M Digital Store
20/03/2026
Manus My Computer ရောက်လာပြီနော်🔥
အရင်တုန်းက Manus ဆိုတာ
online ပေါ်မှာအလုပ်တွေကို ကူညီပေးတဲ့ assistant လိုပဲရှိတယ်
အခုတော့ အဲဒီစွမ်းရည်တွေကို
ကျွန်တော်တို့ရဲ့ desktop ကွန်ပျူတာပေါ်ကို တိုက်ရိုက်ယူလာလိုက်ပြီ
အလွယ်ပြောရရင်
ကွန်ပျူတာထဲကအလုပ်တွေကို တကယ်လုပ်ပေးနိုင်တဲ့ assistant ဖြစ်လာပြီပဲ
ဘာတွေလုပ်နိုင်လဲဆိုတော့—
• ဖိုင်တွေကို အလိုအလျောက်စီမံပေးနိုင်တယ်
ဖိုင်တွေရှုပ်နေတဲ့သူတွေဆို သဘောကျမယ်
Manus ကိုပြောလိုက်ရုံနဲ့ scan လုပ်ပြီး
အမျိုးအစားခွဲ၊ စီစဉ်ပေးနိုင်တယ်
• App တွေကိုမြန်မြန်တည်ဆောက်ပေးနိုင်တယ်
ဘာသာပြန် app လေးတွေ၊ ကိုယ်သုံးမယ့် tool လေးတွေ
ကိုယ်တိုင် code မရေးလောက်အောင်
Manus က ကူညီဖန်တီးပေးနိုင်တယ်
• ကွန်ပျူတာကို အလုပ်လုပ်ပေးတဲ့ machine အဖြစ်ပြောင်းနိုင်တယ်
အိမ်က PC ကို workstation တစ်ခုလို
အမြဲအလုပ်လုပ်ပေးနိုင်အောင် အသုံးချနိုင်တယ်
screen ရှေ့မှာရှိမရှိ မလိုတော့ဘူး
အရေးကြီးတာကတော့
အရာအားလုံးက ကိုယ့်ကွန်ပျူတာပေါ်မှာပဲ လုပ်တာဖြစ်ပြီး
control ကိုလည်း ကိုယ်ပဲ ထိန်းထားနိုင်တယ်
command တစ်ခုချင်းစီကို
ကိုယ်အတည်ပြုမှသာ run လုပ်တာဆိုတော့
security ပိုပြီးစိတ်ချရတယ်
ကိုယ်တိုင်တော့ Manus ကို သဘောကျပြီးသား
ဒီ feature နဲ့ဆို ပိုပြီးအသုံးဝင်လာပြီ
credit တွေသုံးပြီး စမ်းကြည့်ဖို့တောင်တန်တယ် 😆
ဗီဒီယိုကို comment ထဲမှာကြည့်လို့ရတယ်နော်
Click here to claim your Sponsored Listing.
Category
Website
Address
Hinthada