4Brother

4Brother

Share

25/08/2022

"မြတ်စွာဘုရားက ဟောတယ်၊စိတ်ကလေး ညစ်နွမ်းနေလို့ရှိရင်အခြေအနေ ဆိုးလိမ့်မယ်။အခြေအနေဆိုးကိုပဲ မျှော်လင့်ရမယ်"
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
"စိတ်ကလေး ဖြူစင်နေလို့ရှိရင် အကောင်းကိုပဲ မျှော်လင့်လို့ရမယ်"ဒီလိုင်းနှစ်လိုင်းကိုပဲ ခွဲခြားထားတာ။

မကောင်းတာတွေနဲ့ ပေါင်းတဲ့စိတ်သည် အဆိုး ဘက်ကို သွားလိမ့်မယ်ကောင်းတာတွေနဲ့ ပေါင်းတဲ့စိတ်သည် အကောင်းဘက်ကို သွားလိမ့်မယ်။

အဲဒါကြောင့် စိတ်ကောင်းရှိဖို့ ပထမလို့ ဆိုတာ။

ဘာဖြစ်လို့ ပထမနေရာမှာ ထားရတုန်းလို့ဆိုရင်
မကောင်းတဲ့စိတ်လေး ဝင်လာလိုက်တာနဲ့.. တပြိုင်နက် ဘာဖြစ်လဲ...
မကောင်းတဲ့အတွေး အရင်တွေးမှာပဲ...
မကောင်းတဲ့အတွေး တွေးထားတဲ့ပုဂ္ဂိုလ်က
မကောင်းတာပဲ ပြောမယ်...

သူ့လမ်းကြောင်းက ဒီဘက်ရောက်သွားပြီ
မကောင်းတာပြောတဲ့လူက မကောင်းတာပဲလုပ်မယ် ဆိုတော့ မကောင်းတဲ့လိုင်းဘက် ရောက်သွားတယ်...

စိတ်ကောင်းရှိဖို့ ပထမ...
စိတ်ကလေးကကောင်းတယ်ဆိုရင်
ကောင်းတဲ့အတွေးတွေ တွေးလာတယ်

ကောင်းတဲ့အတွေးတွေ တွေးလာသည့်အတွက်
ကြောင့် ကောင်းတဲ့အပြော ပြောမှာပဲ
ကောင်းတဲ့အလုပ်ကို လုပ်မှာပဲ

အဲဒီလို နှစ်လိုင်းရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကို
ဒီအမြဲတမ်း စည်းတားထားဖို့ လိုတယ်
ငါ့စိတ်လေးဟာ အကောင်းတွေ တွေးနေလား
အဆိုးတွေ တွေးနေလား

ငါ့စိတ်ဟာ စိတ်ကောင်းလား စိတ်ဆိုး
စိတ်ယုတ်မာလားဆိုတာ ဆင်ခြင်စဉ်းစားရမယ်

အဲဒီလို စဉ်းစားပြီး အဆိုးဘက်ကို မသွားအောင်
အကောင်းဘက်လှည့်အောင် လုပ်ပေးရမယ်
ဒါက practice လေ့ကျင့်တာ

ဟုတ်ပြီ.. စိတ်ကောင်းဆိုသည်မှာ သဒ္ဓါနဲ့ ယှဉ်တွဲလာတဲ့ စိတ် ဟီရိ နဲ့ သြတ္တပနဲ့ ယှဉ်တွဲလာတဲ့ စိတ်၊သတိနဲ့ပညာနဲ့ ယှဉ်တွဲလာတဲ့ စိတ်။

ဒီစိတ်တွေကို စိတ်ကောင်း လို့ ဆိုရမယ်။

သူများအပေါ် အနိုင်ကျင့်တာမျိုး မရှိဘူး။

သူများပစ္စည်း မတရားလိုချင်တာ မရှိဘူး။

သူတစ်ပါး သားမယား ပြစ်မှားချင်တာ မရှိဘူး။

ကိုယ်ချင်းစာတယ်ကိုယ်ချင်းစာစိတ် ရှိတယ်။
ကိုယ်ချင်းစာနာတာ မရှိဘူး ကိုယ်ချင်းစာစိတ် မရှိဘူး။

"ဘယ်သူသေသေ ငတေမာ " ပြီးရောဆိုတဲ့စိတ် ထားမျိုး အရှက်မဲ့တဲ့ စိတ်ထားမျိုး၊သဒ္ဓါတရား ကင်းမဲ့တဲ့ စိတ်ထားမျိုးပြောချင်ရာပြော၊လုပ်ချင်ရာလုပ်တဲ့ စိတ်ထားမျိုး တွေကိုတော့" စိတ်ယုတ်မာ" လို့ ဒီလိုပြောရမှာပဲ။

မဟာဂန္ဓာရုံဆရာတော်ကြီးက"စိတ်ကောင်းရှိဖို့ ပထမ " လို့ ပြောတာ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု

25/08/2022

🌸Sakura🌸
Htoo & Moe Htet

19/06/2022

Happy Birthday par Mom

18/06/2022

Men'Fashion

Want your business to be the top-listed Clothing Store in Hlaing?
Click here to claim your Sponsored Listing.

Telephone

Website

Address


Hlaing