KHANT Auto Hinthada
24/08/2024
ကြွရောက်အားပေးကြသော လူကြီးမင်းတို့အား အကောင်းဆုံးဝန်ဆောင်မှု့ပေးနိုင်ရန် KHANT Auto Hinthada မိသားစုမှ အစဉ်တစိုက် ကြိုးစားလျက်🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
24/08/2024
လေးစားရပါသော လူကြီးမင်းများ ခင်ဗျား …
ကားပစ္စည်း(spare parts)နှင့် ပတ်သက်၍ ဗဟုသုတ အနည်းငယ်မျှဝေချင်ပါတယ် ။
ကျွန်တော်တို့အသုံးပြုနေသော မော်တော်ကားများအား ပြုပြင်ရာတွင် -သက်တမ်းကုန်လွန်၍ ပျက်စီးသွားသော( ပြန်လည်ပြုပြင်၍ မရသော) အစိတ်အပိုင်းများကို အစားထိုး၍ လဲလှယ်ရပါသည်။ ထိုသို့အစားထိုးလဲလှယ် ပြုပြင်ရာတွင် ပြန်လည်အစားထိုးသည့် ပစ္စည်း( spare parts) အမျိုးအစားများအပေါ်တွင် မူတည်၍ ကွာခြားချက်များစွာရှိပါသည်။
ဥပမာ
- အစားထိုးလဲလှယ်အသုံးပြုသော ပစ္စည်း (spare parts) သက်တမ်း တိုတောင်းခြင်းနှင့် ကြာရှည်စွာ ခံနိုင်ရည်ရှိခြင်း
- အစားထိုးလဲလှယ်အသုံးပြုသော ပစ္စည်း(spare parts) မှ အသံဆူညံစွာထွက်ခြင်းနှင့် အသံငြိမ်ခြင်း
- အစားထိုးလဲလှယ်အသုံးပြုသော ပစ္စည်း(spare parts) မှတုန်ခါမှု့များခြင်း နှင့် တုန်ခါမှု့နည်းခြင်း
- အစားထိုးလဲလှယ် အသုံးပြုသော ပစ္စည်း(spare parts)၏ အပူဒဏ် အအေးဒဏ် ကောင်းမွန်စွာ ခံနိုင်ခြင်း နှင့် မခံနိုင်ခြင်း
အကြမ်းဖျဉ်း အားဖြင့် အစရှိသောအကြောင်းအရာများ ကွာခြားနိုင်သလို အသေးစိတ် ခွဲခြားမည်ဆိုပါက များစွာသော ကွာခြားမှု့ အကြောင်းအရာများစွာ ရှိနိုင်ပါသည်။
design လိုအပ်ချက်ရှိသော အချို့သော (spare parts) များကြောင့် ထို spare part အသုံးပြုထားသော ကား၏ ယာဉ်မောင်းအတွက် အသက်ကိုပါထိခိုက်နိုင် သည့်အထိ အန္တရာယ်ပေးနိုင်ပါတယ်။ ဥပမာ- ကားအောက်ပိုင်း Ball Joint များတွင် အချို့ spare parts များမှာ design လိုအပ်ချက်များကြောင့် ခိုင်ခံမှု့မရှိသဖြင့် ယာဉ်တိမ်းမှောက်မှု့များစွာဖြစ်ခဲ့သည့် ဖြစ်စဉ်များစွာ ရှိခဲ့ပါတယ်။
ထို့ကြောင့် လူကြီးမင်းတို့၏ကားအား အစားထိုးအသုံးပြုပေးသော spare parts များ၏ Brand ကိုသေချာစွာ ရွေးချယ်သင့်ပါကြောင်း လေးစားစွာ မျှဝေလိုက်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 104, Ingapo Road
Hinthada
10061
Opening Hours
| Monday | 08:00 - 18:00 |
| Tuesday | 08:00 - 18:00 |
| Wednesday | 08:00 - 18:00 |
| Thursday | 08:00 - 18:00 |
| Friday | 08:00 - 18:00 |
| Saturday | 08:00 - 18:00 |
| Sunday | 08:00 - 18:00 |