Labelle Curtain

Labelle  Curtain

Share

27/11/2023

တန်ဆောင်မုန်းလပြည့်နေ့ အခါသမယမှာ အားလုံးပဲ
ချစ်ခင်ရတဲ့ မိသားစု ၊ မိတ်ဆွေများ နဲ့အတူ လုံခြုံအေးချမ်းစွာ ရှိကြပါစေကြောင်း
Labelle Curtain မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🙏

14/11/2023

အမြဲလိုလို ရာသီဥတုပူတတ်တဲ့ ဒီမြန်မာနိုင်ငံမှာ လိုက်ကာတွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ် 🥵

ဒါပေမယ့်လည်း ခန်းဆီးလိုက်ကာတွေကို ပုံမှန်လျှော်ဖွတ်သန့်ရှင်းဖို့က လိုအပ်တာပါပဲ

လိုက်ကာလျှော်တဲ့အခါ နည်းမမှန်လို့ Quality ကျသွားတာ၊ ပျက်စီးသွားတာမျိုးမဖြစ်အောင် ဘယ်လိုလျှော်ရမလဲဆိုတာ Labelle က ဝေမျှပေးသွားပါမယ်ရှင် 🙆‍♀️

၁။ အရင်ဆုံး လိုက်ကာမှာ ဘယ်လိုလျှော်ပါဆိုတဲ့ instruction မျိုးရှိလား စစ်ဆေးကြည့်ပါ။ ဖွဖွလေး လျှော်ဖွတ်ဖို့ ပြောထားတဲ့ လိုက်ကာကို brush တွေနဲ့ တိုက်လို့မရပါဘူး

၂။ မလျှော်ခင် လိုက်ကာမှာ ကပ်တွယ်နေတတ်တဲ့ ဖုန်နဲ့အမှိုက်တွေကို အရင်သန့်ရှင်းရေးလုပ်ပါ။

၃။ ကွင်းတွေ၊ ချိတ်တွေနဲ့ တခြား လိုက်ကာမှာ တပ်ဆင်ထားတဲ့ ပစ္စည်းတွေကို ဖြုတ်ပါ။

၄။ လိုက်ကာတွေကို ဖြည်းညှင်းစွာသာ ပွတ်တိုက်လျှော်ပေးပါ။ ရေနွေးနဲ့မလျှော်ပါနဲ့။ မြန်မာနိုင်ငံရဲ့ ပူတတ်တဲ့ ရာသီဥတုနဲ့ဆိုရင် Fabric တွေ ပျက်စီးနိုင်ပါတယ်။

၅။ Fabric Softeners တွေ အသုံးမပြုပါနဲ့။ Curtain Quality ကို ကျစေပါတယ်။ လှန်းတဲ့အခါမှာလည်း သဘာဝအပူဒဏ်ကိုသာ အဓိကထားပါ။ Dryer မှုတ်ချင်းက ရေရှည်မှာ လိုက်ကာကို ပျက်စီးစေပါတယ်။

၆။ မီးပူတိုက်မယ်ဆိုရင်လည်း Temperature အနိမ့်ဆုံးနဲ့သာတိုက်ပါ။

၇။ နောက်ဆုံးအနေနဲ့ လိုက်ကာ မပျက်စီးစေဖို့ ပုံမှန်ထိန်းသိမ်းမှုတွေ ပြုလုပ်ပေးပါ။

ဒီအချက်တွေကို သေချာဂရုစိုက်ပြီး လိုက်လုပ်မယ်ဆိုရင် Quality မကျဘဲ လိုက်ကာတွေကို မှန်မှန်ကန်ကန် လျှော်ဖွတ်နိုင်မှာ ဖြစ်ပါတယ်။

🪟 ဘယ်နေရာမှာ တပ်တပ်၊ သပ်ရပ်ခမ်းနားလှပနေဖို့ အရည်အသွေးအကောင်းဆုံး 𝐂𝐮𝐫𝐭𝐚𝐢𝐧 တွေကို အမျိုးအစားစုံလင်စွာနဲ့ 𝐋𝐚𝐛𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧 မှ တာဝန်ယူတပ်ဆင်ပေးလျက်ရှိပါတယ်..

LaBelle Curtain

📌Address: No (62/A) Room (3) Yaw Min Gyi Street, Yangon, Myanmar
☎️Ph: 01-252939, 09-5270132



#လိုက်ကာ #ခန်းဆီးလိုက်ကာ #လိုက်ကာလျှော်နည်း

13/10/2023

အိမ်ခန်း၊ ရုံးခန်း၊ ဧည့်ခန်း ... အစရှိတဲ့ အခန်းတိုင်းရဲ့ ပြတင်းပေါက်မှာ လိုက်ကာတပ်ဆင်လိုက်တဲ့အခါ အခန်းအပြင်အဆင်နဲ့ အမြင်အားဖြင့် တစ်မျိုးတစ်ဖုံ ပြောင်းလဲပြီး Perfect Look ရစေပါတယ်🤗

ခန်းဆီးလိုက်ကာ တပ်ဆင်ခြင်းက ထူးခြားမှုမရှိဘဲ မတပ်ဆင်လည်း ဖြစ်တယ်လို့ ထင်ကြပေမယ့် တစ်ကယ်တမ်းမှာတော့ ...

☀ Glaring Sunlight
လိုက်ကာမရှိရင် နေရောင်တိုက်ရိုက် ဝင်ရောက်ခြင်းကနေ အခန်းတွင်းမှာရှိတဲ့ ပရိဘောဂ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ နံရံဆေးတွေကို သက်တမ်းကြာရှည်မခံဘဲ ပျက်စီးနိုင်တာကြောင့် ဒီလိုမဖြစ်ရအောင် လိုက်ကာတွေက တားဆီးပေးထားပါတယ်

☄ Light Control
ခန်းဆီးတွေက အခန်းတွင်း အလင်းရောင်ဝင်ရောက်မှုကို ကိုယ်စိတ်ကြိုက်အနေအထား ထိန်းညှိပေးထားနိုင်ပါတယ်💯

👉 Privacy
အပြင်ကနေ အခန်းအတွင်းဘက်ကို တိုက်ရိုက်မမြင်ရအောင် ခန်းဆီးက ကာကွယ်ပေးထားနိုင်လို့ Privacy ကောင်းကောင်းရစေတာပေါ့

ဒါ့အပြင် အခန်းရဲ့ အပြင်အဆင်ကို ပိုပြည့်စုံကောင်းမွန်သွားအောင် လိုက်ဖက်ညီပြီး လှပတဲ့ ခန်းဆီးလိုက်ကာက ပံ့ပိုးပေးနိုင်ပါတယ်⭐

ခန်းဆီးတပ်ထားမယ်ဆိုရင် ဖြုတ်ရတပ်ရခက်ပြီး အချိန်ခဏအတွင်း ပျက်စီးမှာကို စိတ်ပူနေတယ်ဆိုရင် ...

❄️ 𝐋𝐚𝐁𝐞𝐥𝐥𝐞 ရဲ့ ဆိုဒ်စုံ၊ အမျိုးအစားစုံ 𝐂𝐮𝐫𝐭𝐚𝐢𝐧 တွေက အလွယ်တကူဖြုတ်တပ်လွယ်ပြီး အရည်အသွေးအကောင်းဆုံးတွေပဲ ရောင်းချပေးနေတာဖြစ်လို့ သက်တမ်းကြာရှည် အသုံးပြုနိုင်ပါတယ်ရှင့်

လိုက်ကာတပ်ဆင်ဖို့ စဉ်းစားနေပြီဆိုရင်

✅လူကြီးမင်းတို့အခန်းနဲ့ လိုက်ဖက်သင့်တော်တဲ့ လိုက်ကာဒီဇိုင်း၊ အတိုင်းအတာတို့ကို ကိုယ်တိုင် လာရောက်ပြီး တိုင်းတာဆွေးနွေးပေးတဲ့အပြင်

✅အိမ်တိုင်ရာရောက် လိုက်လံတပ်ဆင်ပေးတဲ့ ဝန်ဆောင်မှုနဲ့ စိတ်တိုင်းကျဖြစ်အောင် ဆောင်ရွက်ပေးနေတဲ့ 𝐋𝐚𝐁𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧 ကို ဆက်သွယ်လိုက်ပါ

❄️𝐋𝐚𝐁𝐞𝐥𝐥𝐞 𝐂𝐮𝐫𝐭𝐚𝐢𝐧❄️

📌Address : No (62/A) Room (3) Yaw Min Gyi Street, Yangon, Myanmar
☎️Ph : 01 - 252 939, 09 - 527 0132


#လိုက်ကာ

Want your business to be the top-listed Home Improvement Business in Dagon?
Click here to claim your Sponsored Listing.

Website

Address


No (62/A) Room (3) Yaw Min Gyi Street, Yangon
Dagon
11191