Camel Online Store

Camel Online Store

Share

29/10/2025

"ဆေးတံတို တညှိုလောက်
ရော့ သောက်တော့ ပေး။
မယူလိုက်က မိုက်ဟုထင်
ယူလိုက်ပြန်က ကြိုက်ဟုထင်
သောက်စေချင် ကုတင်တွင် ထောင်ခဲ့ကွဲ့
ညိုနွဲ့၏လေး။"

မြန်မာရှေးဟောင်း ဒွေးချိုးလေးတခုပေါ့ တချို့ဖတ်ဖူးကြ မယ်ထင်တယ်။

ဆေးတံက အများအားဖြင့် တထွာ တညို လောက်ပဲ ရှိတယ်။တရုပ်ဖက် တချို့ဒေသသုံးတဲ့ ဆေးတံတွေကျ ဆေးတံက ၂ပေလောက်ရှည်တာတွေလည်းရှိရဲ့
ပါးရှားတို့ အိန္ဒိယတို့ဘက်ကျ လွန်ခဲ့တဲ့ နှစ်၄၀၀ လောက်ထဲက ဆေးတံကထွက်တဲ့အငွေ့ကို ရေအောက်က ဖြတ်စေပီးမှ ရှုတာမျိုး သုံးနေကြပီ။

ဆေးတံကို အကြမ်းဖျင်း ၂ပိုင်းခွဲထားတယ်။
ဆေးတံအိုးရယ် ဆေးတံရိုးရယ် ဆိုပီး။

ဆေးတံအိုးကို အရင်က သစ်အမျိုးအစားသက်သက်လုပ်ကြပေမဲ့ ခုခေတ်ကျ အတွင်းက နေ စတီးအိုးခံပီး လုပ်လာကြပီ။
(မြေဆေးတံ ဝါး ကြေး သတ္တု ရွှေ ဆင်စွယ် စတာတွေနဲ့လည်းလုပ်ကြတယ်)

ဆေးတံရိုးကိုလည်း ဆင်စွယ် အရိုး သစ် ပလပ်စတစ် သတ္တု ရာဘာအုပ် မျိုးစုံ ပြုလုပ်ကြပါတယ်။

ရှေးခေတ် စာတွေထဲမှာ ခံတွင်းနဲ့ ပတ်သက်တဲ့ အနံဆိုးတာတွေ ရေစီးကမ်းပြို ဖြစ်တာ စတာတွေကို ဆေးတံသောက်ခြင်းက သက်သာစေတယ်ပျောက်ကင်းစေတယ်လို့ ဒီလို ဆိုထားပြန်တယ်။

"ခံတွင်း သွားအံ ပုပ်ညှီနံ၊ ဆေးတံ ကွပ်တုံမင်း" တဲ့

ဟုတ်မဟုတ် မ​ငြင်းလို...

ကျနော့အဖိုးကလဲ ဆေးတံသမား ဆေးတံ သောက်တာ သွားခိုင်တယ်လို့ ပြောတာပဲ ကျန်သူတွေအတွက်တော့မသိဘူး ကျနော့အဖိုးဆုံးတော့ ၉၂ သွားတချောင်းမှ မကျိုး ယုံချင်ယုံ မယုံချင်နေ။

ကျန်တာမကြည့်နဲ့ ဆေးခြောက် မကောင်းဘူး ပြောတယ် အရင်က၊ခု ကင်ဆာ ပျောက်တယ် ဘာဖြစ်တယ် ညာဖြစ်တယ် ပြောလာကျပီ နိုင်ငံခြားမှာ တရားဝင် သုံးခွင့် ပေးလာပီ....

ဆိုလိုတာက ဆေးလိပ်သောက်တာ မကောင်းဘူးဆေးရွက်ကြီးက ဘာဖြစ်တယ်ဆိုဆို ကိုယ်ထက် တက်တဲ့ သိတဲ့ အထူးကု ဆရာဝန်ကြီးတွေ ကွမ်းလေးတဝါးဝါးနဲ့ ဆေးလိပ်လေး ခဲလို့ တချို့ ဆို ဆေးပြင်းလိပ်နဲ့... 😁

ကြိုက်တာကိုးးး

မြန်မာစာပေလောကရှေ့ဆောင် ဆရာကြီး ရွှေဥဒေါင်းဆို ရှားလော့ဟုမ်း တွေ ဘာသာပြန်ရင်း အင်္ဂလိပ်စာပေ အဖတ်များတော့ ဆေးတံသောက်တာ စတိုင်ကျတယ် ခန့်တယ် ဆိုပီးတမင် ကျင့်ပီးကို သောက်တာ သိချင်ရင် ဆရာကြီးရေးတဲ့ တသက်တာ မှတ်တမ်းနဲ့ အတွေးအခေါ်များ ဆိုတဲ့ စာအုပ်မှာ ဖတ်သာကြည့်။

တကယ်လည်း ဟုတ်တယ် ဆေးတံနဲ့ ဆရာကြီးက ခန့်တယ်။

နောက်ဆရာကြီးက အသက်ရှည်ရှည်နေသွားတယ်။

စကားစပ်လို့ ကျနော် တောင်အာဖရိက ကိတ်တောင်းဆိုတဲ့ မြို့ကို ရောက်တော့ ဟိုတယ်တခုမှာ တည်းတော့ အဲ့ဟိုတယ်မှာ ဆေးလိပ်သောက်ဖို့ အခန်း smoking room ထားထားတယ်။

အထဲမှာ ထိုင်ခုံ အဖြစ် ခေါင်းတလား ပုံ ထားထားတယ်။

အဝင်အဝမှာ သစ်သားဆိုင်ဘုတ်လေးတခု သစ်သားမှာ လေဆာနဲ့ ပစ်ပီး ပုံတပုံရယ် စာရယ်ရေးထားတယ်။

ဘာရေးထားလဲ ဆိုတော့ တောင်အာဖရိကက နာမည်ကြီး ပုဂ္ဂိုလ်ကြီးတဦး (နာမည်မေ့) ဟာ အသက် ၈ နှစ်မှာ ဆေးလိပ်စသောက်တယ် အသက် ၁၀၂ နှစ်မှ သေသွားတယ် ဆိုတဲ့အကြောင်း 😁

ချသာချ သူအကြောင်းနဲ့ သူပဲ လို့ မြှောက်ပေးတာမဟုတ်ပါဘူး တွေ့ဘူးတာလေး ပြောပြတာ ☝️

Capetown မြို့ရဲ့ ice & fire ဆိုတဲ့ ဟိုတယ်မှာပါ။မယုံရင် သွားရောက် လေ့လာနိုင်ပါတယ်။ရုပ်ရှင်မင်းသမီး ချာလစ်သီရွန်ရဲ့ မွေးဇာတိမြို့ပေါ့။

နောက် ဆေးလိပ် သောက်တယ်ဗျာ ဖက်ကြမ်းသောက်နေတာ နဲ့ စီးကရက်သောက်တာနဲ့ ဆေးတံ ကို ခန့်ခန့်ကြီး ခဲ နေတာ ဘယ်ဟာအထှာကျလည်း ?

မျက်လုံးမှိတ်ပီး ပုံဖော်ကြည့်...

နောက် ဆေးတံက ကြာလေ ဆေးဂျိုးတက်လေ တန်ဖိုးရှိလေ ပဲ။ဆေးတံသမားက သောက်နေကျ ဆေးတံကို တန်ဖိုးအထားဆုံးပဲ။

ဆေးတံဆေးကို ဆေးရွက်ကြီး+ပျားရည်+ဆား+အချဥ် စတာတွေသူ့အချိုးအစားနဲ့သူပေါင်းစပ်ပီး ပေါင်း လိုက်တဲ့အခါ ဆေးတံသမားတွေ အကြိုက် အရသာ အမျိုးမျိုး ဖြစ်လာတယ်။တခြားသော ပစ္စည်းတွေ နဲ့ ပေါင်းစပ်ထုတ်လုပ်တာတွေ အရသာတွေလည်းအများကြီး။

ဆေးက မြန်မာဖြစ် ရှိသလို နိုင်ငံခြားဖြစ် သံဘူးနဲ့ လာတာ အစုံရှိတယ်။

စကားစပ်လို့ ဆေးတံထဲ ဆေးထည့်တာလည်း အထှာလေးရှိတယ်။

ဆေးကို ဆေးတံထဲ ကလော်ထည့် ရောက်ရင် ပီးရော မရဘူး...

၂ဆင့် ခွဲ ထည့်ရတယ်။
ဆေးတံ အရွယ်အစားကို မူတည်ပီး ၃ပုံ၁ပုံခန့် ဆေးသားကို ယူ
ဆေးတံထဲကို ထည့် ဖွပေး ခပ်ပွပွထည့် မျက်နှာပြင်ညှိ
(ခပ်ပွပွ ထည့်တာ အကြောင်းရှိတယ်လေစုပ်ယူရင် အဆင်ပြေအောင် ဆေးတံပိုက် ကျစ်ပီးမပိတ်အောင်)
တခါ နောက်ဆေးသား ၃ပုံ ၁ပုံ သာသာလောက်ယူ ထည့် ဆေးကိုသာသာလေးဖိ
ဆေးအိုးမပြည့်တပြည့်နီးပါး ပြည့်သွားမယ်

မီးညှိတာက အစ အထှာရှိတယ် ဆေးတံကို ပါးစပ်မှာ ခဲ မီးခြစ်ကို ဆေးတံအိုးနားမှာ ခြစ် မီးတောက်ဆေးသားကို ထိပီဆို ပါးစပ်ကနေ လေစုပ်လိုက် မီးက အောက်ထဲ လိုက်လာမယ်။

အပေါ်ယံဆေးသားကို မီးညှိ လိုက်တဲ့ အခါ မီးစွဲပီဆို ခပ်သာသာလေးဖွာ...

ဆေးသားမျက်နှာပြင် ညီညီညာညာ မီးဆွဲပီဆို ဇိမ်နဲ့ အေးဆေး ဖွာပေတော့...

အဲ့လို တခါ ထည့်စာ တခါသောက်အပြည့်ကို "ဆေးတစ်ဆုံ" လို့ "သုံး" တယ်။

ဆေးတံရဲ့ Process က ဟိုးအရင်ထဲက အဲ့လို အစီအစဥ်တကျ သွားတာ။

နောက်တချက် သတိထားဖို့က ဆေးတံကို ပြောင်းဖူးဖက် ဆေးလိပ်ဖွာသလို အကြောရှည်ရှည်နဲ့ ဆေးတံအိုးပူအောင် မဖွာရဘူး အဲ့လို့ဖွာတဲ့ လူဆို ဆေးတံသမားအချင်းချင်းဆို ငစနူ ဆေးတံသမားမစစ်ဘူးလို့ သဘောထားတယ် အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်ခံရမယ်။

"စတီးဆေးတံ"

🧾စတီးအတွင်းအိမ်/Epoxy Resinကိုယ်ထည်/ဖိုက်ဘာဆေးတံအရိုး

💠ရုပ်ရှင်ရိုက်
💠ကြော်ငြာရိုက်
💠အလှထား
💠ကိုယ်တိုင်သုံး
💠လက်ဆောင်ပေး
💠ဘိုးတော်ပဲ ဆက်ဆက်

👉ပစ္စည်းတန်ဖိုး= 25000 MMK

🛒၄င်းပစ္စည်း ဆိုင်မှာအဆင်သင့် instock ရှိပါတယ်။ Pre-Order မဟုတ်ပါ။ စောင့်ဆိုင်းစရာမလို ဆိုင်မှာ စိတ်တိုင်းကျ လာရောက်ရွေးချယ် ၀ယ်ယူနိုင်ပါတယ်။

🏪 ဆိုင်သို့လာဝယ်မည်ဆိုလျှင် (or) လာရောက်ကြည့်ရှု့လိုပါက
👇 👇 👇 👇

ဝေယံ...ဗာဂျီးနီးယား(၃)လမ်း၊တာကလေးရပ်ကွက်၊ဟသာင်္တမြို့။

☎ 09-767006510

🏢ဟသာင်္တမြို့အတွင်း...

🏍 အိမ်အရောက်ပို့ဆောင်ပေးရမည်ဆိုလျှင် နီး ၁၀၀၀ ကျပ် ၊ ဝေး ၂၀၀၀ / ၃၀၀၀ ကျပ်ကျသင့်ပါမည်။

◼◼◼◼◼◼◼◼◼◼◼◼

🚛အခြားမြို့နယ်များသို့ Royal Express / MGL အမြန်ချော /စာတိုက် / ကားဂိတ်အရောက်ပို့ဆောင် ပေးပါသည်။ တန်ဆာခကို ဝယ်ယူသူဘက်မှရှင်းပေးရမည်ဖြစ်ပါသည်။

❌ ပစ္စည်းရောက်မှငွေပေးချေ (COD) စနစ်ကို အဆင်မပြေတဲ့အတွက် မသုံးပါ / မရောင်းပါ ❌

💰ငွေကြိုလွှဲရပါမည်။ငွေလွှဲဝင်ပြီးလျှင် ပစ္စည်းတင်ပေးပါသည်။

💰💰💰💰💰💰💰💰💰💰💰💰💰💰💰💰

💸KBZ Pay...09767006510...Wai Yan Win Maung

💸Wave Pay...09767006510

💸True Money...09767006510

💸Mytel Pay...09692957114

💰💰💰💰💰💰💰💰💰💰💰💰💰💰💰💰

08/06/2025

ဆေးဆိုင်စဖွင့်ပါပြီဆိုထဲက ရောင်းရဆုံးဆေးကိုပြပါဆိုရင် Dexametasone. အရပ်ခေါ် ဒက်ဆာ ပဲဖြစ်ပါတယ်။
ဒက်ဆာဖော့ပိတ် လိုချင်လို့ပါဆိုရင် Dexametasone 8mg ပါ vial လေးတွေကိုပြောတယ်ဆိုတာ သိနှင့်ပြီးသားဖြစ်နေပါပြီ။

သွားကိုက်တာလည်းဝယ်ထိုးတယ်။
အရေပြားယားတာလည်းဝယ်ထိုးတယ် ။
ဒူးနာတာလည်းဝယ်ထိုးတယ်။
အောက်ပိုင်းတွေတောင့်တင်းနေလို့ ထိုးတယ်
ခါးနာလို့ထိုးတယ်။

တနေ့တနေ့ဘာမှရှင်းပြချိန်မရပဲရောင်းပေးနေရတဲ့ဆေး ထိုးဆေးစားဆေးပုံစံအမျိုးမျိုး လာဝယ်သုံးနေကြတယ်။

ငါးနှစ်လောက်ဖြစ်တဲ့ လေးဘက်နာ ဒီဆေးနဲ့မှသက်သာ တယ် ဒီဆေးလေးပဲမပျက်စွဲသောက်နေရတယ်ဆရာ ရေ. တဲ့

ကျွန်တော်နဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက် ထမင်းစားတွေမကောင်းလို့. ဘာဆေးနဲ့မှမရဘူးအားဆေးတွေကောင်းနိုးရာရာတွေ သောက်တာလည်းစုံရောပဲ အခု ဒီဆေးလေးနဲ့မှ စားဝင်အိပ်ပျော်တယ်လို့ပြောလာလို့ယူကြည့်မိတာ Dexa. Cyproheptadine. B1
အများသိတဲ့ငါးကြီးစီ လေးမျိုးပေါင်းထုတ်ထားတာလေးတွေ အများကြီးပဲ ဒီတခေါက်ရွာပြန်လာလည်တာကြာမှာဆိုတော့မပျက်အောင် တခါတည်းဝယ်လာတာတဲ့

အသိအမျိုးသမီးတစ်ယောက်လည်းဒီတိုင်းပဲ ဒူးနာလို့ ဆိုပြီး မြို့ကိုသမားတော်တွေနဲ့ပြတာ ဘယ်လိုမှမသက်သာဘူး ။နောက်ဆုံးဒီဆေးလေးတွေနဲ့မှ လမ်းလျှောက်နိုင်တယ်ဆိုပြီး ဆေးတွေထုတ်ပြတာ အပေါ်က
လေးမျိုးနဲ့. Diclo 50mg လေးရောထားတာ သူလည်း ဝယ်လာတာ၁၅ ရက်စာဆိုပဲ။

တချို့စားဝင်အိပ်ပျော်အောင်စပ်သောက်တယ်ဆိုတဲ့ဆေးထဲမှာ multi အားဆေးလေးတွေပါတွေ့ရတယ်။

လွန်ခဲ့တဲ့နှစ်ရက်လောက်က. လူတစ်ယောက်ဆေးလာဝယ်တယ် အသက် ၄၅ နှစ်ခန့်လောက် Dexa
ဒက်ဆာ ရယ် Cosy. ( Dompridone) ရယ် ကဒ်လေးနှစ်မျိုးထုတ်ပေးတယ်။
သူ့ကိုမျက်မှန်းတမ်းမိတာကြာပါပြီ အဲ့ဒီဆေးနှစ်ကဒ်ကိုလာလာဝယ်နေတာ မှတ်မိသလောက်ဆယ်ခါမကတော့ဘူး။

စဉ်းစားကြည့်တော့လည်း Dexa နဲ့ Cosy နဲ့နှစ်မျိုးတွဲထားပြီးသောက်နေတာက သိပ်မဆုိင်သလိုပဲဆိုတော့ မေးကြည့်မိတယ် ဒီဆေးကသောက်နေတာကြာပါရော ခင်ဗျားဘာလို့သောက်တာလည်းဆိုတော့ ကျွန်တော့မှာ ဒူလာသွေးကျရှိလို့ပါတဲ့ အနားကဆရာမကအဲ့ဆေးပေးထားလို့သောက်နေတာပါတဲ့

ဘာဆက်ပြောရမှန်းတောင်မသိတော့ဘူး
ခင်ဗျားသက်သာလားဆိုတော့ ဆေးသောက်ရင်သက်သာတယ်မသောက်ရင်ပြန်ပေါ်တယ်တဲ့ အေးရော
သူ့မျက်နှာကလည်းပြည့်ဖောင်းတင်းနေပြီအသားအရေကလည်းပွဆုပ်ဆုပ် ပြာနှမ်းနှမ်း

ခင်ဗျားအခုရောနေကောင်းလားမေးတော့ ကျန်တာအားလုံးကောင်းပါတယ် အရင်လို အလုပ်လုပ်ရင်တော့နည်နည်းမောချင်လာတယ်ပြောပြီးထွက်သွားလေရဲ့. ဘာမှမဆိုင် ရှင်းပြရမှာလည်းမဟုတ် ညွှန်လိုက်တဲ့ဆရာမဆိုတဲ့ပုဂ္ဂိုလ်ကိုပဲအပြစ်တင်ရမလို။

မနေ့က ဒူးနာ တယ်ခါးနာတယ် တရိပ်ရိပ်မူးတယ် အသားတွေယားတယ် လေတွေအေ့အေ့နဲ့တက်ရင်နောက်ကြောတွေကြပ်ပြီးခေါင်းမူးခေါင်းမထူချင်တော့ဘူးအခုအသက်ရူမကောင်းဘူးရင်တွေတုန်တယ်ဆရာရေလုပ်ပါအုန်းဆိုပြီး အသက်၅၅ နှစ်အမျိုးသမီးကြီးတစ်ယောက် ပါးစပ်ကလည်းတလစပ်ပြောရင်း ဆေးခန်းထဲဝင်လာတယ် ကွတကွတနဲ့ လက်တဖက်ကလည်းတင်ပါ့ဆုံကိုနောက်ပြန်ထောက်လို့ မသက်မသာမျက်နှာနဲ့ အသားရေကလည်းပွစိစိ မျက်နှာကလည်း
ဖောနေတယ်ဆိုတာထက် ကွဲထွက်မတက်တင်းကားနေတယ်ဆိုရင်ပိုမှန်ပါလိမ့်မယ်။

ကုတင်ပေါ်တန်းလှဲတော့တာ ပေါင် သုံးရာကျော်ဝိတ်နဲ့စမ်းသပ်ကုတင်နဲ့ပြည့်လို့။

သူပြောတာနဲ့တင်ဘယ်ကအစရှာရမှန်းတောင်မသိဘူးဖြစ်သွားတယ်။

ထုံးစံအတိုင်း သွေးပေါင်ချိန်တယ် BP 180\120 mmhg. HR. 117. SPO2 96
ECG. Sinus Tachycardia. T. Abnormality
Borderline Abnormal. ECGထွက်တယ်
ပြသာနာဆိုးဆိုးက. RBS. 430mg\dlထပ်ထွက်တယ်

ဝမ်းဗိုက်ပိုင်းက တင်းမာနေတာ ပုံမှန်ထက်ပိုပူနေတာတွေက ကြည့်ရတာတောင်အဆင်မပြေဘူး အသက်ရူတာကလည်းအသက်ရှုတာနဲ့မတူဘူး သက်ပြင်းချနေသလိုပဲ

သွေးတိုးရှိတာတော့သိတယ် သွေးကျဆေးဝယ်ထားတယ်တိုးလာတယ်ထင်ရင်တစ်လုံးသောက်လိုက်တယ်ဆိုပဲ။

အောက်ပိုင်းတွေတောင့်တင်းပြီး ဒူးတွေနာခါးတွေနာလမ်းလျှောက်မကောင်းလို့ အနားကဆရာနဲ့ပြတာ ဆေးပေးထားလို့ သောက်နေတာ ၆ လတောက်တော့ရှိပြီ တဲ့အခုနောက်ပိုင်း တော့ အရမ်းနာမှသောက်တယ်မနာရင်မသောက်ဘူး ရွာကသားဖွားဆရာမက အဲ့ဆေးတွေကဘေးထွက်ဆိုးကျိုးရှိတယ်ပြောလို့လျော့သောက်တာပြောတယ်။ သူထုတ်ပြတဲ့ဆေးကြည့်လိုက်တာ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်တဲ့ Dexa
ဒက်ဆာနဲ့ Noxa သူတို့အခေါ်နော်ဆာ နှစ်မျိုး သောက်ထားတာ ၆. လ ဒါတောင် သားဖွားဆရာမသတိပေးလို့ဆိုပဲ

ဒီဆယ်ရက်လောက်မှာပြန်သောက်နေရတယ် ညဘက်တွေကို မအိပ်နိုင်ဘူး အသားတွေလည်းယားတယ်အရိုးတွေကိုက်တယ်တဲ့

အခုနောက်ပိုင်း ဆရာ ဒီဆေးသောက်ထားသေးတယ်လို့ထုတ်ပြတိုင်း ဒက်ဆာ Dexa ပါနေတယ် ဘာဖြစ်ဖြစ် Dexa ထိုးနေတက်ကြတယ်။

လက်တလောပြသာနာကို သူနဲ့ပဲဖြေရှင်းနေကြတယ် တနည်းအားဖြစ် သူ့ရဲ့အားသာချက်ကလည်း လူပိန်းကြိုက်တယ်ပြောရမယ် ဘယ်နားကိုက်ကိုက် သူ့ကိုထည့်ထိုး ဘာမဆိုင်ညာမဆိုင်သာသာနေတက်တယ်။ မတောက်တခေါက်ဆရာနဲ့.အခြေ
ခံဗဟုသုတအားနည်းတဲ့ ကျွန်တော်တို့နယ်သားတွေနဲ့. အံဝင်ခွင်ကျကိုဖြစ်လို့

အဲ့လိုနဲ့ပဲ မနေနိုင်တဲ့ကျွန်တော် ဒီစာကိုရေးဖြစ်သွားတယ်ဆိုပါတော့

တစ်ဦးတစ်ယောက်ချင်းလိုက်ရှင်းပြနေရမှာကမလွယ်ကူတာတကြောင်းဆရာတစ်ယောက်ယောက်ကညွှန်လိုက်လို့ ဟိုလိုမသောက်ရဒီလိုမသောက်ရဘူးနဲ့ပြောနေဖို့ကမသင့်လျော်တာကတကြောင်း

အရပ်ခေါ်. ဒက်ဆာ
သူ့နာမည်အပြည့်စုံက. Dexametasone ဒက်ဆာမီတာဆုန်း အကြောင်းကိုသိသလောက်မျှဝေပေးလိုက်ရပါတယ်။
မှတ်ချက် ။ ။နားလည်တက်ကျွမ်းတဲ့ဆရာတွေကတော့ အဲ့ဒီဆေးကိုဗရမ်းဗတာ မပေးမှာတော့သေချာပါတယ်။

Dexametasone. ဒက်ဆာမီတာဆုန်း

ရိုးရွင်းအဆစ်ရောင် ၊ကော်တီကိုစီးရွိုက်အုပ်စုဝင်အရောင်ကျဆေးတစ်မျိုးဖြစ်သည်။လေးဘက်နာနဲ့ အဆုတ်ဖောရောင်ခြင်း လင့်ကျိတ်ရောင်ခြင်း ဦးနှောက်ဖောရောင်ခြင်း ဓာတ်မတည့်ခြင်း အရေပြားရောင်ရမ်းခြင်း အမျိုးမျိုးတွေမှာ အသုံးပြုသည်။

ထိုးဆေးစားဆေးနှစ်မျိုးလုံးလာသည် အရေပြားရောဂါနှင့်အခြားပိုးဝင်ခြင်းများအတွက်
ပိုးသက်ဆေးများနှင့်တွဲ၍လည်းထုတ်လုပ်ထားတာရှိတယ်။

လိုအပ်လို့ အသုံးပြုရင်လည်း ဆေးကိုချက်ချင်းမရပ်ရပါ။
ကာလရှည်သုံးစွဲသူများ အက်ဒီနယ်ဂလင်း
လုပ်ဆောင်ချက် ကမောက်ကမဖြစ်ပြီး သွေးဖိအားကျလွန်းလို့အသက်အန္တရာယ်တောင်ရှိနိုင်ပါတယ်။

ကိုယ်ခံအားကျဆင်းတက်လို့ ပြင်ပကကူးစက်ရောဂါများ ရောဂါပိုးများဝင်ရောက်လွယ်ပြီးအလွယ်တကူတိုက်ခိုက်နိုင်ပါတယ်။

တီဘီရောဂါဖြစ်ဖူးရင်တောင်ပြန်ပေါ်နိုင်တယ်လို့သိရပါတယ်။
ရေတိမ်တွေ မှိုရောဂါအမျိုးမျိုး တွေလည်းအလွယ်တကူပြန်ဖြစ်တက်ပါတယ်။

ဆီးချို နှလုံး၊ကျောက်ကပ်အားရော့သူများ
အသည်းမကောင်းသူများ လက်ရှိရေတိမ်သမားများ သတိပြုသုံးရပါမယ်။
ကြီးကောင်ဝင်စများသုံးရင် ခန္ဓာကိုယ်ကိုကြီးထွားဖွံဖြိုးမူ့နှောက်နှေးစေပါတယ်။
သွေးဆုံးပြီးအမျိုးသမီးများ သတိထားရပါမယ်။

အစာအိမ်နဲ့အူလမ်းကြောင်းရောဂါ အစာရေမြိုပြွန်မှိုစွဲနာ ပန်းခရိယရောင်နာ အရိုးပွ အရိုးကျိုးလွယ်ကူစေခြင်း အကြောနဲ့ကြွက်သားဆိုင်ရာရောဂါများ သွေးလန့်ခြင်း မီးယပ်သွေးမမှန်ခြင်း အမျိုးသမီးတွေမှာ ဟော်မုန်းအပြောင်းလဲကြောင့်နုတ်ခမ်းမွေးမုတ်ဆိတ်မွေးများပေါက်လာခြင်း ကိုယ်အလေးချိန်တိုးလာခြင်း စိတ်ပိုင်းဆိုင်ရာမူမမှန်ခြင်း စိတ်ကြွ စိတ်ကျ စိတ္တဇ များဝင်လာခြင်း
ဦးနှောက်နဲ့အာရုံကြောရောဂါ မျက်စိရေတိမ်နှင့်အခြားဘက်တီးရီးယားရောဂါ မှိုရောဂါများကြွလာခြင်း အရေပြား ရောဂါ မှဲ့ခြောက်များပေါ်လာခြင်း အနာကျက်နှေးခြင်း သွေးခြေဥခြင်းများ

အတွေ့ကြုံရပြောရရင် Dexametasone ဒက်ဆာကိုကာလရှည်သုံးစွဲသူတွေကို Glucose သွေးချိုဖောက်ကြည့်ရင် တက်နေတာတွေတွေ့ရတယ်။

ဘယ်လိုကြောင့်ပဲစွဲသောက်သောက် မျက်နှာကစပြီးခြေခုံထိ အသားရေကပွစုပ်စုပ်ပြာနှမ်းနှမ်းနေမယ်။
ဝိတ်တွေတက်မယ် သွေးတွေအရမ်းတိုးမယ်
အရိုးပွလက္ခနာတွေပြမယ် နှလုံးရောဂါလက္ခဏာတွေနဲ့အတူ သေချာတာတော့ နောက်ဆက်တွဲဆီးချိုဖြစ်တာသေချာပါတယ်။

ဒါကြောင့်ပဲထင်ပါတယ်ကျွန်တော့နယ်မှာပေါလိုက်တဲ့ဆီးချိုသမားတွေ။

ခါးနာဒူးနာလို့ Dexa ဒက်ဆာတွေသောက်တယ် ဒက်ဆာသောက်တော့တကိုလုံးရောအရိုးတွေရောပွတယ် အရိုးတွေပွတော့ဒူးတွေခါးတွေကနာတယ် အဲ့တော့ dicloနဲ့Dexa တွေ သောက်တယ် Dexa တွေသောက်တော့ ကျွန်တော့အဆုံးမသက်တက်တော့ဘူး။ ကိုယ်ဘာသာကိုဆက်ပြီးစဉ်းစားကြတော့

Ko Myo 26-12-2020

Credit

Want your business to be the top-listed Shop in Hinthada?
Click here to claim your Sponsored Listing.

Telephone

Website

Address


အမှတ် (၄၁၄) ၊ ဗာဂျီးနီးယား (၃) လမ်း ၊ တာကလေးရပ်ကွက် ၊ ဟသ်ာတမြို့။
Hinthada
10061