Jaguar Land Rover MM Service
Expert maintenance, genuine parts, and premium care for your vehicle. 🚗🔧
30/04/2026
ကဆုန်လပြည့်နေ့ (Buddha Day)
သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားရှင်၏ ဖွား၊ ပွင့်၊ စံ ထူးခြားလှသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် လူကြီးမင်းတို့၏ စိတ်နှလုံးကြည်သာပြီး၊ ညောင်ရေသွန်းလောင်းသကဲ့သို့ အေးချမ်းသာယာမှု ရှိပါစေကြောင်း Jaguar Land Rover Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨🙏
25/04/2026
လမ်းကြမ်းတွေကို ဖြတ်သန်းပြီးတဲ့နောက် … 🌟🌟🌟
Jaguar Land Rover ကားတွေဆိုတာ .. လမ်းကြမ်းပဲဖြတ်သန်းရမလား ..၊ မြို့တွင်းမှာပဲ ဇိမ်ခံပြီး စီးမလား .. ဘယ်လိုအခြေအနေမျိုးမှာမဆို အင်မတန်လိုက်ဖက်တဲ့ နည်းပညာမြင့်ကားတွေပါ။
ဒါပေမဲ့ မတူညီတာတစ်ခုက မြို့တွင်းမှာ မောင်းနှင်ပြီးချိန်နဲ့ လမ်းကြမ်းတွေမှာ မောင်းနှင်ပြီးချိန်တွေ ကားကို ထိန်းသိမ်းပြုပြင်ရတဲ့ ပုံစံတွေက မတူညီပါဘူး။ 🛠️
ပုံမှန်အားဖြင့် လမ်းကြမ်းတွေကို မောင်းနှင်ပြီးတဲ့နောက်မှာ အဓိက စစ်ဆေးရမယ့်အရာနှစ်ခုရှိပါတယ်။
အဲဒါကတော့ Brake နဲ့ Suspension ပါပဲ။
ရွှံ့နွံတွေ၊ ဖုန်မှုန့်တွေနဲ့ သဲတွေ နဲ့ ကြမ်းတမ်းတဲ့လမ်းမောင်နှင်တဲ့အခါ ဘရိတ်ပြား (Brake Pads) နဲ့ ဒစ်ပြား (Rotors) ကြားထဲမှာ ပွတ်တိုက်မှုဖြစ်စေပြီး ဘရိတ်စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ ဘရိတ်နင်းတဲ့အခါ ပုံမှန်မဟုတ်တဲ့ အသံထွက်တာ ဒါမှမဟုတ် တုန်ခါတာမျိုးရှိတတ်တာကြောင့် Brake ကို အထူးစစ်ဆေးဖို့ လိုအပ်တာပါ။ 🛑
ပြီးတော့ JLR ရဲ့ နာမည်ကျော် Air Suspension စနစ်ဟာ လမ်းကြမ်းဒဏ်ကို အကောင်းဆုံး ခံနိုင်ရည်ရှိတယ်ဆိုပေမဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေကြောင့် Alignment လွဲတာ ဒါမှမဟုတ် ဆိုင်းထိန်းစနစ် အစိတ်အပိုင်းတွေမှာ ချောင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ ကားမောင်းရတာ ငြိမ်သက်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် Suspension ကိုလည်း အထူးစစ်ဆေးဂရုစိုက်ဖို့ လိုအပ်တာပါ။ 🏗️
အသေးအဖွဲလို့ ထင်ရတဲ့ အချက်လေးတွေကို ကြိုတင်မစစ်ဆေးမိရင် နောင်မှာ ပိုမိုကြီးမားတဲ့ ပြုပြင်စရိတ်တွေ ကုန်ကျနိုင်သလို လမ်းခရီးမှာလည်း အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် လမ်းကြမ်းတွေကို ဖြတ်သန်းပြီးတဲ့နောက်မှာ အမြဲတမ်း Brake နဲ့ Suspension တွေကို စစ်ဆေးဖို့လိုအပ်ပြီး၊
ဒီလို စစ်ဆေးတဲ့နေရာမှာ Jaguar Land Rover ကားတွေနဲ့ ပတ်သက်ပြီး
အတိကျဆုံးနဲ့ စိတ်အချရဆုံးကတော့ Jaguar Land Rover Myanmar Service ပဲ ဖြစ်ပါတယ်။ ✅✅✅
ကဲ … Jaguar Land Rover ကားတွေနဲ့ လမ်းကြမ်းတွေကို ဖြတ်သန်းပြီးရင်တော့
Brake နဲ့ Suspension တွေကို စစ်ဆေးဖို့ လိုမယ်နော်။
အချိန်မဆွဲဘဲ အခုပဲ Booking ရယူလိုက်ပါ!
📍 အမှတ် ၃၊ ၁၂ ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်။ 🗺️
☎️ Hotline: 09-953149376, 09-454881845 📞
"သင့်ရဲ့ JLR ကားများကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ခြင်းက ခရီးစဉ်တိုင်းကို ပိုမိုအဓိပ္ပာယ်ရှိစေမှာပါ။" 🌟
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No3, Insein Road
Hlaing
11051
Opening Hours
| Monday | 08:30 - 17:30 |
| Tuesday | 08:30 - 17:30 |
| Wednesday | 08:30 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |
| Saturday | 08:30 - 17:30 |
| Sunday | 08:30 - 15:00 |