ စွမ်းရည်မြှင့်တင်ရေးနှင့် Workplace-based Learning အရည်အသွေး တိုးတက်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
16/03/2026
🎓 Apprenticeship Masters များအတွက် Pedagogical Skills Training အောင်မြင်စွာ ပြီးဆုံး….
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့တွင် ၂၀၂၆ ခုနှစ် မတ်လ (၁၀) ရက်နေ့မှ (၁၅) ရက်နေ့အထိ SENTRUM Project မှ Apprenticeship Masters များအတွက် Pedagogical Skills Training (Conducting OJT & Coaching Skills) ကို TVET Development Institute (TDI) မှ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
👨🏭 သင်တန်းတွင် Apprenticeship Masters (၁၁) ဦး ပါဝင်ခဲ့ပြီး —
🔹 On-the-Job Training (OJT) ကို လက်တွေ့အသုံးချနိုင်သော နည်းလမ်းများ
🔹 Training Needs Analysis, Job & Task Analysis
🔹 Workplace Training Program Design
🔹 Skills Assessment & Coaching Techniques
စသည့် အရေးပါသော TVET Pedagogical Skills များကို Group Work, Discussion, Presentation နှင့် Coaching Demonstration များမှတစ်ဆင့် လေ့လာသင်ယူခဲ့ကြပါသည်။
💡 သင်တန်းအပြီးတွင် Apprenticeship Masters များသည် မိမိတို့၏ လုပ်ငန်းခွင်များတွင် OJT Training System ကို အကောင်အထည်ဖော်နိုင်ရန် စွမ်းရည်များ တိုးတက်လာမည် ဖြစ်ပြီး Apprentices များ၏ လေ့ကျင့်သင်ကြားမှု အရည်အသွေးကို ပိုမိုမြှင့်တင်နိုင်မည် ဖြစ်ပါသည်။
🤝 TVET Development Institute (TDI) အနေဖြင့် TVET Trainers များ၏ စွမ်းရည်မြှင့်တင်ရေးနှင့် Workplace-based learning အရည်အသွေး မြှင့်တင်ရေးလုပ်ငန်းများကို ဆက်လက် အားပေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။
14/03/2026
🎉🎉 Career Counselling and Job Coaching Training အောင်မြင်စွာဖွင့်လှစ် 🎉🎉
#ဇနကပညာရေးဖောင်ဒေးရှင်း၏ အထောက်အပံ့ဖြင့် #မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း(MPTA) | TVET Development Institute (TDI) နှင့် Technical and Training Sub-committee တို့၏ စီစဉ်ကြီးကြပ်မှုဖြင့်
"Career Counselling and Job Coaching Training " ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ယောဂီကျောင်းလမ်း၊ အမှတ် ၁၅၁ ရှိ TVET Development Institute သင်တန်းခန်းမ၌ ၅ ရက်တိုင်တိုင် ဖွင့်လှစ်ပို့ချခဲ့ပါသည်။
အဆိုပါ သင်တန်းကို
- မြန်မာနိုင်ငံတွင် ထိရောက်သော အသက်မွေးဝမ်းကြောင်းလမ်းညွှန်ဝန်ဆောင်မှုများ ဖွံ့ဖြိုးစေရန်
- ပညာရေး၊ လေ့ကျင့်ရေးနှင့် အလုပ်အကိုင် ဆုံးဖြတ်ချက်များကို မှန်ကန်စွာချမှတ်နိုင်စေရန်
- မူဝါဒရေးဆွဲသူများ၊ ပညာရေးဝန်ထမ်းများ၊ အကြံပေးပုဂ္ဂိုလ်များကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။
သင်တန်း ကာလအတွင်း
- Career Counselling အခြေခံသဘောတရားများ
- Job Coaching နည်းလမ်းများ
- Assessment & Goal-Setting Tools
- Cultural & Digital Career Guidance
- Building Sustainable Career Guidance Program စသည့် အကြောင်းအရာများကို စာတွေ့၊ လက်တွေ့ ဆွေးနွေး သင်ကြားပို့ချခဲ့ကြပါသည်။
အဆိုပါ သင်တန်းသို့ Career Counselling and Job Coaching စိတ်ဝင်စားသူ နယ်ပယ်အစုံမှ လူငယ် ၂၉ ဦး တက်ရောက်ခဲ့ကြပါသည်။
သင်တန်းဖြစ်မြောက်ရေး ပံ့ပိုးပေးခဲ့သည့် ဇနက ပညာရေးဖောင်ဒေးရှင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အချိန်ပေးတက်ရောက်ခဲ့ကြသည့် သင်တန်းသား သင်တန်းသူများ၊ ဆွေးနွေးမျှဝေ ပေးခဲ့သည့် သင်တန်းဆရာ ဦးထွန်းလွင်ဦး၊ Career Counselling Role Play အတွက် ပါဝင်ကူညီ ဆောင်ရွက် ပေးခဲ့ကြတဲ့ Techno Point Engineering Training Center နှင့် CVT Myanmar တို့မှ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူလူငယ်များ အားလုံးတို့ကို MPTA | TVET Development Institute ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
်မွေးပညာ
09/03/2026
🎉🎉 Career Counselling and Job Coaching Training စတင်ဖွင့်လှစ် 🎉🎉
#ဇနကပညာရေးဖောင်ဒေးရှင်း၏ အထောက်အပံ့ဖြင့် #မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း(MPTA) | TVET Development Institute (TDI) နှင့် Technical and Training Sub-committee တို့၏ စီစဉ်ကြီးကြပ်မှုဖြင့်
"Career Counselling and Job Coaching Training " သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ယောဂီကျောင်းလမ်း၊ အမှတ် ၁၅၁ ရှိ TVET Development Institute သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင်၊ မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း(MPTA) အကြံပေးအဖွဲ့ဝင်ဖြစ်ပြီး TVET Development Institute ၏ Chief Operating Officer ဖြစ်သူ ဦးဘုန်းကျော် နှင့် ဇနက ပညာရေးဖောင်ဒေးရှင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါက်တာဇော်နိုင် တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး သင်တန်းဆရာ ဦးထွန်းလွင်ဦးက သင်တန်းနှင့် စပ်လျဉ်း၍ သင်ကြားပို့ချမည့် အကြောင်းအရာ အစီအစဉ် အကျဉ်းချုပ်ကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။
အဆိုပါ သင်တန်းသို့ Career Counselling and Job Coaching စိတ်ဝင်စားသူ နယ်ပယ်အစုံမှ လူငယ် ၃၀ ဦး တက်ရောက်ခဲ့ကြပါသည်။
သင်တန်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ စုစုပေါင်း ၅ ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲသို့ အချိန်ပေးတက်ရောက်ခဲ့ကြသည့် တာဝန်ရှိသူ လူကြီးများ၊ သင်တန်းဆရာနှင့် သင်တန်းသား သင်တန်းသူများ အားလုံးကို MPTA | TVET Development Institute ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
်မွေးပညာ
08/03/2026
📢 စစ်ကိုင်းတိုင်းအတွင်းရှိ လုပ်ငန်းရှင်/နည်းပြဆရာများအတွက် "သင်ကြားပြသမှုဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်မြှင့်တင်ရေး" သင်တန်းကို အောင်မြင်စွာကျင်းပပြီးစီး 🎓
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို လက်တွေ့သင်ကြား ပေးနေ ကြတဲ့ လုပ်ငန်းရှင်ဆရာများနှင့် IRC ဝန်ထမ်းများအတွက် ရည်ရွယ်ပြီး "Pedagogical Skills Training for Potential Employer Trainers" သင်တန်းကို စစ်ကိုင်းမြို့မှာ (၅) ရက်ကြာ အောင်မြင်စွာ ဖွင့်လှစ်ပို့ချခဲ့ပါတယ်။
အဆိုပါသင်တန်းကို International Rescue Committee (IRC) နှင့် Myanmar Private TVET Association (MPTA) တို့ ပူးပေါင်း၍ MPTA အသင်းကြီး၏ လက်အောက်ရှိ TVET Development Institute (TDI) မှ တာဝန်ယူ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။
✨ သင်တန်းမှာ ဘာတွေလေ့လာခဲ့ကြသလဲ?
ဒီသင်တန်းမှာ ခေတ်မီတဲ့ Competency-Based Training (CBT) စနစ်ကို အခြေခံပြီး အဓိက အပိုင်း (၃) ပိုင်းကို အလေးပေး ဆွေးနွေးခဲ့ကြပါတယ် -
Instructing Skills (သင်ကြားမှုစွမ်းရည်) - သင်ခန်းစာများကို စနစ်တကျ ပြင်ဆင်ခြင်းနှင့် ထိရောက်စွာ ပို့ချနည်းများ။
Assessing Skills (စစ်ဆေးအကဲဖြတ်မှုစွမ်းရည်) - သင်ယူသူတွေရဲ့ တတ်မြောက်မှုကို တရားမျှတပြီး မှန်ကန်စွာ စစ်ဆေးနိုင်မယ့် နည်းလမ်းများ။
Coaching Skills (လမ်းညွှန်လေ့ကျင့်ပေးမှုစွမ်းရည်) - လုပ်ငန်းခွင်အတွင်း အလုပ်သင်များကို စနစ်တကျ လမ်းညွှန်မှုပေးနိုင်မယ့် နည်းဗျူဟာများ။
🤝 တက်ကြွစွာ ပါဝင်ခဲ့ကြသူများ
စက်မှုလက်မှုလုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် ကျန်းမာရေးဝန်ဆောင်မှု စတဲ့ နယ်ပယ်အသီးသီးက လုပ်ငန်းရှင်ဆရာများနှင့် IRC staff စုစုပေါင်း (၂၂) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလတစ်လျှောက်မှာ လက်တွေ့သရုပ်ပြခြင်း (Demonstrations)၊ အဖွဲ့လိုက်ဆွေး နွေးခြင်း (Group Exercises) တွေနဲ့ တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။
ဤသင်တန်းမှရရှိသော အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုများသည် စစ်ကိုင်းတိုင်းအတွင်းရှိ လူငယ်များအတွက် ပိုမိုကောင်းမွန်ပြီး အရည်အသွေးပြည့်ဝတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်များ (TVET) ပေါ်ထွန်းလာဖို့အတွက် ကြီးမားတဲ့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။
💡 ပိုမိုကောင်းမွန်သော အနာဂတ် TVET ကဏ္ဍအတွက် အတူတကွ လက်တွဲဆောင်ရွက်ကြပါစို့။
24/02/2026
🎉🎉 Competency-based Curriculum Design and Development Training (Online) အောင်မြင်စွာ ဖွင့်လှစ် 🎉🎉
#မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း(MPTA) က တည်ထောင်ထားတဲ့ TVET Development Institute (TDI) နှင့် Technical and Training Sub-committee တို့၏ စီစဉ်ကြီးကြပ်မှုဖြင့်
"Competency-based Curriculum Design and Development Training(2/2025)" ကို အွန်လိုင်းစနစ်ဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ စုစုပေါင်း ၂၄ ရက် သင်ကြားချိန် (၇၂) နာရီ တိတိ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
ဒီသင်တန်းကို ဘဏ်လုပ်ငန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ စက်ချုပ်လုပ်ငန်း စသည့် လုပ်ငန်းများမှ သက်မွေးပညာသင်ကြားရေး ဆရာ၊ ဆရာမများ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
Competency-based Curriculum Design and Development သင်တန်းတွင် ကျွမ်းကျင်မှု အခြေပြု သင်ရိုးညွှန်းတမ်း ရေးဆွဲနိုင်ရေးအတွက် လိုအပ်သည့် အောက်ပါ Module များကို အဓိကထား မျှဝေဆွေးနွေး ပို့ချခဲ့တာဖြစ်ပါတယ်-
1. Conducting Needs Analysis
2. Conducting Functional Analysis
3. Development of Competency Map
4. Conducting Task Analysis
5. Development of Skills Standard
6. Design of Competency-based Training Program
7. Development of Training Manual and Instructional Materials
8. Implementation of Training Program
9. Evaluate the Training Program
သင်တန်းသား/သူများကို သက်ဆိုင်ရာအလုပ်အကိုင်အလိုက် အုပ်စုများဖွဲ့၍ Need Analysis၊ Functional Analysis၊ Competency Map၊ Task Analysis၊ Skill Standard Development၊ Training Manual and Instructional Materials Development များကို လက်တွေ့ဆောင်ရွက်စေခဲ့ပြီး Group Presentation များတင်ဆက်စေခြင်း၊ Conceptual Understanding များပိုမိုကောင်းမွန်စေရန် Formative Assessment များကို Module အလိုက် ဖြေဆိုခြင်းများဆောင်ရွက်ခဲ့ပြီး တစ်ဦးချင်း၏ အားသာချက်၊ အားနည်းချက်နှင့် လိုအပ်ချက်များကို Master Trainer များက သုံးသပ်ဆွေးနွေး အကြံပြုခဲ့ကြပါသည်။
ဒါ့အပြင် သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် အုပ်စုများဖွဲ့၍ သင်ရိုးညွှန်းတမ်း (Modularized Curriculum) တစ်ခုစီ နမူနာ ရေးဆွဲခဲ့ကြပါတယ်ခင်ဗျာ။
သင်ကြားမျှဝေဆွေးနွေးခဲ့ကြတဲ့ TVET နယ်ပယ်မှာ ဝါရင့်ကျွမ်းကျင်ဆရာများဖြစ်ကြတဲ့ ဆရာ ဦးအေးမင်းမင်း၊ ဆရာဦးဘုန်းကျော်နှင့် Facilitator ဆရာမ Dr. မြတ်နိုးခင်နှင့် သင်တန်းတက်ရောက်ခဲ့သူ ဆရာ၊ ဆရာမများအားလုံးကို TVET Development Institute (TDI) မှ ကျေးဇူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါတယ်ခင်ဗျာ။
သင်တန်းတက်ရောက်ခဲ့ကြတဲ့ ဆရာ၊ ဆရာမများရဲ့ ကျေနပ်အားရဖွယ် Feedback ကောင်းများကိုလည်း မကြာခင်မှာ ဂုဏ်ပြုဖော်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ သက်မွေးပညာကဏ္ဍမှာ လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီပြည့်စုံတဲ့ သင်ရိုးညွှန်းတမ်းကောင်းတစ်ခုကို စနစ်တကျ ရေးဆွဲတတ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ TDI က ဖွင့်လှစ်တဲ့ ကျွမ်းကျင်မှုအခြေပြု သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းသင်တန်း (Competency-based Curriculum Design and Development Training) ကို တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။
်မွေးပညာ
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Yaw Gi Kyaung Street
Hlaing
11051