Unique Restaurant

Unique Restaurant

Share

04/11/2023

သူအရမ်းချွဲတတ်❤✌

03/11/2023

လောလောဆယ် Bar တွေမှာ Cost အတက်ဆုံးက
Entertainment Cost ပဲ။
Food Cost က 35 to 40 %
Beverage Cost က 28 to 30 % ဆိုပေမယ့်
Chef ကောင်းရင်ကောင်းသလို
Purchaser ကောင်းရင်ကောင်းသလို
Bartender ကောင်းရင်ကောင်းသလို
ထိမ်းလို့ရတယ်၊ နှိမ့်လို့ရတယ်။

ဒါပေမယ့် Entertainment Cost ကျတော့
ထိမ်းမရဘူး။
အနုပညာရှင်တွေ ခေါ်စျေးပဲ၊ ဆစ်မရဘူး။

အပြိုင်အဆိုင်ဖွင့်နေတဲ့ Bar တွေမှာ
လူပြည့်အောင်ဖြည့်ဖို့ တနည်းပဲရှိတယ်။
( အများအထင်ပေါ့ )
အဲဒါ နာမည်ကြီး အဆိုတော် ခေါ်ဆိုခိုင်းဖို့ပဲ။
Bar ကြီးလေ နာမည်ကြီးသူ ခေါ်ရလေပဲ။
နာမည်ကြီးလေ Cost ကြီးလေ။
နာမည်ရ အဆိုတော်တယောက်ရဲ့ ပေါက်စျေးက
သိန်း ၃၀ ကနေ ၁၀၀ ထိ ရှိတယ်။
ဒီငွေကို တညတည်းရအောင် ဘယ်လိုရှာမလဲ?

နောက်ပြသနာတခုက အဆိုတော်ခေါ်နေကြ Bar တွေ
အဆိုတော်မရှိတဲ့အခါ လူမဝင်တော့ဘူး။
လာတဲ့သူတွေကလည်း နပ်နေပြီ။
အရင်လို မသုံးတော့ဘူး။
ဒီတော့ တလတလ Cost တွေကို ပြန်စစ်တဲ့အခါ
အများဆုံးက Entertainment Cost ဖြစ်နေတယ်။
လိုင်စင်ကြေးပါပါတော့ ပိုဆိုးသွားတယ်။
နောက်ဆို တေးရေးတွေအတွက်ပါ ပိုလာမယ်။

အရမ်းရောင်းနေရတယ် ဆိုတဲ့ Bar တွေမှာ
အမြတ်မရှိတာ အမြတ်နည်းနေတာ အဲဒါကြောင့်ပဲ။
ဘာကြောင့် Entertainment Cost များလဲဆိုတော့
Concept မရှိလို့။
Yangon မှာ အကြီးစားအနုပညာရှင်မလိုပဲ
Entertainment Cost အရမ်းနည်းတဲ့ Bar ဆိုလို့
လက်တဖက်ချိုးရည်လို့ရတယ်။
သို့သော် သူတို့က ရှင်သန်နေတယ် မြတ်နေတယ်။
ရေရှည်လျှောက်နေနိုင်တယ်။
Entertainer မလိုဘူး၊ သူတို့ Bar မှာ စားစရာတွေက
Entertainment ပေးတယ်။
Cocktail တွေက Entertainment ပေးတယ်။
Comfort Arrangement က Entertainment ပေးတယ်။
အပြုံးတွေက Entertainment ပေးတယ်။

ဒါတွေက Bar တခုရဲ့မြတ်ခြင်း မမြတ်ခြင်းပဲ။

ပုံကကျော်သွားမှာစိုစလို့ထည့်ပေးထားတာပါ😊

crd

Want your restaurant to be the top-listed Restaurant in Dawbon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yamonna Road
Dawbon