Health knowledge
02/01/2026
• ကျွန်မကိုယ်တိုင် ရဲယိုသီးယိုနဲ့ အသက်ဆက်နေရသူမို့ သူ့ရဲ့ ကောင်းကျိုးတွေကို အသေးစိတ်လေ့လာပြီး လက်တွေ့ခံစားရတာလေးတွေကို ဝေဒနာတူသူတွေအတွက် ပြန်လည်မျှဝေပေးပါရစေ။ 🙏
• အထူးသဖြင့် အောက်ပါရောဂါဝေဒနာရှင်များအတွက် သင့်တော်ပါတယ် -👇
• သွေးလေးဖက်နာ၊ ရိုးရိုးလေးဘက်နာ
ဂေါက်ရောဂါ 👇
• ကိုယ်ခံအား ကျဆင်းသူများ
အရိုးအဆစ် ရောင်ရမ်းနာကျင်နေသူများ
သုံးစွဲနည်း - 👇
• ဒီရာသီမှာ ဒီဆေးလေးကို တစ်နေ့ ထမင်းစားဇွန်း (၁) ဇွန်း ကနေ (၂) ဇွန်းအထိ စားပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။
•> ဆေးပြုလုပ်နည်း ရဲယိုသီးရဲ့ သိပ္ပံနည်းကျ ကောင်းကျိုး (၆) ချက် 👇
၁။ သွေးဖိအားကို ထိန်းညှိပေးခြင်း
ရဲယိုသီးဟာ သွေးတိုးရောဂါရှိသူတွေအတွက် သဘာဝအတိုင်း သွေးဖိအားကို မျှတအောင် ချိန်ညှိပေးနိုင်စွမ်း ရှိပါတယ်။
၂။ ကိုယ်အလေးချိန် ထိန်းချုပ်ပေးခြင်း
ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အဆီတွေကို လောင်ကျွမ်းစေပြီး အစားအသောက် လွန်ကဲစွာ စားချင်စိတ်ကိုလည်း လျော့ကျစေပါတယ်။
၃။ Antioxidants ပြည့်ဝခြင်း
Vitamin C နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေပါတယ်။
၄။ မကောင်းတဲ့ အဆီဓာတ်ကို လျော့ချပေးခြင်း
သွေးတွင်းက မကောင်းတဲ့အဆီ (LDL) ကို လျော့ကျစေပြီး ကောင်းတဲ့အဆီ (HDL) ကို တိုးပွားစေပါတယ်။
၅။ အသည်းနှင့် ကျောက်ကပ်ကို အားကောင်းစေခြင်း ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို သန့်စင်ပေး (Detox) တာကြောင့် အသည်းနဲ့ ကျောက်ကပ်အတွက် အထူးကောင်းမွန်ပါတယ်။
၆။ ပိုးမွှားကူးစက်မှုကို ကာကွယ်ပေးခြင်း
ရဲယိုရွက်နဲ့ ရဲယိုသီးမှာ ပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိများ ပါဝင်တာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။
ဝေဒနာရှင်အားလုံး သက်သာပျောက်ကင်းကြပါစေ။ 🙏
14/11/2025
ကျောက်ကပ်ကျောက်တည်တာ ဒါမှမဟုတ် ဆီးလမ်းကြောင်းမှာ အနယ်အနှစ်တွေရှိလို့ ဆီးသွားရတာ ခက်ခဲနေသူတွေအတွက် ရှေးပဝေသဏီကတည်းက လက်ဆင့်ကမ်းလာတဲ့ သဘာဝဆေးနည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ လွယ်ကူရိုးရှင်းပြီး အိမ်မှာပဲ ပြုလုပ်နိုင်တဲ့ အုန်းရည်နဲ့ ကျောက်ချဥ်ကို ရောစပ်သောက်သုံးတဲ့ နည်းလမ်းပါ။
ပါဝင်ပစ္စည်းများ
အုန်းသီးနုနု တစ်လုံး
လက်သန်းအရွယ် ကျောက်ချဥ် (ညက်အောင်ထောင်းထားပါ)
ပြုလုပ်နည်းအဆင့်ဆင့်အုန်းသီးကို အဖုံးဖွင့်ပြီး အထဲက အုန်းရည်ကို ဖိတ်မသွားစေဘဲ အလုံးလိုက်အတိုင်း ထားပါ။
ညက်အောင်ထောင်းထားတဲ့ ကျောက်ချဥ်မှုန့်ကို အုန်းရည်ထဲကို ထည့်ပါ။
အုန်းသီးအလုံးလိုက်ကို မီးဖိုပေါ်မှာ မီးအေးအေးနဲ့ တင်ပြီး ကျောက်ချဥ်တွေ အုန်းရည်နဲ့ သေချာပျော်ဝင်သွားအောင် အပူပေးပါ။
ကျောက်ချဥ်များ ပျော်ဝင်သွားပါက မီးပိတ်ပြီး အအေးခံပါ။
အေးသွားတဲ့အခါ အဖုံးဖွင့်ကာ တစ်လုံးလုံးကို သောက်သုံးနိုင်ပါတယ်။
သောက်သုံးပုံတစ်နေ့ကို အုန်းသီးတစ်လုံးနှုန်းနဲ့ ဆက်တိုက် ၃ ရက် သောက်သုံးပေးပါ။
ဒီနည်းလမ်းက ဆီးလမ်းကြောင်းအတွင်းက ကျောက်တည်ခြင်းနဲ့ အနယ်အနှစ်တွေကို ပျော်ဝင်စေပြီး ဆီးသွားရတာကို လွယ်ကူချောမွေ့စေတယ်လို့ ရှေးလူကြီးတွေက ယုံကြည်ကြပါတယ်။
27/10/2025
ယောက်ျားသားများအတွက် လျှို့ဝှက်ဆေးစွမ်းကောင်း "ကြောင်ရိုသေပင်"
အိမ်ရှင်ယောက်ျားများစွာ မသိသေးတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိပါတယ်။ အလွယ်တကူ နေရာတိုင်းမှာ တွေ့နိုင်တဲ့ "ကြောင်ရိုသေပင်" ကို တွေ့တာနဲ့ အမြစ်ကို ဖြတ်ပြီး နေလှန်းထားပါ။ ဈေးကြီးပေးပြီး ဝယ်စရာမလိုဘဲ အာနိသင် အတူတူရတဲ့ သဘာဝဆေးစွမ်းကောင်း ဖြစ်ပါတယ်။
အမြစ်ဖြင့် သောက်သုံးနည်း (အားအင်ဖြည့်တင်းရန်)
• ကြောင်ရိုသေပင် အမြစ်စို (၃၀) ဂရမ် (သို့မဟုတ်) အမြစ်ခြောက် (၁၅) ဂရမ် ကို ရေ (၃) ဖန်ခွက်မှ (၄) ဖန်ခွက်ဖြင့် ပြုတ်ပြီး တစ်နေ့လျှင် (၁) ဖန်ခွက် သောက်ပါ။
• အာနိသင်များ - အားအင်ပြည့်ဖြိုးစေခြင်း၊ သွေးလေလည်ပတ်မှု ကောင်းမွန်စေခြင်း၊ ကိုက်ခဲနာကျင်မှု သက်သာစေခြင်း၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း။
အရွက်ဖြင့် သောက်သုံးနည်း (အဆုတ်နှင့် အအေးမိခြင်းအတွက်)
• ကြောင်ရိုသေရွက် အစို (၁) ဆုပ် ကို ရေ (၄) ခွက်ဖြင့် ပြုတ်၍ (၂) ခွက် ကျန်သည်အထိ ချက်ပါ။
• မနက်တစ်ကြိမ်၊ ညတစ်ကြိမ် (၁) ခွက်စီ သောက်ပါ။
• အာနိသင်များ - ရောင်ရမ်းမှု သက်သာစေပြီး အဆုတ်ထဲမှ အချွဲသလိပ်များကို ထုတ်ပေးသည်။
ပန်းနာရင်ကျပ်နှင့် ဓာတ်မတည့်မှုအတွက် အသုံးပြုပုံ
• ပန်းနာရင်ကျပ် (သို့မဟုတ်) ဓာတ်မတည့်မှု များ ဖြစ်ပေါ်သည့်အခါ တစ်ခွက်တည်းနှင့် သိသာသော အကျိုးသက်ရောက်မှု ရရှိနိုင်သည်။
• နည်းလမ်း (၁) - ကြောင်ရိုသေပင် (အမြစ်အပါအဝင်) တစ်ပင်လုံးကို ယူ၍ ရေ (၁) ဖန်ခွက်ဖြင့် ပြုတ်ပြီး ရောဂါလက္ခဏာပေါ်သည့်အခါ သောက်ပါ။
• နည်းလမ်း (၂) - အပင်တစ်ပင်လုံးကို ထောင်း၍ ဆန်ဆေးရည်ဖြင့် ရောပါ။ အရည်ကို စစ်ပြီး ပြစ်ပျစ်လေး (၁) ဖန်ခွက် ရသောအခါ ရောဂါလက္ခဏာပေါ်သည့်အခါ သောက်ပါ။
26/10/2025
"သွားကိုက်ခြင်းတွေ နောက်မဖြစ်တော့ပါ!
အစွမ်းထက်လှတဲ့ ဗီးစပ်ရွက် (ဇာမဏီရွက်) ကိုယ်တွေ့ နည်းလမ်း"
ကျွန်တော်တို့ လူသားတွေဟာ သွားကိုက်၊ သွားနာဝေဒနာကို အများစုက ခံစားဖူးကြမှာပါ။ ဒီလိုသွားကိုက်ရတဲ့ အကြောင်းရင်းကလည်း အချို၊ အငံ၊ အဆိမ့်တွေ အစားများတာကြောင့် အဖြစ်များကြတာပါ။
ဥပမာအားဖြင့်- ဘီစကစ်၊ ထန်းလျက်၊ သကြား၊ ငါးခြောက် စတာတွေ အစားများပြီး သွားကို ဂရုမစိုက်ပေးရင် သွားကိုက်ဝေဒနာကို ခံစားကြရမှာပါပဲ။
သွားကိုက်ပြီဆိုရင် ကလေးမပြောနဲ့၊ ကျွန်တော်တို့ လူကြီးတွေတောင် မျက်ရည်ကျရတာမျိုး ရှိပါတယ်။ သွားကိုက်ဝေဒနာဟာ လူကို အတော်ဒုက္ခပေးပါတယ်။ မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်နဲ့ ကြာတော့ လူက သွားကိုက်တဲ့ ဝေဒနာတင်မကဘဲ တခြားရောဂါတွေပါ ဝင်လာကြတာမျိုး ဖြစ်တတ်ပါတယ်။
နောက်ဆုံး လုံးဝမခံစားနိုင်တော့တဲ့အဆုံး ဆေးခန်းသွားပြီး နှုတ်လိုက်ကြတာတွေလည်း ရှိပါတယ်။
ခုတော့...
သွားဘယ်လောက်ကိုက်ကိုက် နှုတ်စရာ မလိုတော့ပါဘူး။ ဗီးစပ်ပွင့် က သွားကိုက်ဝေဒနာကို ယူပစ်သလို ပျောက်ကင်းသွားတဲ့အထိ တာဝန်ယူပေးပါလိမ့်မယ်။
အသုံးပြုပုံကတော့ လွယ်ကူပါတယ်
၁။ ဗီးစပ်ပွင့်ကို ခူးယူပါ။ သန့်ရှင်းအောင် ဆေးပါ။
၂။ ပြီးတော့ အမှုန့်ဖြစ်အောင် ချေလိုက်ပါ။
၃။ ကိုက်နေတဲ့သွားတွေရဲ့ သွားဖုံးနားကို သိပ်ပေးလိုက်ပါ။
၄။ သွားခေါင်းပေါက်၊ သွားပိုးပေါက် ဖြစ်နေရင်တော့ ဗီးစပ်အမှုန့်ကို သွားခေါင်းပေါက်ထဲကို သိပ်ထည့်ပေးလိုက်ပါ။
ခဏအတွင်းမှာပဲ ယူပစ်လိုက်သလို ပျောက်ကင်းသွားတာကို တွေ့ရပါလိမ့်မယ်။ မယုံမရှိကြပါနဲ့၊ ကျွန်တော့်ရဲ့ ကိုယ်တွေ့ပါ။
ဗီးစပ်ရွက် (ဇာမဏီရွက်) ဟာ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ပေါက်ရောက်ပြီး အလွယ်တကူ တွေ့နိုင်ပါတယ်။
အင်္ဂလိပ်ဆေး၊ ဗမာဆေးတွေ စုံနေပြီ၊ သွားကိုက်ဝေဒနာက မသက်သာဘူးဆိုတဲ့သူတွေ ဗီးစပ်ပွင့်ကို သုံးကြည့်ပါ။ တစ်ခါ အသုံးပြုပေးရုံနဲ့ အရှင်းပျောက်ကင်းသွားပါမယ်။
တကယ်ပါ၊ ပြန်မကိုက်တော့ပါဘူး။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
သတ္တဝါတွေ ကျန်းမာချမ်းသာပြီး ရောဂါဘေးဘယာတွေ ကင်းဝေးနိုင်ကြပါစေ။
Click here to claim your Sponsored Listing.
Category
Website
Address
Dagon