Dear Entertainment

Dear Entertainment

Share

10/06/2026

Dance Of The Lion (2026)
"အီဆန်မြေက ကချေသည်"

အပိုင်း ( 8 + 9 )

အဖေဖြစ်သူ မတော်တဆမှုဖြစ်ပြီးနောက်မှာတော့ အီဆန်ဒေသက ကောင်မလေးတစ်ယောက်ဟာ မိသားစုပိုင် ခြင်္သေ့အကအဖွဲ့ကို တာဝန်ယူဦးဆောင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ အဖွဲ့လေးကို ပြန်လည်ရှင်သန်လာအောင် ရိုးရာခြင်္သေ့အကနဲ့ ထိုင်းမြောက်ပိုင်းရဲ့ ကမ္ဘာကျော် "မော်လမ် (Mor Lam)" ဂီတကို ပေါင်းစပ်ပြီး နည်းလမ်းအသစ်နဲ့ ကြိုးစားဖန်တီးပါတော့တယ်။

ဒါပေမဲ့ ရိုးရာအကကို ခေတ်သစ်ဂီတနဲ့ ပေါင်းစပ်တဲ့နေရာမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ ဒေသတွင်း စိန်ခေါ်မှုတွေကြားကနေ မိသားစုအမွေအနှစ်ကို ဘယ်လိုဆက်ထိန်းမလဲဆိုတာ ရင်ခုန်စရာ ကြည့်ရှုရမှာပါ။

ဒီဇာတ်လမ်းတွဲကတော့ ထိုင်းဒေသတွင်း ရိုးရာယဉ်ကျေးမှု အငွေ့အသက်တွေ၊ သီချင်းလှလှလေးတွေနဲ့အတူ ပါဝင်တဲ့ မင်းသား၊ မင်းသမီးတွေရဲ့ ကြိုးစားအားထုတ်မှုကို မြင်တွေ့ရမယ့် Drama အမျိုးအစား ကားကောင်းတစ်ကားဖြစ်ပါတယ်။

CINEMA MOVIE TIME - Channel ကိုJoin ပါ
Join ရန်-
https://t.me/cimemamm

Link- https://t.me/cimemamm/9125

10/06/2026

Space Ranger: New Worlds (2026)

ဇာတ်လမ်းအစမှာတော့ ရိန်းဂျားပရိုဂရမ် သင်တန်းဆင်းပြီးစဖြစ်ပေမဲ့ အရည်အချင်းမှာတော့ ထိပ်တန်းစာရင်းဝင်တဲ့ အာကာသရိန်းဂျားတွေဖြစ်ကြတဲ့ Dakota နဲ့ Scotch တို့ နှစ်ယောက်ကို မိတ်ဆက်ပေးထားပါတယ်။ သူတို့ဟာ စကြဝဠာကြီးတစ်ခုလုံး ငြိမ်းချမ်းရေးရရှိဖို့အတွက် သူတို့ရဲ့ဆရာဖြစ်သူ ဗိုလ်ချုပ် Capp ခိုင်းစေတဲ့အတိုင်း မစ်ရှင်တစ်ခုကို တာဝန်ကျေပွန်စွာ လိုက်နာလုပ်ဆောင်နေကြသူတွေပါ။
​တစ်နေ့မှာတော့ ဗိုလ်ချုပ် Capp ဟာ စကြဝဠာရဲ့ ရှေးဟောင်းလျှို့ဝှက်ချက်ကြီးတစ်ခုကို မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ အဲဒီလျှို့ဝှက်ချက်ကြောင့်ပဲ ဗိုလ်ချုပ် Capp ဟာ Dakota ကို ကမ္ဘာမြေပေါ်ဆီသို့ အရေးကြီးလှတဲ့ "အချိန်ခရီးသွားမစ်ရှင် (Time Travel Mission)" တစ်ခုနဲ့ အမြန်ဆုံး စေလွှတ်လိုက်ပါတော့တယ်။


CINEMA MOVIE TIME - Channel ကိုJoin ပါ
Join ရန်-
https://t.me/cimemamm

Link- https://t.me/cimemamm/9147

09/06/2026

Blonde [2022]

မွန်ရိုးဟာ သမိုင်းတလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ
ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀ ၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောကထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင်မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား
ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကိုမတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်thetသေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ်
ပေါက်ခဲ့ပါတယ်။

CINEMA MOVIE TIME - Channel ကိုJoin ပါ
Join ရန်-
https://t.me/cimemamm

Link- https://t.me/cimemamm/9110

Want your business to be the top-listed Media Company in Dalla?
Click here to claim your Sponsored Listing.

Category

Website

Address


Dalla