Treasure Tree

Treasure Tree

Share

02/05/2026

🌳PSED ဆိုတာ Personal, Social and Emotional Development
"ကိုယ်ရည်ကိုယ်သွေး၊ လူမှုဆက်ဆံရေးနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု" 🌳

​Cambridge Early Years နဲ့ UK Early Years Foundation Stage (EYFS) သင်ရိုးညွှန်းတမ်းတွေမှာ ဒါကို Prime Area (အဓိက အခြေခံအကျဆုံး နယ်ပယ်) တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ ကလေးတစ်ယောက် စာတော်ဖို့ထက် ဒီ PSED ပိုင်း ခိုင်မာဖို့က ပိုအရေးကြီးတယ်လို့ ပညာရေးပညာရှင်တွေက ယူဆကြပါတယ်။

​PSED မှာ အဓိက အပိုင်း ၃ ပိုင်း ပါဝင်ပါတယ် -

​၁။ Personal Development 💁‍♀️(မိမိကိုယ်ကိုယ် တည်ဆောက်ခြင်း)
​ကလေးက မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် သင်ကြားပေးတာပါ။
​မိမိကိုယ်ကိုယ် အားကိုးတတ်ခြင်း (ဥပမာ - ဖိနပ် ကိုယ်တိုင်စီးတာ၊ အင်္ကျီကြယ်သီး တပ်တာ)။
​မိမိရဲ့ အားသာချက်တွေကို သိရှိလာပြီး "ငါလုပ်နိုင်တယ်" ဆိုတဲ့ စိတ်ဓာတ် (Self-confidence) မွေးမြူပေးတာ။

​၂။ Social Development 👭(လူမှုဆက်ဆံရေး ဖွံ့ဖြိုးခြင်း)
​တခြားသူတွေနဲ့ ဘယ်လို အဆင်ပြေအောင် နေထိုင်ရမလဲဆိုတာကို သင်ယူတာပါ။
​သူငယ်ချင်းတွေနဲ့ ကစားစရာ မျှဝေသုံးစွဲတတ်ခြင်း (Sharing and Taking turns)။
​တခြားသူရဲ့ ခံစားချက်ကို နားလည်စာနာတတ်ခြင်း (Empathy)။
​အုပ်စုလိုက် လုပ်ဆောင်ရတဲ့ Activities တွေမှာ ပူးပေါင်းပါဝင်တတ်ခြင်း။

​၃။ Emotional Development😃😍🤨 (စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးခြင်း)
​မိမိရဲ့ ခံစားချက်တွေကို နားလည်ပြီး ထိန်းချုပ်တတ်အောင် သင်ပေးတာပါ။
​ဝမ်းနည်းတာ၊ စိတ်ဆိုးတာ၊ ပျော်တာတွေကို ခွဲခြားသိမြင်ပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ ဖော်ပြတတ်ခြင်း။
​စည်းကမ်းတွေကို နားလည်လိုက်နာခြင်း။
​အခက်အခဲတစ်ခု ကြုံလာရင် စိတ်မပျက်ဘဲ ပြန်ကြိုးစားလိုစိတ် (Resilience) ရှိခြင်း။

🌳​Treasure Tree Preschool မှာ PSED ကို ဘယ်လို ထည့်သွင်းသင်တာလဲ❓️

​Circle Time: 🗣ကလေးတွေ ဝိုင်းဖွဲ့ထိုင်ပြီး ဒီနေ့ ဘယ်လိုခံစားရလဲ (Feelings) အကြောင်း ပြောပြခိုင်းခြင်း

​Role Play:❤️ အရုပ်လေးတွေ သုံးပြီး သူငယ်ချင်းအချင်းချင်း ရန်ဖြစ်ရင် ဘယ်လို ပြန်ချော့မလဲဆိုတဲ့ ပြုပြင်ပြောင်းလဲရေး ကစားနည်းတွေ ဖန်တီး​ပေးခြင်း

​Star of the Week: တစ်ပတ်အတွင်း သူငယ်ချင်းကို ကူညီတဲ့ကလေး သို့မဟုတ် စည်းကမ်းလိုက်နာတဲ့ကလေး​တွေကို
Star Award ပေးပြီး သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို မြှင့်တင်ပေးတာခြင်း

ဘာ​ကြောင့် PSED ကိုထည့်သွင်းသင်ကြား​ပေးရတာလဲ❓️

​ကလေးတစ်ယောက် PSED ကောင်းမွန်မှသာ နောက်ပိုင်းမှာ Literacy (စာဖတ်ခြင်း) နဲ့ Mathematics (သင်္ချာ) ဘာသာရပ်တွေကို စိတ်အေးချမ်းသာစွာနဲ့ အာရုံစိုက် သင်ယူနိုင်မှာ ဖြစ်ပါတယ်။😃

29/04/2026

"ကစားလည်းကစား၊ သင်ယူလည်းသင်ယူ...
Treasure Tree မှာ ကလေးလေးတွေဟာ ကစားရင်းနဲ့တင် လူမှုဆက်ဆံရေး (Social Skills) တွေကို သင်ယူနေကြတာပါ။
​မမတွေကို ဝိုင်းကူပေးတာ၊ အချင်းချင်း မျှဝေဆော့ကစားတာက အစ သူတို့လေးတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ ခြေလှမ်းလေးတွေပါပဲ။ အခုချိန်မှာတော့ တီချယ်တို့ရဲ့ မမလေးတွေက ညီမလေးတွေကို တကယ်ပဲ ဂရုတစိုက်ရှိကြတယ်နော်... 🏠💖"
​ရှေ့ပိုင်း​လေးက​တော့ သမီး​ငယ်လေး​​တွေရောက်ခါစက မမ​တွေကဂရုစိုက်​ပေး​နေတာ​လေး
​နောက်ပိုင်း​လေးက​တော့ သမီးငယ်​လေးက သူထက်ငယ်တဲ့ညီမ​လေး​ရောက်လာ​တော့ ပြန်ပြီးမမ​တွေလို အတုယူပြီးပြန်ဂရုစိုက်​ပေး​နေတာ​လေး
ငို​နေတဲ့သမီယ​လေးကငယ်​သေး​တော့သတိရတိုင်နည်းနည်း​တော့ငိုတာ​ပေါ့​နော် ငိုတိုင်း ဆရာမ​တွေက White lie သုံးပြီး​ချော့တတ်တယ် ဂရုစိုက်​ပေးတတ်တာ မမSenior ​တွေကမှတ်ထားပြီး မမ​တွေက ညီမ​လေး​တွေကိုဂရုစိုက်​ပေးတယ်
အခုညီမ​လေးက​တော့သူထက်ငယ်တဲ့ညီမ​လေး​တွေကိုဂရုစိုက်​​နေတာ​လေး🥰
က​လေးသဘာဝနဲ့​တွေးရင် ​ဆော့တာ​ဆော့​နေလို့ရပါတယ်​လေ သူမ​ဆော့ဘူး ဝမ်းနည်းသူကို​ဖေးမပြီး ကစား​ပေးတာ​လေး
အရမ်းကို သင်ယူလွယ်တဲ့က​လေး​လေး​တွေပါရှင့်
က​လေးငယ်​လေး​တွေရဲ့ Environment ကလည်း အ​ရေးကြီးပါ​ကြောင်း🥰🥰🥰🥰🥰🥰

16/04/2026

ဖြေး​ဖြေးပက်🥰🥰🥰

#အတာသင်္ကြန်

16/04/2026

စဥ်းစားဦးမယ်ကွာ🥰🥰🥰🥰


#အတာသင်္ကြန်

Want your school to be the top-listed School/college in Hlaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Hlaing

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00