SN's Sharing

SN's Sharing

Share

Level Up.
🎥 Sharing real thoughts that matter.

20/04/2025

သင့်ဘဝမှာ ဒီလူ (၂) ဦးကိုအတတ်နိုင်ဆုံးရှောင်❌❌❌

🅰️ပထမတစ်ဦးက Energy Consumer
မတွေ့နဲ့ တွေ့လိုက်တာနဲ့ မကောင်းပြော ဘယ်သူကြောင့် ဘာကြောင့် အမျိုးမျိုးပြောဆိုနေပြီးတော့ သူ့အနားကပ်လိုက်တာနဲ့ သူနဲ့ စကားပြောလိုက်တာနဲ့ ကိုယ်ပါလိုက်ပြီး Energy ကျသွားတဲ့သူမျိုး အမြဲတမ်း အမြဲကာဆီးကာဆီးနဲ့ အဆိုးပဲတွေး အဆိုးပဲမြင်ပြီး သူ့နားနေရင် ကိုယ့် Feeling တွေ Good မနေတာမျိုးပေါ့။ တစ်ခုပြောချင်တာက မကောင်းတာခြင်းတူတူကျ သွားပူးရင်လဲ Energy တက်တာမျိုးရှိတယ်နော် တလွဲလည်းမယူစေချင်ပါဘူး။

🅱️ဒုတိယတစ်ဦးက Time Consumer
ကိုယ့်ဆီကအချိန်တွေ ဖဲ့ယူပြီး အကျိုးမရှိတာအတွက်နဲ့ အချိန်ကုန်ငွေကုန်လူပင်ပန်းစေပြီး အလိုက်မသိတတ်တဲ့သူမျိုးပေါ့။ အမြဲလိုလို ကိုယ့်အချိန်တွေကို အကျိုးမရှိတာတွေအတွက်နဲ့ ဖြုန်းတီးတတ်သူမျိုးပေါ့ ဒီလိုလူမျိုးတွေကလည်း သင့်ကို အချိန်ကုန်လူပန်းဖြစ်စေပြီး ရေရှည်ဘာကောင်းကျိုးမှမပေးတတ်သူမျိုးပေါ့။

အဲ့တော့ ကိုယ့်ဘေးနားက သူတွေကိုလည်း ပြန်စဉ်းစားကြည့်
ဘယ်သူက ကိုယ့် Energy တွေကိုကျသွားစေသလဲ
ဘယ်သူက ကိုယ့် အချိန်တွေကို အကျိုးမရှိသပ်သပ်ကုန်ဆုံးစေသလဲ

✍️SN's Sharing
20 Apr 2025

10/09/2023

လူတိုင်းကို လိုက်မဝေဖန်တော့ဘူး လူမုန်းများလို့...
လူတိုင်းကို ပြုံးမပြချင်တော့ဘူး ရင်ထဲကမပါလို့
လူတိုင်းကို ​စေတနာမထားတော့ဘူး မတန်ဘူးထင်လို့
လူတိုင်းကို မခင်တွယ်တော့ဘူး အသုံးချခံရလို့
လူတိုင်းကို......
လူတိုင်းက ကိုယ့်လိုမဟုတ်ဘူး...
ကိုယ့်စိတ်နဲ့ ယှဉ်တွေးလို့လဲမရနိုင်ဘူး...
ကိုယ်နဲ့လဲထပ်တူကြမှာမဟုတ်ဘူး...
အကုန်လုံးကို လိုက်နားလည်ပေးလို့လဲ ရနိုင်မှာမဟုတ်ဘူး...
မတူညီမှုတွေ များစွာရှိကြတာကိုက လောကသဘာဝမို့ အရမ်းတွေ မတွေးတော့ဘူး....

28/08/2023

ဆိုင်တဆိုင်ထဲကိုဝင်သွားတယ်
Menu ကြည့်တော့ ဈေးနှုန်းမကပ်ထားဘူး
အဲ့တာနဲ့ မှာချင်တာမှာလိုက်တယ်
ငွေရှင်းတဲ့အခါကျတော့ များတယ် လုပ်တယ်။

တကယ်ဆိုရင် ကိုယ်က ငွေစကားပြောစရာမလိုတဲ့ အဆင့်ရောက်နေတယ် ဆိုရင် ကိုယ်လိုချင်တာရရင် ကျသင့်ဈေးရှင်းလိုက်ပါ

အဲ့လိုမဟုတိရင်တေ့ာ ငွေစကားအရင်ပြောပါ။

နောက်မှ အားတုံ့အားနာအခြေအနေမျိုးက အမြဲ အဆင်မပြေပါ။

ပေါင်းသင်းဆက်ဆံရေး ကြားတွေကြားမှာလဲ ရပါတယ် အဆင်ပြေသလိုကြည့်ပေးပါဆိုတာက အမြဲတမ်း အတွက်မကောင်းနိုင်ပါဘူး အားနာတတ်တဲ့သူဖြစ်နေလို့ မပြောထွက်တာပါ … တဖက်သားကို Respect ရှိရင်ငွေစကားအရင်ပြောပါ။

စေတနာပါရင် လေယာဉ်ပါ အလကားစီးခွင့်ရပါမယ်။ စေတနာမရှိလို့ကတော့ ပိုက်ဆံပေးလည်းမရနိုင်ပါ။

ငွေစကားအရင် ပြောပါဆိုတာက ဒီလောက်ပေးမယ်ဒါလုပ်ပေးဆိုပြီး မောက်မာခိုင်းတာမဟုတ်ပါ.. တဖက်သားအချိန်လုပ်အား ဉာဏအားကို အလေးထားစေချင်တာပါ။

လူတစ်ယောက်ရဲ့အချိန်နဲ့ အတွေ့အကြုံအဆက်သွယ်တွေက မိုးပေါ်ကကျမလာဘူးလေနော်

(မှတ်ချက် - ကျွန်တော်နှင့် အလုပ်လုပ်လျှက်ရှိနေသော သူများကိုရည်ညွှန်းပြောဆိုခြင်းမဟုတ်ပါ လူ့လောက လူ့သဘာဝကို သာ ရည်ညွှန်းပြောဆိုခြင်းဖြစ်ပါတယ်။ မှတ်ချက်ထည့်ရေးရတယ်ဆိုတာလည်း တလွဲကောက်နိုင်တဲ့သူတွေရှိလို့ပါ ☺️)

အဆင်ပြေကြပါစေ

Want your public figure to be the top-listed Public Figure in Dagon?
Click here to claim your Sponsored Listing.

Category

Website

Address


Dagon