Techno Learn
Our Mission :
Providing individuals and businesses in Myanmar with practical, high-quality technology education, equipping them with the skills needed to thrive in the digital era. Our Vision :
Becoming the leading provider of technology education in Myanmar, fostering a generation of skilled professionals and empowering communities to succeed in the digital world.
16/05/2026
💻ဒီနေ့မှာတော့ "Technolearn" ကနေ Hacking Crazy တွေ လက်မလွှတ်သင့်တဲ့ Movie လေးတွေကို ပြောပြပေးသွားပါမယ်
✨ ဇာတ်လမ်းအကျဉ်းလေးတွေနဲ့ ဘာကြောင့် ကြည့်သင့်တယ်ဆိုတာလေးကိုသိချင်တယ်ဆိုရင်တော့ အဆုံးထိဖတ်ပေးနော်
🎬 Who Am I: No System is Safe (2014)
၂၀၁၄ ခုနှစ်တွင် ထွက်ရှိတဲ့ Hacking ဇာတ်ကားတစ်ကား ဖြစ်ပြီး၊ ဂျာမနီမှ ဂျွန်နီ အို (Tom Schilling) သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားက လူငယ်တစ်ယောက်ရဲ့ အသိပညာရှာဖွေရေးနှင့် သက်ဆိုင်ပြီး၊ သူ့ရဲ့ အနာဂတ်ကို သူကိုယ်တိုင် ရှာဖွေတဲ့ပုံစံပုံဖော်ထားတာပါ
နောက်ပိုင်းသူက တခြားသော Hacker တွေနဲ့အတူ Clown ဆိုတဲ့ ခြိမ်းခြောက်မှုနည်းပညာသစ်တစ်ခုကို ဖန်တီးခဲ့ပါတယ် Clown ဟာ လူများကို အမှတ်ရစေမည့် အတွင်းအကြောင်းအရာများ ပြုပြင်ဖော်ပြတဲ့ hacktivist အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်
ဒီထဲမှာဆိုရင် Technology ရဲ့ ဆန်းကြယ်တိုးတက်မှုကိုမြင်ရမှာဖြစ်သလို မင်းသား Ben က identity, trust, နှင့် technology စသော အကြောင်းအရာများကို မေးခွန်းထုတ်ခဲ့ပြီး၊ လူမှုအသိုင်းအဝိုင်းအတွင်း ကိုယ့်ရဲ့ တန်ဖိုးကို ရှာဖွေဖို့ message ပေးခဲ့ပါတယ်
🎬 Mr Robots
2015 ခုနှစ် American TV Series ရဲ့ ပထမဆုံးဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်ပါတယ် ဒီဇာတ်လမ်းမှာဆိုရင် Elliot Alderson ကနေ့ဘက်မှာ Cyber security Engineer တစ်ယောက်ဖြစ်ပြီး ညဘက်မှာတော့ ဟက်ကာတစ်ဦးပဲဖြစ်ပါတယ် သူက Mr Robot ဆိုတဲ့ စွမ်းအင်မြှင့်ဟက်ကာအဖွဲ့ရဲ့ နည်းပညာမှူးတစ်ဦးလည်းဖြစ်ပါတယ်
ဒီဇာတ်ကားဟာဆိုရင် social engineering, Raspberry Pi hack နဲ့ DDOS တိုက်ခိုက်မှုတွေကို
လက်တွေ့ကျကျဖော်ပြထားပြီး Hacking ဝါသနာအိုးတွေအတွက်တော့ ဇာတ်ကားကောင်းတစ်ခုဖြစ်မှာအသေအချာပါပဲ
🎬 Unfriend DarkWeb (2018)
ဒီဇာတ်လမ်းရဲ့ပုံစံကတော့ Matias က သူ့ကွန်ပျူတာကို အသုံးပြုပြီး ဗွီဒီယိုဂိမ်းတစ်ခုကို ရှာဖွေရာမှာ အွန်လိုင်းဂိမ်း တစ်ခုကို ရှာတွေ့သွားပါတယ်။ အဲဒီဂိမ်းက DarkWeb နဲ့ဆက်နွယ်နေပြီး သူ့ကို အန္တရာယ်တွင်းထဲ ဘယ်လိုခေါ်ဆောင်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်
ဒီဇာတ်လမ်းကိုကြည့်ပြီး DarkWeb က စကားပြောတစ်ခုတင်မဟုတ် တကယ်ရှိကြောင်းနဲ့ ကိုယ့်ရဲ့ကိုယ် ရေးအချက်အလက် ဒေတာတွေကို လုံခြုံအောင်ထားဖို့ အလွန်အရေးကြီးကြောင်းတွေ့ရမှာဖြစ်ပါတယ်
🎬 Snowden (2016)
ဒီရုပ်ရှင်ကတော့ NSA (National Security Agency) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Edward Snowden ရဲ့ အကြောင်းကိုပြောပြပေးထားတာဖြစ်ပါတယ် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အချက်အလက်တွေကို စောင့်ကြည့်ဖို့ NSA ရဲ့ လုပ်ဆောင်ပုံတွေကို သရုပ်ဖော်ထားတာက အရမ်းမိုက်ပါတယ်
⌨️ရှုပ်ထွေးလှတဲ့ ဆိုက်ဘာလုံခြုံရေးသဘောတရားများကို ကြည့်တဲ့သူတွေနားလည်အောင်လည်း တင်ပြထားပါတယ် ဒီရုပ်ရှင်ကတော့ ပြည်တွင်းလုံခြုံရေးနဲ့ ကိုယ်ပိုင်အခွင့်အရေးကြားကွာဟမှုကို ဖော်ပြထားပြီး မှန်ကန်တဲ့အရာအတွက် ရပ်တည်ရန်လိုအပ်တဲ့ အနစ်နာခံမှုတွေကိုလည်း ပြောပြသွားပါတယ်
✨အခုပြောပြသွားတဲ့ ဇာတ်ကားတွေကတော့ Hacking ကို စိတ်ဝင်စားတဲ့သူတွေ Tech Movie ကောင်းကောင်းကြည့်ချင်သူတွေအတွက် "Technolearn " မှ စုစည်းတင်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။
💻"Technolearn" ရဲ့ တယ်လီဂရမ် Channel မှာလည်း ဝင်ရောက်ကြည့်လို့ရပါပြီ။ Fb Page Messenger မှာ တောင်းပေးပါခင်ဗျာ။
09/05/2026
💻Ethicalhacking and Cybersecurity (Zoom Class) Sat Sun 8:00 10:00 - (Batch 24 ) အတန်းစသွားပါပြီ။
Video Record Class နဲ့ One On One (Zoom Class) တက်လိုသူများအနေနဲ့ လည်း Page Messenger မှာ အသေးစိတ် မေးမြန်းပြီး လေ့လာနိုင်ပါပြီ။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Near MICT Park Area
Hlaing