Lizhou Myanmar
30/07/2021
𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗠𝗮𝗸𝗲𝘂𝗽 𝗔𝗿𝘁𝗶𝘀𝘁
တယောက်ဖြစ်တဲ့ မသဲစု က အခုလို Review လေးပေးလာပါတယ်။💛💛
𝗟𝗶𝘇𝗵𝗼𝘂ကိုပန်းနေကြာနဲ့ပျားရည်တို့မှ သဘာဝအတိုင်းထုတ်လုပ်ထားလို့ တပတ်အတွင်း သင့်ခန္ဓာကိုယ်မှ အဆီပိုများကို အန္တရာယ်ကင်းစွာ ကျစေပါတယ်။🍋🍋
𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗖နဲ့ အခြားဗီတာမင်များစွာပါဝင်လို့
အဟာရပြည့်ဝမှုကိုပါပေးစွမ်းနိုင်တဲ့အပြင်
𝗰𝗼𝗹𝗹𝗮𝗴𝗲𝗻 က နုပျိိုမှု အသားရေ တင်းရင်းမှုကိုပေးစွမ်းပါတယ်။🍊🍊
အဟာရပြည့်ဝစွာ အဆီကျချင်ရင် 𝗟𝗶𝘇𝗵𝗼𝘂
ကိုသတိရပါ။......
19/07/2021
ညစာနှင့်အဝလွန်ခြင်း🍋🍋
🍋ညစာမှာ အသားတုံး အဆီတုံးတွေ ၊ အနှစ်တွေ အများကြီး စားမိတတ်သွားသလို ယမကာ သုံးဆောင်မိရင်လည်း အတိုင်းအတာမရှိအောင် လွန်သွားတတ်လို့ပါ။ အဆီတွေ အငန်တွေ အများကြီး ခန္ဓာကိုယ်ထဲ ဝင်သွားပြီ ဆိုတာနဲ့ အဝလွန်ခြင်း ၊ သွေးတက်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ညနက်မှ ပွဲပြီးတတ်တာကြောင့် ဗိုက်ထဲမှာ အစာတွေ အပြည့်နဲ့ တန်းထိုးအိပ်မိပြီပေါ့။ မူးမူးနဲ့ ဝါးထားတာတွေကလည်း ဘယ်လိုမှ အစာမကြေနိုင်ပါဘူး။
🍋ဒီတော့ အိပ်နေချိန်မှာ ခန္ဓာကိုယ်ကနေ အချိုတွေ ၊ အဆီတွေစတဲ့ ကယ်လိုရီတွေ အများကြီး စုပ်ယူပြီး အဆီအဖြစ် သိုမှီးထားဖို့ အခွင့်အရေးတွေ အများကြီး ရသွားပါပြီ။ မနက်ရောက်တော့လည်း ညကစားထား တာတွေက အစာမကြေတဲ့အတွက် Breakfast စားချင် စိတ်မရှိတော့ပါဘူး။ နေ့လယ်ရောက်မှ Breakfast နဲ့ Lunch ပေါင်းစားပြန်တော့ အများကြီး စားဖြစ်သွားပြန်ရော။
🍋ဒီတော့ ဝဖို့ အခွင့်အရေးက တစ်ခါထပ်ဖြစ် လာပြန်ရော။ ဒါကြောင့် ညစာတစ်ခုရဲ့ မဆင်ခြင်မှုဟာ အဝလွန်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းထဲမှာ အရေးကြီးတဲ့ နေရာက ပါဝင်နေတာ ဖြစ်ပါတယ်။ တကယ်တာ့ မည်သူမဆို ညစာကို စောစော စားသင့်ပါတယ်။ အနည်းငယ်လောက်သာ စားသင့်ပါတယ်။
🍋ဝိတ်လျှော့နေတဲ့သူဆိုရင် ပိတ်လျှော့စဉ် ကာလ အတွင်းမှာ ညစာလုံးဝမစားခြင်းဟာ အထိရောက်ဆုံး ကိုယ်အလေးချိန် လျှော့ခြင်း ပါပဲ။ ညစာဟာ လူတစ်ယောက်ရဲ့ ဝဖြိုးမှုကို တိုက်ရိုက် အားပေးတာကြောင့် ဖြစ်ပါ တယ်။ ညဘက်မှာ စားလိုက်တဲ့ အစားအစာတွေဟာ ဗိုက်ထဲရောက်သွားပြီး အိပ်ချိန် မှာ အိပ်လိုက်တာကြောင့် ကယ်လိုရီတွေဟာ လောင်ကျွမ်းဖို့ အခွင့်အရေး နည်းသွား ပါတယ်။
🍋မနက်စာ၊ နေ့လယ်စာတွေကတော့ စားပြီးတာနဲ့ လှုပ်ရှားသွားလာမှုတွေ များတဲ့အတွက် စားသမျှ ကယ်လိုရီတွေဟာ အကုန်နီးပါး လောင်ကျွမ်းကုန်တာ ကြောင့် ခန္ဓာကိုယ်ထဲမှာ အဆီအဖြစ် စုဆောင်းဖို့ အခွင့်အရေး သိပ်မရှိပါဘူး။ တစ်ခုတော့ ရှိတာပေါ့။ နေ့ခင်းနင်းကန်စားရင်တော့ လိုအပ်တဲ့ ကယ်လိုရီတွေသာ လောင်ကျွမ်းပြီး ပိုနေတဲ့ ကယ်လိုရီတွေက အဆီအဖြစ် စုဆောင်းခံရမှာပါ။ ဒါကြောင့် အဝလွန်မှာ ကြောက်သူတွေဟာ နေ့ခင်းဘက်ကို တစ်ဝစားချင်ရင် ကယ်လိုရီနည်းတဲ့ အစားအစာတွေသာ စားရပါလိမ့်မယ်။
🍋ညစာကို နည်းနိုင်သမျှ နည်းအောင်စားပြီး အိပ်ချိန်နဲ့လည်း ဝေးနိုင်သလောက်ဝေးအောင် ခွာထားရင်တော့ လုံးဝ အဝမလွန်မှာ သေချာပါတယ်။ အိပ်ခါနီးမှာ ဗိုက်အနည်းငယ် ဆာနေရပါ မယ်။ အဲဒီအချိန်မှာ မလိုင်ထုတ်ပြီးသား နွားနို့တစ်ခွက် သို့မဟုတ် ပဲနို့တစ်ခွက် သို့မဟုတ် ရေတစ်ခွက်သောက်ပြီး အိပ်ရာဝင်လိုက်ပါ။ ဒါကြောင့် အဝမလွန်လိုကြ သူများ၊ ဝိတ်ထိန်းထားသူများ ၊ အနုပညာရှင်များ၊ ကျန်းမာ၍ အသက်ရှည်လိုကြသူ များဟာ ညစာနဲ့ ပတ်သက်လို့ အထက်ပါနည်းများအတိုင်း အလေ့အကျင့်ပြုကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
ဆရာမင်းကျော်ဝင်း
ဝိတ်ချလိုသူသို့ ......
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Insein Road
Hlaing
11051