John Eh Eh
10/08/2020
❤❤❤တော်တော်များများက စိတ်ညစ်စရာအကြောင်းအရာတွေဆို ခဏခဏတွေးနေပေမယ့်
ပျော်စရာတွေကျတော့ ခဏခဏမတွေးမိဘူးလေ
ဘဝမှာအောင်မြင်ပျော်ရွင်ချင်ရင်
✅စိတ်ညစ်စရာတွေကိုကျောခိုင်းလိုက်ပါ
✅ကိုယ့်အတွက်အကျိုးမပြုတဲ.ဝေဖန်သံကို ကျောခိုင်းလိုက်ပါ
✅ကိုယ့်ကိုယ်ကိုအမြဲအပြစ်တင်နေတာရပ်လိုက်ပါ
✅ကိုယ့်အတွက်အကျိုးမပြုတဲ.ယုံကြည်မှုကိုကျောခိုင်းလိုက်ပါ
❤❤❤အမှိုက်တွေကို ကျောခိုင်းပြီး
အမြင့်ဆုံးထိရောက်အောင်ကြိုးစားကြည့်ပါ
အမြင့်ရောက်ဖူးသူတိုင်း အောက်ကိုပြန်မဆင်းချင်တော့ပါဘူး
❤❤❤အောင့်မြင်မှုပန်းတိုင်သို့ရောက်ဖို့ရာ
ဘယ်အရာတွေကြောင့်မှလက်မလျော့လိုက်ပါနဲ.
❤Htet - Htet❤ crd
🔝မိမိဘဝကို #တိုးတက်ပြောင်းလဲ ချင်ရင်
အမြဲတမ်းလုပ်နေရမဲ့ အရာ (၃)ခု
(၁) တစ်နေ့တာတိုင်းအတွက် #ရည်မှန်းချက် ထားပါ။
ဒီနေ့ဘာလုပ်မယ်၊ ဘာတွေတော့ ပြီးအောင်လုပ်မယ်ဆိုတဲ့ တစ်နေ့စာလုပ်မဲ့ အစီအစဉ်ရှိထားသင့်ပါတယ်။
#သေးငယ်တဲ့အစီအစဉ်လေး တွေကနေ ကြီးမားတဲ့ ရည်မှန်းချက်တွေအထိ အရောက်သွားနိုင်တယ်ဆိုတာ မိတ်ဆွေမမေ့ပါနဲ့။
(၂) #ရလဒ် တွေကို ဦးစားပေးပါ။
ရလဒ်ကောင်းတွေ ရစေဖို့အတွက်
လုပ်ရမှာ(၂)ခုရှိပါတယ်။
ပထမတစ်ခုက မိမိရဲ့ စွမ်းရည်တွေပိုတိုးတက်လာစေဖို့ 📖 #သင်ကြားသင်ယူမှု တွေကို အဆက်မပြတ်လုပ်နေရမှာဖြစ်ပြီး
ဒုတိယတစ်ခုကတော့ မိမိ⏰ #အချိန် ကို ကောင်းစွာ စီမံခန့်ခွဲတတ်ဖို့လိုတာပဲ ဖြစ်ပါတယ်။
(၃)အတွေးတွေလျှော့ပြီး #အလုပ်များများ လုပ်ပါ။
တစ်ခုခု လုပ်ဖို့ အတွေးရလာပြီဆိုရင်
#ချက်ချင်းထလုပ်ပါ။
နောက်မှ လုပ်မယ်ဆိုရင် သေချာပါတယ် မလုပ်ဖြစ်ဖို့က ရာခိုင်နှုန်းပိုများနေလို့ပါ။
ဒါ့ကြောင့် ဒီနေ့လုပ်စရာရှိတာတွေကို မနက်ဖြန်ထိခေါ်မသွားပါနဲ့။
ဒီ(၃)ချက်ကို မိတ်ဆွေနဲ့အတူ နေ့စဉ်ခေါ်သွားနိုင်မယ်ဆိုရင်
ကိုယ်ရောက်ချင်တဲ့ #နေရာ #ပန်းတိုင်ကို မကြာခင်ရောက်ရှိမှာပဲဖြစ်ပါတယ်။
မိတ်ဆွေတို့ရော
ဒီအချက်တွေထဲကလိုရော လိုက်လုပ်ဖြစ်လား❓❓
ချစ်ခြင်းအားဖြင့်
Always Live with Passion
Pyay Khaing
Asia's Top Life & Business Coach
24/07/2020
#အချိန်ကိုဘယ်လိုအသုံးချလဲ
ပေါ်မူတည်ပြီး လုပ်ငန်းခွင်မှာ တစ်ဦးနဲ့တစ်ဦး လုပ်ကိုင်မှုစွမ်းရည်တွေ #အလုပ်ပြီးမြောက်မှု တွေက ကွဲပြားခြားနားနေပါတယ်။
ကိုယ်ပိုင်အချိန်တွေကို ကောင်းစွာကိုင်တွယ်နိုင်တဲ့သူတွေ တော်တော်များများဟာ ကိုယ်ပိုင်ဘဝမှာလဲ #အောင်မြင်ပျော်ရွှင် ကြသလို အလုပ်ခွင်မှာလဲ အောင်မြင်ကြသူတွေပါ။
အလုပ်မှာ အလုပ်တွေပိုပြီးချင်တယ်။
အောင်မြင်မှုတွေရရှိချင်တယ်။
အချိန်ပိုတွေ ပိုရလာချင်တယ်ဆိုရင် ဘာတွေလုပ်ရမလဲ❓
၁။ အရေးကြီးတဲ့ (ပထမဦးစားပေး) အလုပ်တွေကို သေချာစီမံပါ
တစ်နေ့တာလုံး ကိုယ်လုပ်ရမဲ့အလုပ်တွေများနေတဲ့အခါမှာ #ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေတတ်ပါတယ်။
ဒီလိုဖြစ်နေပြီဆိုရင် အရေးမကြီးတဲ့ အလုပ်တွေကို ခဏဖယ်ထားဖို့လိုပါတယ်။
အရေးကြီးတဲ့ တာဝန်တွေကို မနက်ခင်းအစောပိုင်းမှာ သေချာပြီးစီးအောင်လုပ်ထားပြီးမှ ကျန်တဲ့တာဝန်တွေကို လုပ်သင့်ပါတယ်။
ဒါဟာ #အလုပ်လဲပိုပြီးစေသလို အလုပ်ခွင်မှာ ပိုကောင်းတဲ့ ရလဒ်တွေကိုလဲ ရရှိလာစေနိုင်ပါတယ်။
၂။ အပြုသဘောဆောင်တဲ့ စိတ်နေသဘောထားကို မွေးမြူထားပါ
ကောင်းမွန်တဲ့ စိတ်နေစိတ်ထား ရှိတဲ့သူတွေဟာ
ကိုယ်ပိုင်ဘဝမှာ တိုးတက်စေရုံသာမက အလုပ်ခွင်မှာလဲ #မျက်နှာပွင့်လန်း နိုင်ပါတယ်။
အလုပ်ခွင်မှာလဲ လူချစ်လူခင်များနိုင်သလို ကိုယ်လုပ်ဆောင်တဲ့ အရာမှန်သမျှကိုလဲ လွယ်လွယ်ကူကူနဲ့ အောင်မြင်မှုတွေရရှိစေနိုင်ပါတယ်။
၃။ ကိုယ်ကျွမ်းကျင်တာကို ပိုပြီး အရောင်တင်ပါ
ပညာရပ်အသစ်တွေကို #လေ့လာလိုက်စား ပါ။
သင်ကြားသင်ယူမှုတွေနဲ့ အဆက်မပြတ်တဲ့သူတွေဟာ အများထက် အမြဲ ခြေတစ်လှမ်းသာနေတတ်ပါတယ်။
လုပ်ငန်းခွင်မှာ ကိုယ်လုပ်နေရတဲ့ အပိုင်းကို ပိုလေ့လာသင်ယူသင့်သလိုပဲ နောက်ထပ် နယ်ပယ်က ပညာရပ်တွေနဲ့လဲ အဆက်မပြတ်နေစေဖို့ လေ့လာနေသင့်ပါတယ်။
လုပ်ငန်းခွင်မှာ #သင်ယူလေ့လာမှု တွေကို အားသန်သူတော်တော်များများဟာ နေရာကောင်း၊ ရာထူးကောင်းရရှိနိုင်တာကြောင့် သင်ကြားသင်ယူမှုတွေကို မရပ်တန့်သင့်ပါဘူး။
၎။ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်အောင်နေထိုင်ပြီး အများနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းအောင်နေထိုင်ပါ
အလုပ်ခွင်မှာအောင်မြင်ပျော်ရွှင်ခြင်းရဲ့ (၈၅) ရာခိုင်နှုန်းဟာ #ကောင်းမွန်တဲ့ပေါင်းသင်းဆက်ဆံရေး နဲ့ #ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ခြင်းတွေကနေ လာတာပါ။
ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးရှိတဲ့သူတွေကို အများက လေးစားတန်ဖိုးထားကြပါတယ်။
လုပ်ငန်းခွင်မှာလဲ လူအများနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့သူတွေတော်တော်များများဟာ အလုပ်တွေ ပိုပြီး ပြီးမြောက်အောင်မြင်နိုင်သလို ပိုပြီး တိုးတက်မြန်ပါတယ်။
#လုပ်ငန်းခွင်မှာပိုတိုးတက် ချင်တယ်။
အောင်မြင်ချင်တယ်ဆိုရင် လူအများနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်နေရမှာမှန်သလို ကိုယ့်ရဲ့အရည်အသွေးတွေကို ဒီထက်ပိုကောင်းအောင်လုပ်နေဖို့လိုပါတယ်။
ဒါတင်မကသေးပဲ
#ကောင်းမွန်တဲ့စိတ်သဘောထား နဲ့ #အလေ့အကျင့်ကောင်းတွေ ကို ပိုင်ဆိုင်ထားနိုင်ပြီဆိုရင် အလုပ်ခွင်မှာ အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။
မိတ်ဆွေအနေနဲ့ရော
လုပ်ငန်းခွင်မှာ #အချိန်ကိုကောင်းစွာကိုင်တွယ် နိုင်ပြီလား?❓
#ကိုယ်မှန်းထားတဲ့အောင်မြင်မှု တွေရရှိဖို့ ဘယ်လို အလေ့အကျင့်တွေကို လုပ်ဖြစ်နေလဲ❓
ကိုယ့်ရဲ့ လုပ်ဆောင်မှုစွမ်းရည်ပိုကောင်းလာပြီး
အလေ့အကျင့်ကောင်းတွေကို လေ့ကျင့်မွေးမြူချင်တဲ့ မိတ်ဆွေတွေရှိရင် Comment မှာ NLP လို့ရေးခဲ့ပါ။
ချစ်ခြင်းအားဖြင့်
Always Live with Passion
Pyay Khaing
Asia's Top Life & Business Coach
12/07/2020
ဆားဝက်ခြံအကြောင်းသိကောင်းစရာ☹
ဆားဝက်ခြံဆိုတာ လူအတော်များများမြင်တွေ့ရလေ့ရှိတဲ့ မျက်နှာပေါ်က ပြသနာပဲဖြစ်ပါတယ်။😔😔
✅အရွယ်ရောက်လာချိန်တွင် စတင်၍ ဟိုမုန်းအပြောင်းအလဲကြောင့်ဖြစ်ပေါ်တတ်ပါတယ်😇😇
✅နှာခေါင်းမှာ အများဆုံးဖြစ်သလို ပါးနှင့် နှဖူးတွင်တခါတလေဖြစ်တတ်ပါတယ် 🤗🤗
💁Whitehead နှင့်မတူညီတာက အဆီဂလင်းနှင့် ဘတ်တီးရီးယားတို့ပေါင်းစပ်သွားသော်အခါ 🙋ချွေးပေါက်လေးကို ပိတ်မသွားပဲ အထဲမှာအဆီခဲဝက်ခြံအနေနဲ့ ရှိနေပြီး နေရောင်ဒဏ်ခံရသဖြင့် မည်းလာပြီး blackhead ance ဖြစ်လာပါတယ်😥
ဘယ်လိုကုသမလဲ⁉️ ဘယ်လိုကာကွယ်မလဲ⁉️💭💭
1️⃣ခေါင်းလျော်ပါ ၃ရက်တခါဖြစ်ဖြစ် ဘာဖြစ်လို့လဲဆိုရင် ခေါင်းကအဆီထွက်မှုက မျက်နှာရှိအဆီဂလင်းမှာလည်း အဆီထွက်နှုန်းကိုများပြားလာစေတယ်။
2️⃣ရေများများသောက်ပါ
3️⃣တပတ်တခါ exfoliation scrub သုံးချီးချွတ်ပါ
4️⃣မျက်နှာကို တနေ့ ၂ ကြိမ်သန့်စင်ပါ
5️⃣အဆီများတဲ့ အစားအသောက်တွေရှောင်ပါ
6️⃣အသားအရေကို oil free moisturizer လိမ်းပေးပါ။
7️⃣စိတ်ဖိစီးမခံပါနဲ့
8️⃣Blackhead remover mask လေးလဲ သုံးနိုင်ပါတယ်နော်
08/07/2020
သင် ဘာကြောင့် မအောင်မြင်သေးတာလဲ
=============================
ဟောင်ကောင်သူဋ္ဌေးကြီးလီကာရှင်း က ဟောပြောပွဲတစ်ခုမှာ ဒီလိုပြောသွားပါတယ်။
သင်ဘာလို့မအောင်မြင်သေးတာလဲ???
သင်ရေစုန်မျောနေတယ်၊
အနုတ်လက္ခဏာ ဆောင်တဲ့လူတွေနဲ့ ပေါင်းသင်းနေပါတယ်၊
တိုးတက်မှုအတွက် ဦးနှောက်အချောက်မခံဘူး၊
လက်ထဲမှာပိုက်ဆံမရှိဘူး၊
မျက်နှာကျတော့ အသေလိုချင်တယ်၊
မိဘနဲ့ ခွဲရမှာကိုကြောက်တယ်၊
ဆွေမျိုးတွေရဲ့စကားကို အမြဲနားယောင်တယ်၊
ကိုယ့်ကိုယ်ကိုဘယ်တော့မှ ဆုံးဖြတ်ချက် ရဲရဲမခ်ရဲဘူး၊
ယဉ်ကျေးတယ်ဆိုတာကို အကြောင်းပြုပြီးရှေးရိုးစွဲနေတယ်၊
ဘဝကို ကံကြမ္မာ ပေးတဲ့အတိုင်းပဲ အသက်ရှင်ချင်တယ်၊
ထိုးဖောက်ဖို့ ဘယ်တော့မှ မစဉ်းစားရဲဘူး၊
အရင်းမစိုက်ထုတ်ပဲ အမြတ်များများရတဲ့အလုပ်ပဲလုပ်ချင်တယ်၊
အိမ်မှာအေးဆေးနေပြီး လာဘ္လာဘ ကောင်းကင်ပေါ်ကနေ က္လာမြာကို မျှော်လင့်နေတယ်၊
ထီပေါက်ဖို့လောက်ပဲအိပ်မက်စောင့်နေတတ်တယ်၊
အခွင့်အရေး မကြုံဘူးလို့ခဏခဏပြစ်တင်ပြောဆိုတယ်၊
တကယ်အခွင့်ကြုံလာပြန်တော့လည်း သင်မဖမ်းထားနိုင်ခဲ့ဘူး၊
ဘာကြောင့်လဲဆိုတော့ သင်ဖမ်းကိုမဖမ်းတတ်လို့ပါ၊
ဒါတွေကြောင့် သင်ဆင်းရဲနေပါတယ်။
ဆင်းရဲတော့ စိတ်အားငယ်တယ်၊
စိတ်သိမ်ငယ်တော့ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်တယ်၊
ဘာဆိုဘာမှမလုပ်ရဲတော့ဘူး၊
ဘာတစ်ခုမှလည်းကျွမ်းကျင်အောင် တတ်မြောက်အောင် မသင်ကြားထားဘူး၊
အဆိုးဆုံးဘဝသံသရာကြီးထဲမှာ ဒီလိုပဲ တဝဲလည်လည်ဖြစ်နေတယ်၊
လူတော်တော်များများဟာ အခွင့်ရှိတုန်း .တစ်ခုခုတော့လုပ်ချင်ပါရဲ့
အခက်အခဲလေးနည်းနည်းတွေ့တာနဲ့ ကိုယ့်ကိုယ်ကို အကြောင်းပြချက် သောင်းခြောက်ထောင်နဲ့ဆုတ်လမ်းရှာထားပြန်တယ်၊
အကြောင်းပြချက်ပေါင်းစုံနဲ့ အချိန်ဖြုန်းတီးနေကြပါတယ်။
အများဆုံးတွေ့တတ်တဲ့ ဥပမာမ်ားကေတာ့ . . .
၁။ ပိုက်ဆံမရွာတတ္ဘူး။
မှားတယ်။ အမွန္က ပိုက်ဆံရှာတတ်တဲ့ ဦးနှောက်မရှိလို့ပါ။ စုလည်းမစုဆောင်းတတ်လို့။ ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးတက်အောင်မလုပ်လို့၊ ဝေးဝေးလည်းမစဉ်းစားတတ်လို့။
၂။ အရည်အချင်းမရှိလို့။
မှားတယ်။ ကိုယ့်ကိုယ်ကိုမှမလေ့ကျင့်ဘူး ဆိုရင် ဘယ်သူက မွေးကတည်းက အရည်အချင်းရှိတာလဲ၊
ဘယ်သူမွ ဘွဲ့ရရချင်း အရည်အချင်းမရှိပါဘူး၊ ဘယ်သူကမှလည်း အလုပ်လုပ်ချင်း မအောင်မြင်ပါဘူး။ လူတစ်ယောက်အောင်မြင်တဲ့ အတိုင်းအတာဟာ ဆုံးရွုံး ခဲ့တဲ့ ပမာဏနဲ့ တိုက်ရိုက်အချိုးကျတတ်ပါတယ်။ အလုပ်ကိုနည်းနည်းလှန်ဖတ် လိုက်ရုံနဲ့ ငြီးငွေ့သွားတဲ့လူဟာ ဘယ်မှာ အရည်အချင်းလာရှိနိုင်မှာလဲ။
၃။ စကားမပြောတတ်လို့။
မှားတယ်။ ဘယ်သူက မွေးရာပါ စကားပြော ကောင်းနေလို့လဲ။ စင်ပေါ်မှာ စကားပြောကောင်းတဲ့ လူမှန်သမျှ
စင်အောက်မှာ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ ရလဒ်ကြောင့်ပဲဖြစ်တယ်။
၎။ အချိန်မရှိလို့။
မှားတယ်။ တစ်ရက်တစ်ရက် လက်ကိုင်ဖုန်းဆော့တဲ့ အချိန်ကိုတွက်ကြည့်ပါ။ ဂိမ်း ဆော့တဲ့ အချိန်တွေကို တွက်ကြည့်လိုက်ပါ။ စီမံခန့်ခွဲမှု ပညာမြာ အချိန်ကို စီမံခန့်ခွဲမှု အတတ်ဟာ ပညာအပါဆုံးဖြစ်တယ်။ မယုံရင် အချိန်မှတ်တမ်းလေးတစ်ခု မှတ်ကြည့်ပါ။ ကိုယ်ဘာလုပ် လုပ်၊ အချိန်ကိုမှတ်ကြည့်၊ နှစ်ပတ်လောက် မှတ်ပြီးရင် ကိုယ်မှတ်ထားတာကို ပြန်ဆန်းစစ်ကြည့်၊ အလုပ်အရမ်းများပါတယ်ဆိုတဲ့ လူတွေတောင်မှ အချိန်တစ်ဝက်ကျော်ဟာ အရေးသိပ်မကြီးတဲ့ အရာတွေမှာ အချိန်ပိုကုန်နေတာကို တွေ့ရတတ်ပါတယ်။
၅။ ဝါသနာမပါလို့။
မှားတယ်။ စားမယ်၊ ဆိုင်ထိုင်မယ်၊ ပွဲလည်မယ်၊ ဘယ္လူငယ္မဆို ဝါသနာပါမြာပဲ။ အလုပ္ကို ပင်ပင်ပမ်းပမ်းလုပ်မယ် အကြွေးဆပ်မယ်၊ ဘတ်စ်ကားတိုးစီးမယ်၊ ဘယ်သူဝါသနာပါမွာလဲ။ ဝါသနာဆိုတာ တစ္ခုခုကို ကြိုးကြိုးစားစား လုပ္လိုက္လို့ ပြီးမြောက်သွားရင် အဲဒီပြီးမြောက်ခြင်းရဲ့ အရသာကို ခံစားရင် ဝါသနာပါသြားတာပဲ၊ ဝါသနာဆိုတာ ပျိုးထောင် ရင်ရပါတယ်။
၆။ စဉ်းစားကြည့်အုံးမယ်။
ဒါအမြားဆုံးပဲ။ အထူးသဖြင့် မသေချာရင် ခြင်တောင်မရိုက်တတ်တဲ့ လူတန်းစားအတွက် ပြောတာပါ။
ဘာပဲ လုပ်လုပ်၊ တစ်ဝက်သေချာတယ်လို့ ထင်ရင် စလို့ရပြီ။ ရာနှုန်းပြည့် သေချာတဲ့ အထိစောင့်နေရင် အခွင့်အရေးက အဲဒီနေရာမှာ မရှိတော့ဘူး။ စဉ်းစားကြည့်အုံးမယ်။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ အိုသြားတဲ့ လူတွေ မနည်းလှတော့ဘူး။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Noth Dagon
Dagon