Green Zone Distribution

Green Zone Distribution

Share

11/06/2020

☔မိုးရာသီလေး၀င်စပြုပြီဆိုတော့ အလိုက်ဖက်ဆုံးကော်ဖီလေးတခွက်ကတော့ လိုပြီထင်ပါတယ်နော် ကော်ဖီတခွက်ကောင်းရင် တနေ့တာစိတ်ကိုကြည်လင်လန်းဆန်းစေတာကတော့အသေချာပါ

ကော်ဖီလို့ပြောလိုက်ရင် လူတိုင်းနီးပါး သိကြမှာပါ
ဒါပေမယ့် တိတိကျကျသိတဲ့သူတော့ နည်းလောက်မယ်ထင်ပါတယ်နော်
လူသားအများစုရဲ့ နေ့စဥ် ဘ၀မှာ မရှိမဖြစ်ပါ၀င်သော အရာလည်းဖြစ်ပါတယ်

ကော်ဖီပင်တွေဟာ ပူနွေးသော နိုင်ငံများ
အထူးသဖြင့် ပင်လယ်ရေ ၁၂၀၀-၂၀၀၀ ကြား ရေကောင်းစွာရတဲ့ ကုန်းမြင့်မှာ ကောင်းစွာဖြစ်ထွန်းပါတယ်

အာရေဗျတောင်ပိုင်း ယီမင်နိုင်ငံက စတင်အခြောက်ခံ ၊ကျိတ်ပြီး သောက်သုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ အရှေ့အာဖရိကသို့ တင်ပို့ခဲ့ပါတယ်တဲ့။
အဲဒီနောက်ပိုင်း ၁၇ရာစုလောက်မှာမှ ဆိုမာလီကုန်သည်တွေကနေ တစ်ဆင့် ဥရောပနိုင်ငံများသို့ ပျံ့နှံ့လာခဲ့ပါတယ်တဲ့။

အမြဲစိမ်းအပင်မျိုးဖြစ်ပြီး အနံ့မွှေးတဲ့ အဖြူရောင်ပန်းလေးတွေ ပွင့်ပါတယ်တဲ့နော်

ကော်ဖီသီးတွေက မှည့်ရင် အနီရောင်၊ နီညိုရောင် ရှိပြီး ခူးဆွတ်အခြောက်ခံကာ ကျိတ်ပြီး ကော်ဖီလုပ်ကြပါတယ်တဲ့

ကော်ဖီကို အပူနဲ့အအေးသောက်ကြပြီး အများအားဖြင့် အပူသောက်ကြပါတယ်
ကော်ဖီကို အခုမှ စတင်သောက်လာကြတာ
မဟုတ်ဘဲ ၁၅ရာစု လောက်ထဲက သောက်သုံးလာကြတာပါ

လူအယောက် ၁၀၀ မှာ ၇၀လောက် ကတော့ ကော်ဖီကြိုက်သူများ ဖြစ်ပြီး တစ်နေ့တာရဲ့ အစမှာ ကော်ဖီလေးတစ်ခွက်တော့ပါကြစမြဲပါ

အခုဆိုရင်တော့ကော်ဖီကို နိုင်ငံပေါင်း ၇၀ ကျော်လောက် စိုက်ပျိုးကြပါတယ်
ဘရားဇီး နိုင်ငံက အဓိကတင်ပို့နေတဲ့နိုင်ငံဖြစ်ပြီး တစ်ကမ္ဘာလုံးရဲ့ သုံးပုံတစ်ပုံကို တင်ပို့နေတာပါနော်

မြန်မာပြည်ရဲ့ကော်ဖီစိုက်ခင်းတွေကိုလည်းပြင်ဦးလွင်လို တောင်ပေါ်ဒေသတွေမှာစိုက်ပျိုးနေကြပါတယ်နော်

မိုးအေးအေးမှာ သီချင်းတိုးတိုးလေးဖွင့်ပြီး ကော်ဖီပူပူလေးတစ်ခွက်နဲ့ စာအုပ်ဖတ်ရတဲ့ အရသာဟာဆိုရင် ဘာနဲ့မှလဲလို့ မရတဲ့ ခံစားချက်လေးပဲနော်

ကော်ဖီချစ်သူတွေအတွက် အကောင်းဆုံးကော်ဖီလေးတွေကိုရွေးချယ်သောက်သုံး
ကြည့်ပါနော် ☕☕☕

Want your business to be the top-listed Shop in Hlaing?
Click here to claim your Sponsored Listing.

Website

Address


No(19/4B), Oakyin Butayone Street
Hlaing
11052