May Htwe
အမှန်တကယ်တော့ ‘စစ်မှန်တဲ့ပျော်ရွှင်မှု’ဆိုတာ သူတပါးကို ကူညီလိုက်တဲ့အချိန်မှာ ရတဲ့ ရင်ထဲက ခံစားမှုပါပဲ။
ပရဟိတဆိုတာ အသက်စွန့်ရဲမှ၊ တဘဝလုံး ရင်းနှီးမြှပ်နှံပြီး လုပ်နိုင်တော့မှ ဖြစ်တာ မဟုတ်ပါဘူး။ အစာငတ်နေတဲ့ ကလေးတစ်ယောက်ကို မုန့်တစ်ဖဲ့ကျွေးလိုက်တာလည်း ပရဟိတပဲ ဖြစ်သလို၊ လမ်းမသိလို့ လာမေးတဲ့သူကို စိတ်ရှည်လက်ရှည် ဖြေပေးလိုက်တာကလည်း ပရဟိတပါပဲ။
ကျွန်တော်တို့အားလုံးမှာ အချိန်ဟာ အကန့်အသတ်နဲ့ပဲ ရှိပါတယ်။ နောက်ကျတာဟာ မလုပ်လိုက်ရတာနဲ့ ဘာမှမထူးပါဘူး။
ဒါကြောင့် တန်ဖိုးရှိတဲ့ကိုယ့်ဘဝကို အကျိုးရှိရှိ အသုံးချသွားရမယ်။ ကိုယ်ပိုင်ဆိုင်ခွင့်မရှိတဲ့၊ ဆုံးရှုံးလိုက်ရတဲ့အရာတွေအတွက် ကြေကွဲဝမ်းနည်းနေမဲ့အစား ကိုယ့်ဆီမှာ ရှိတဲ့အရာတွေ၊ ကိုယ့်ဘေးနားက လူတွေကို တန်ဖိုးထားတတ်ရမယ်။ အချိန်လွန်မှ နောင်တရနေတာထက် ကိုယ်ပိုင်ဆိုင်ထားတဲ့ လက်ရှိအချိန်တိုင်းမှာ အများအတွက် အကူအညီတွေ ပေးရင်း ပျော်ရွှင်မှုအစစ်အမှန်ကို ရှာဖွေကြဖို့ လိုပါတယ်။
တကယ်တော့ ဘဝဆိုတာ တိုတောင်းလွန်းပါတယ်။ အကျိုးရှိတာ တခုခုလုပ်ဖို့အတွက် တုံ့ဆိုင်းနေဖို့ အချိန်မရှိပါဘူး။
ဒေါက်တာ ဖြိုးသီဟ
Click here to claim your Sponsored Listing.
Category
Website
Address
Dawei
14011