Travelling Guide
20/05/2024
ရေပေါ်မှာ အိမ်ဆောက်တဲ့ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်ရှိ ပင်လယ်ကျွန်းရွာလေး ကျောက္ကာရွာ သင်္ကြန်ဆိုရင် ရေပေါ်သင်္ကြန်ပါ ကျလို့ရတယ်နော်။
23/12/2022
မြိတ်မြို့ လေးကျွန်းဆီမီး သိမ်တော်ကြီးဘုရားနှင့် ပထော်ပထက်သမိုင်းအကျဉ်းချုပ်🏰🏰🏰
မြိတ်မြို့၏ သမိုင်းကြောင်းမှာရှည်လျားလှသဖြင့် အပိုင်းအဆက်ဆက်ခွဲလျက်တင်ပြပေးမည်ဖြစ်ပါသည်။
🔜ရှေးခေတ်ခယ်တောင်စေတီသမိုင်း
(အပိုင်း-၁)
အောင်သဝရမြို့တော်🏡🏯⛪တွင် ထီးနန်းအုပ်ချုပ်မင်းလုပ်တော်မူသော ဗြံစက္ကမင်းကြီးတွင် လှပတင့်တယ် ရှုမျှော်ဖွယ်ရာ မိဖုရား💃💃💃💃💃ငါးပါးရှိလေသည်။
ထိုမိဖုရား ငါးယောက်တို့တွင် အငယ်ဆုံးဖစ်သောမိဖုရား👸သည် လေးယောက်သော မိဖုရားတို့ထက်သာလွန်၍ အဆင်အင်္ဂါ လက္ခဏာ♑တို့ဖြင့် ပြည့်စုံလှလေသည်။
အမှန်စစ်စစ် ထိုမိဖုရားမှာ ပူလယက္ခဘီလူးတိုင်းပြည်🏯ကို အစိုးရသော ဘီလူးမင်း၏ သမီးတော် ဘီလူးမ👹တည်း။
ထိုဘီလူးမသည် လူစစ်စစ်ဖြစ်သော မိဖုရားလေးယောက်တို့၏ မျက်စိများ👀👀👀ကို ဘီလူးတို့အတတ်ဖြင့်ထုတ်ယူပြီး ဖန်ဗူးဖြင့်ထည့်ကာ ဖခမည်းတော်ရှိရာဘီလူးတို့တိုင်းပြည်တွင် မိမိ၏ အစွယ်နှင့်တကွ ပို့အပ်ထားလေသည်။
ထိုပြင် လူယောင်ဆောင်ထားသည့် ဘီလူးမဖြစ်သော ထိုမိဖုရားသည် စက္ခု နှစ်ကွင်းအလင်းမရရှာတော့သည့် မိဖုရားတို့မှ ဖွားမြင်တော်မူသည့် သားတော်👪တို့ကိုပါ ဖမ်းယူစားသောက်လေသည်။
တစ်နေ့သ၌ လေးယောက်သောမိဖုရားတို့တွင် အငယ်ဆုံးမိဖုရားသည် ကိုယ်ဝန်ရှိ၍ ငါးလ နှင့် ခြောက်လမြောက်ကိုယ်ဝန်ရင့်မာလာသောအခါ မင်းကြီးထံခွင့်ပန်လျက် သူဆင်းရဲမအသွင်ဖြင့် မြို့တော်မှထွက်ခွာသွားခဲ့လေသည်။
နောင်တွင် ကိုယ်ဝန်အားချမ်းသာစွာဖွားမြင်ပြီး သားတော် ကိုယ်ဝန် ခြောက်လအရွယ်ရောက်မှသာ နန်းတော်သို့ပြန်ဝင်လေသည်။
မင်းကြီးသည် ဘုန်းသမ္ဘာကြီး၍ တိုင်းပြည်ကို အစိုးရသောမင်းဖြစ်အံသည့်သားတော်အား ပရမရာဇာ၊ မဟာဓမ္မရာဇာဟူ၍ နှစ်မည် မှည့်တော်မူလေသည်။
ထိုအခါလူယောင်ဆောင်ထားသော ဘီလူးမသည် ဘုန်းကံ သမ္ဘာနှင့်ပြည့်စုံတော်မူသော မင်းသားအားမစားနိုင်တော့ချေ။
ထိုသို့မစားနိုင်သော် ဥပါယ်တမည်ဖြင့် ငါ၏ ခမည်းတော်ထံသို့ပို့ပြီးလျှင် ဘီလူးအပေါင်းတို့ကို စားစေအံဟု အကြံပြုလျက် မင်းကြီးအား မိန်းမတို့မာယာဖြင့် " ဘုရားနှမတော်သည် နေပြည်တော်နှင့်တကွ ခမည်းတော် မယ်တော်တို့နှင့် ခွဲခွာနေခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီ ဖြစ်ပါသောသောကြောင့် ဖခမည်းတော် မယ်တော်တို့ရှိရာ တိုင်းပြည်သိုသွားလိုပါ၏" ဟုခွင့်ပန်လျှောက်ထားလေသည်။ မင်းကြီးသည် မိဖုရားအား အလွန်မြတ်နိုးတော်မူ၍ ကွေးကွင်းနေရမည်ကိုလိုလားတော်မမူသဖြင့် မိဖုရားအား မိဘရပ်သို့ ပြန်ရန်ခွင့်ပြုတော်မမူဘဲ သားတော်အား အကျိုကြောင်းနှင့်တကွ မှာကြားစေလွှတ်ပါဟု အမိန့်ရှိတော်မူလေသည်။
ထိုအခါ ဘီလူးမ မိထွေးတော့က သားတော် ပရမရာဇာမင်းသားအား "ငါသားတော်သည် မိထွေးတော်ကျန်းမာမှုရှိကြောင်းကိုငါ၏ မယ်တော် ခမည်တော်တို့အား လျှောက်ထားပါချေ။ ငါပေးလိုက်သော စာကိုလည်း ဖခမည်းတော် မယ်တော်တို့အားဆက်သပါချေ" မှာထားပြောဆိုပြီးလျှင် ရွှေသားဖြင့်ပြီးသောစာချွန်တော်ကိုသေချာစွာလိပ်၍ မင်သား၏ လည်ပင်းတွင် ဆွဲပေးကာ ပူလယက္ခတိုင်းသို့ စေလွှတ်လေသည်။
မင်းသားငယ်👳👳👳သည် ကြန်အင်လက္ခဏာနှင့် ပြည့်စုံသော မြင်း🐴🐴🐴ကို သေချာစွာ တန်ဆာဆင်စေပြီးမှ မိထွေးတော်တိုင်းပြည်🗼🗼🗼သို့ ထွက်ခွာလေသည်။
သို့ဖြင့် ယခု မြိတ်မြို့တည်သော တောကြီးထဲသို့ ရောက်လျှင် မြင်းရောလူပါ မောပန်းလှသောကြောင့်😰😰😰 တောင်ထိပ်ပေါ်တွင် မြင်းကိုချည်ပြီးသော် အိပ်စက်အနားယူ😴😴😴လေသည်။ထိုတောင်၏ အနောက်ဘက် ရေပြင်ခြားလျက်ရှိသောနေရာတွင်🌄🌅 ပြင်တောင်သည်တည်ရှိ၏။ယင်းသို့ ပြင်တောင်ဟုတွင်တွင်ခြင်းမှာ ထိုတောင်တွင်နေသော ပြဒါးဝိဇ္ဇာဓိုရ် နှင့် တောင်စောင့်နတ်👼👼👼တို့ ဘုရားတည်ရန်ကျောက်လုံးကြီးငယ်တို့ဖြင့် ပလ္လင်စီသည့်အခါ မပြီးမီ လူနှင့်တွေ့၍ ၎င်းနေရာတွင် မတည်တော့ဘဲ ပြောင်းရွှေ့၍ ပြင်လုပ်သောကြောင့် ပြင်တောင်ဟုခေါ်လေသည်။
ထိုပြင်တောင်၌ နေသောဝိဇ္ဇာဓိုရ်သည် မင်းသားငယ်အိပ်စက်နေသောတောင်သို့ရောက်လာ၍ မင်းသားငယ်နှင့်တကွ လည်ပင်းတွင် ဆွဲထားသော ရွှေစာလိပ်ကိုမြင်လေရာ မင်းသားငယ်မနိုးအောင် ချွတ်ယူပြီး ဘတ်ကြည့်သော် "စာနှင့်လာသော လူငယ်👱ကို စားလိုက်ပါဟူ၍ ပါရှိလေသည်။
ထိုအခါ ဝိဇ္ဇာဓိုရ်က မင်းသာ်း၏ နှလုံးရည် လက်ရုံးရည် နှင့် သွင်ပြင်လက္ခဏာတို့အား စစ်ဆေးကြည့်ရှုပြီး ဘုန်းတန်ခိုးအာနုဘော်ကြီးပြီး တိုင်းကြီးပြည်ကြီးကိုစိုးပိုင်အုပ်ချုပ် မင်းလုပ်နိုင်သောလက္ခဏာတို့ကိုတွေ့မြင်ပြီးနောက် မင်းသား၏ လည်ပင်းတွင်ဆွဲထားသော စာချွန်လွှာတွင် "မျက်စိလေးစုံ👀👀👀👀ထည့်ခဲ့သောဗူးနှင့် သမီးတော်အစွယ် နှစ်ခု👿ထည့်ထားသောဗူးအား ပေးလိုက်ပါ" ဟူ၍ ပြင်ဆင်ရေးသားလျက် မင်းသားငယ်၏ လ်ာပင်းတွင်ချည်မြဲအတိုင်း ချည်ထားခဲ့ပြီးပြန်သွားလေသည်။ မင်းသားငယ်သည် အိပ်ရာမှနိုးသော်ခရီးဆက်လေ၏။ ထိုသို့ခရီးဆက်၍ ပူလယက္ခဘီလူးမင်း၏ တိုင်းပြည်သို့ရောက်လတ်သော် မိထွေးတော် အမှာရှိသောစကားများကိုပြန်လည်လျှောက်ထားလျက် ရွှေစာလိပ်ကိုဆက်သလေ၏။ ဘီလူးမင်းလည်း မင်းသားငယ်၏ လျောက်ထားချက်နှင့် ရွှေစာလိပ်ပါအကြောင်းချင်းရာတို့ကိုသိရှိသောအခါ များစွာဝမ်းမြောက်ဝမ်းသာဖြစ်လျက် ဘီးလူးတို့တိုင်းပြည်တွင် မင်းသားငယ်အားကောင်းမွန်စွာနေထိုင်စေပြီး အပြန်ခရီးတွင် မျက်စိဗူးနှင့် အစွယ်ဗူးတို့ကိုပေးအပ်လိုက်လေသည်။
မင်းသားငယ်လည်း ဘခမည်းတော်တို့တိုင်းပြည်သို့ပြန်သော် ပူလယက္ခသို့သွားစဉ်က အိပ်စက်အနားယူခဲ့သည့် ခယ်တောင်၌ပင် မြင်းကိုချည်လျက် အိပ်စက်နားနေပြန်သည်။ ထိုအခါ ဝိဇ္ဇာဓိုရ်လည်းရောက်လာပြန်၍မင်းသားငယ်အားနိုးကာ "ဤမျက်စိဗူးကား မင်းသား၏မယ်တော်နှင့်တကွ ကျန်သုံးဦး၏ မျက်စိဗူးများဖြစ်ကြောင်း ထိုမျပ်စိများကို မယ်တော်တို့၏မျက်ကွင်း၌ သွပ်သွင်းပြီး သကာလ ဗြဒါးလုံးနှင့် ပွတ်တော်မူပါလျှင် အကောင်းပကတိအလင်းမြင်ရပါလိမ့်မယ်" ဟုပြောကြားလျက် ပြဒါးသေလုံးကို မင်းသားငယ်အား ပေးအပ်လေ၏။ ထိုနောက်တဖန်ပြောပြန်သည်မှာ ထိုအရာသည်ကားအစွယ်ဗူးတည်း ထိုအစွယ်သည် အသင့်အား ပူလယက္ခတိုင်းပြည်သို့စေလွှတ်တော်မူသည့် မိထွေးတော်၏ အစွယ်ဖြစ်ပြီး အမှန်စစ်စစ် သင်၏ မိထွေးတော်သည် လူသားမဟုတ်ဘဲ ဘီလူးမသာ ဖြစ်ကြောင်း အသင်မင်းသား၏ မယ်တော်များ၏ မျက်စိတို့ကို အလင်းမမြင်ရအောင်ပြုလျက် ဘွားမြင်သမျှသော ရင်သွေးတော်များကိုဖမ်းယူစားသောက်ကြောငိးနှင့် မင်းသားငယ်မွေးဖွားကြီးပြင်းလာပြီး ယခုကဲ့သို့ ဥပါယ်တမြည်ဖြင့် စေလွှတ်ခြင်းခံရပုံ အလုံးစုံတို့ကို ရှင်းလင်းပြဆို၍ သိရှိခွင့်ရသောအခါ ပရမရာဇာမင်းသားသည်
#မူရင်းရေးသားသူ
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Kantkaw Street, Back Of Mediland, HospitalDawei, ထားဝယ်, Myanmar (Burma)
Dawei
Opening Hours
| Tuesday | 08:00 - 18:00 |
| Wednesday | 08:00 - 18:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 07:00 - 17:00 |
| Sunday | 06:00 - 17:00 |