Hope World

Hope World

Share

11/02/2026

သင်တို့ကရော ဘယ်သူ့ကို တည်ဆောက်ပြီး အသက်ရှင်နေပါသလဲ 😊😊
၄ရာ ၅:၁မှ ၁၆

၄ရာ အခန်းကြီး ၅ ထဲက လူ (၅) ယောက်ရဲ့ စိတ်ကမ္ဘာကို ဘုရားသခင်က ကျမ်းစာအားဖြင့် ၂ ဖော်ပြပေးတဲ့အရာကို ဆရာကြီးရဲ့ နှုတ်ကပတ်တော်အားဖြင့် ကြားနာခွင့်ရခဲ့ပါတယ်။

၁- ဗိုလ်ချုပ်နေမန်××××××××××××××÷÷

၄ရာ ၅:၁ - ရှုရိရှင် ဘုရင်​၏ ဗိုလ်ချုပ်မင်း နေမန်

ဆိုပြီး နေမန်ရဲ့အမည်ကို အထူးပြုထားတဲ့ အရာက ရှုရိရှင်ဘုရင်​၏ ဗိုလ်ချုပ်မင်း
ဟူ၍ ဖော်ပြထားပါတယ်။
ဒါဆိုရင် စဉ်းစားကြည့်မယ်ဆိုရင် နေမန်က ဘယ်သူ့ကို တည်ဆောက်ပြီး အသက်ရှင်မှာလဲ
နံပါတ် ၁- ရှုရိရှင်ရှင်ဘုရင်
နံပါတ်၂- ဗိုလ်ချုပ်ဆိုတဲ့ ရာထူးနဲ့ သူ့ရဲ့ မာန်မာနကို

တည်ဆောက်ပြီး အသက်ရှင်နေပါတယ်။ သူရဲ့အောင်မြင်ခွင့် ရတဲ့အရာက ထာဝရဘုရားအားဖြင့်လို့ ဖော်ပြပေးထားပါတယ်။ သို့သော်လည်း နူနာစွဲ​၏။
ဘုရားသခင်က အောင်မြင်ခွင့်ပေးထားသလို နူနာလည်းပေးခဲ့ပါတယ်။ နူနာ ဘာလို့ပေးတာလဲ ?
၄ရာ ၅:၁၅ - ဘုရားသခင်က ဣသရေလပြည်ကလွဲလို့ ဘယ်ပြည်မှာမှ မရှိဘူး ။ ဆိုပြီး ဘုရားသခင်ရဲ့ သက်သေခံချက်ပေးချင်လို့ဖြစ်ပါတယ်။
ဘုရားသခင်ကို သိစေဖို့နဲ့ ကြုံတွေ့ခွင့်ပေးချင်လို့ဖြစ်ပါတယ်။

ကျွန်မတို့ကိုလည်း ဘုရားသခင်က သူနဲ့ကြုံတွေ့စေချင်တယ်။သက်သေခံချက် ပေးချင်တာဖြစ်လို့နူနာရောဂါလိုပဲ အခက်အခဲပေးတယ်၊ ဒုက္ခပြသနာပေးတယ်။ ရောဂါဝေဒနာပေးတယ်။ ဒီအရာအားဖြင့် ကျွန်မတို့ကရော ဘုရားသခင်တပါးတည်းကို တည်ဆောက်ပြီး အသက်ရှင်နေတာလား။

နေမန်ကဲ့သို့ ရူရိဘုရင်နဲ့ မိမိရဲ့ရာထူး ၊လုပ်နိုင်တယ်ဆိုတဲ့ မိမိရဲ့အကြံအစည်နဲ့ အခက်အခဲတွေကို ပြေလည်စေဖို့ ကြိုးစားအသက်ရှင်နေကြပါတယ်။ ဘု
ရားသခင်နဲ့ ဘုရားသခင်ကျွန်ကို သေချာမတည်ဆောက်ထားခဲ့ရင် ယုံကြည်တယ်လို့ပါးစပ်နဲ့ သက်သေခံနေကြပေမဲ့ လက်တွေ့ ဘဝအသက်တာမှာ မိမိရဲ့ အကြံအစည်ကိုပဲ လက်ခံတဲ့ ကျွန်မတို့ရဲ့ ယုံကြည်ခြင်းအသက်တာပုံစံကို မြင်ခွင့်ရခဲ့ပါတယ်။
🙏🙏🙏

၂- ဣသရေလအမျိုး မိန်းမငယ်
--------------------------
ဒီမိန်ခလေးက ဣသရေလ လူမျိုးဖြစ်ပါတယ်။ ဣသရေလ လူမျိုးဆိုတာ ဘုရားသခင်ရွေချယ်ခြင်းခံရတဲ့ ဘုရားသခင်လူမျိုးဖြစ်ပါတယ်။ ဒီမိန်းမငယ်ရဲ့ စိတ်ထဲမှာ ဘယ်သူ့ကို တည်ဆောက်ပြီး အသက်ရှင်နေတယ်လို့ ထင်ပါသလဲ။

ဒီမိန်းခလေးက ကျွန်အဖြစ် အခြားတိုင်းပြည်က သုံ့ပန်းအဖြစ် ဖမ်းခေါ်ခြင်းခံရတဲ့ ကျွန်မငယ်ဖြစ်ပါသော်လည်း သူက ဘယ်သူ့ကို တည်ဆောက်ထားပါသလဲ?
သေချာစဉ်းစားကြည့်မယ်ဆိုရင်
ကျွန်မငယ်ရဲ့ စိတ်ထဲမှာ ဒီအခြေအနေအရ မုန်းတီးမယ်၊ စိတ်ခက်ခဲမယ်၊ ကျွန်အလုပိျွှွမလုပ်ချင်ဘူး၊ ကိုယ့်တိုင်းပြည်ကိုပြန်ချင်တယ်။ဒီဗိုလ်ချုပ်ကို အခွင့်အရေးရင်ရတာနဲ့ ထွက်ပြေးချင်တယ်။ ပူလောင်တဲ့စိတ်သောကစိတ်နဲ့မငြိမ်သက်နိုင်ပါဘူး။
ဒီမိန်းခလေး အဲ့လိုမျိုး စိတ်နဲ့အသက်ရှင်နေတာမဟုတ်ပါဘူး။

ဣသရေလပြည်မှာရှိတဲ့ ဘုရားသခင်ကျွန်ကိုတည်ဆောက်ပြီး သူအသက်ရှင်နေတဲ့အတွက် ကိုယ့်ရန်သူရဲ့အသက်ကို ကယ်တင်ပေးဖို့ ဘုရားသခင်ကျွန်ကိုယုံကြည်တဲ့ စိတ်ကို မြင်ခွင့်ရပါတယ်။

ကျွန်မတို့လည်း ဘုရားသခင်ကျွန်ကို တည်ဆောက်ပြီး အသက်ရှင်မယ်ဆိုရင် ကိုယ့်စိတ်နဲ့ မတိုက်ဆိုင်ရင်၊ကိုယ့်စိတ်က လက်မခံနိုင်တဲ့အရာကို ဘုရားသခင်ကျွန်က လမ်းပြလာခဲ့ရင် ဒီအတိုင်းလက်မခံဘဲ ငြင်းပယ်တဲ့ ကိုယ့်ရဲ့ပုံစံကို ပြန်မြင်ခွင့်ရပါတယ်။

ကျွန်မတို့လည်း ဣသရေလ အမျိုး မိန်းမငယ်ကဲ့သို့ ဘုရားသခင်ကျွန်ကိုစိုက်ပျိုးထားမယ်ဆိုရင် အခြေအနေက ဘယ်လောက်ခက်ခဲပါစေ ၊ ငြိမ်သက်ခြင်းနဲ့ ယုံကြည်ခြင်း အားဖြင့် ဘဝအသက်တာ အသက်ရှင်ဖို့ ဘုရားသခင်က ကိုယ့်ဘဝကို မောင်းနှင်သွားမှာဖြစ်ပါတယ်။
# Morning Devotation

နောက်နေ့မှာလည်းဆက်လက်သက်သေခံရေးသားမှာဖြစ်ပါတယ်။

10/02/2026

သင်တို့ရော ဘယ်လိုစိတ်ကမ္ဘာနဲ့ အသက်ရှင်နေပါသလဲ😊😊

၄ရာ ၅:၁မှ ၁၆

ဒီကျမ်းစာမှာ လူ (၅)ယောက်ရဲ့စိတ်ကမ္ဘာကို ဘုရားသခင်က ဖော်ပြပေးထားတဲ့အရာကို ဘုရားသခင်ကျွန်ဆရာကြီးမှ နှုတ်ကပတ်တော်ကြားနာခြင်းအရ သက်သေခံရေးသားချင်ပါတယ်။

၁- ဗိုလ်ချုပ်နေမန်
၂- ကျွန်မငယ်
၃- ဘုရားသခင်​၏လူ ဧလိရှဲ
၄- ဣသရေလ ရှင်ဘုရင် ယောရံမင်းကြီး
၅- ဂေဟာဇိ

၁- ဗိုလ်ချုပ် နေမန်

- ဘုရားသခင်နဲ့ ဘုရားသခင်ကျွန်ကိုမသိဘူး
- ထာဝရဘုရားအားဖြင့် အောင်မြင်ခွင့်ရတာကိုလည်းမသိဘူး
- နူနာရောဂါသည်ဖြစ်ပါတယ်။
- နေမန်က အစပိုင်းမှာဆိုရင် သူ့ရောဂါပျောက်ဖို့ သူ့ရဲ့ဘုရင်ကိုအားကိုးတယ်။ ဘုရားသခင်ကျွန်ကိုပေးဖို့ လက်ဆောင်ပစ္စည်းလည်းယူသွားတယ်။ သူ့ဘုရင်ကလည်း စာရေးပေးလိုက်ခြင်းအားဖြင့် ဘုရားသခင်ကျွန်က ကုပေးမယ်လိူ့ သူ့စိတ်မှာထင်တယ်။
-ဘုရားသခင်ကျွန်ကိုအားကိုးတာမဟုတ်ဘဲ သူထင်တဲ့အတိုင်း သူ့ရောဂါပျောက်မယ်ဆိုပြီး သွားခဲ့တာဖြစ်ပါတယ်။
- နေမန်က သူ့မာနစိတ်နဲ့ ဘုရားသခင်ကျွန်ရဲ့စကားကိုအစပိုင်းမှာလက်မခံခဲ့ပေမဲ့ နေမန်က သူများရဲ့စကားကိုနားထောင်ခဲ့ပါတယ်။ ကျွန်မငယ်စကားအားဖြင့်ဣသရေလ နိုင်ငံ ဘုရားသခင်ကျွန်ဆီလာခဲ့တယ်။သူ့ငယ်သားရဲ့စကားအားဖြင့် ဧလိရှဲခိုင်းတဲ့အရာကို လက်ခံခဲ့တဲ့အချိန်မှာ

၄ရာ ၅:၁၅ မှာ ဘုရားသခင်က သူ့ကို သက်သေခံချက်ပေးခဲ့ပါတယ်။
"ဣသရေလပြည်မှတပါး အဘယ်ပြည်၌မှ ဘုရားသခင်မရှိသည်ကို ယခု အကျွန်ပ်သိပါ​၏။"

ဒီသက်သေခံချက်ထွက်လာဖို့ နေမန်က
၄ရာ ၅:၁၄ (2KINGS 5: 14 )-So he went down and dipped seven times in the Jordan ,....

"He went down"

ဒီအဓိပ္ပါယ်က ဘာကို ဖော်ပြပေးချင်တာလဲ ဆိုတော့ နေမန်က ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အောက်ထဲကိုဆင်းသွားတဲ့အရာကို ဖော်ပြပေးတာဖြစ်ပါတယ်။

နေမန်က နူနာရောဂါပျောက်ဖို့ ဘုရားသခင်ကိုတစ်ခုခု ဆပ်ကပ်ဖို့မလိုပါဘူး၊ နှုတ်ကပတ်တော်ကို ဒီအတိုင်းလက်ခံလိုက်တာပဲဖြစ်ပါတယ်။

နေမန်မှာ နူနာရောဂါရှိသကဲ့သို့ကျွန်မတို့ လူသားတွေဆီမှာလည်း နူနာလိုပဲ ဖုံးထားရတဲ့ အပြစ်ရောဂါရှိကြပါတယ်။ ကျွန်မတို့လည်းအပြစ်တရားကလွတ်ဖို့ ဘုရားသခင်ကို တစ်ခုခု ကောင်းတဲ့အရာ ဆပ်ကပ်ချင်ကြပါတယ်။

ကျွန်မက နှုတ်ကပတ်တော်ကို ဒီအတိုင်းလက်ခံမယ်ဆိုရင် အပြစ်တရားလက်က လွတ်ပြီး ဖြောင့်မတ်သောသူဖြစ်ပါတယ်။

ရောမ ၃ : ၂၃ - အဘယ်ကြောင့်နည်းဟူမူကား လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ။

ရောမ ၃: ၂၄ -ယေရှုခရစ် ရွေးနှုတ်တော်မူခြင်းအားဖြင့် အဘိုးကိုမပေးဘဲ ဘုရားသခင်​၏ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်ရကြ​၏။

ဖြောင့်မတ်သောသူဖြစ်ဖို့ ကျွန်မတို့က ကြိုးစားပြီး ဘုရားသခင်ကို တစ်ခုခုလုပ်ပေးပြီး ဘုရားသခင်ကို ကျေနပ်စေရမှာမဟုတ်ပါဘူး။
ကျွန်မတို့က အပြစ်တရားကနေ မလွတ်မြောက်နိုင်တာကို လက်ခံပြီး ယေရှုအသွေးတော်အားဖြင့်သာ ဖြောင့်မတ်သောသူဖြစ်တဲ့အရာကို (ရောမ ၃:၂၄ )ကို ဒီအတိုင်းလက်ခံပြီး နှုတ်ကပတ်တော်အောက်ရောက်မယ်ဆိုရင် ဗိုလ်ချုပ်နေမန်ရဲ့ နူနာက သူငယ်ကဲ့သို့ အသားပြောင်းလဲပြီးသန့်ရှင်သွားသကဲ့သို့ ကျွန်မတို့ရဲ့အပြစ်အားလုံးကလည်း ယေရှုနဲ့အတူ လက်ဝါးကပ်တိုင်မှာ သဂြိုလ်ခြင်းခံရပြီး အသစ်သောအသက်တာနဲ့ ဖြောင့်မတ်သောသူအဖြစ် အသစ်သော အသကတာနဲ့ အသက်ရှင်သွားရမှာဖြစ်ပါတယ်။

သက်သေခံခွင့်ပေးတဲ့ဘုရားသခင်နဲ့ ဘုရားသခင်ကျွန်ဆရာကြီးကိုကျေးဇူးတင်ပါတယ်။

နောက်ရက်တွေမှာလည်းကျန်တဲ့သူတွေရဲ့ စိတ်ကမ္ဘာကို ဆက်လက်သက်သေခံရေးသားမှာဖြစ်ပါတယ်။
Devotions

23/01/2025

ရှေ့ဦးစွာ သက်သေခံချက်ပေးတဲ့ အသင်းတော် နှင့် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ကျမ်းစာတစ်ပုဒ်ဖတ်ချက်ပါတယ်၊ ဓမ္မရာဇဝင် ပထမစောင် ၄း ၃ (လူအများတို့သည် တပ်ထဲသို့ ရောက်သောအခါ ၊ ဣသရေလအမျိုး အသက်ကြီးသူတို့က ၊ ယနေ့ ထာဝရဘုရားသည် ငါတို့ကို ဖိလတ္တိလူတို့ရှေ့မှာ အဘယ့် ကြောင့် ရှုံးစေတော်မူသနည်း ။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် လာ၍၊ ငါတို့ကို ရန်သူလက်မှ ကယ်တင်စေခြင်းငှါ ၊ရှိလောမြို့မှ ဆောင်ခဲ့ကြကုန်အံ့ဟု ဆိုကြသည်အတိုင်း ၊
ကျွန်မဘဝ အသက်တာမှာလည်း (၂၁-၁-၂၀၂၅) ရက်နေ့ ဘုရားသခင်ကျွန် ဆရာကြီးရဲ့ MD နားထောင်ခဲ့ခြင်းအားဖြင့် ကျွန်မဘဝရဲ့ အခက်အခဲ ပြသနာအားဖြင့် ကျွန်မရဲ့ စိတ်နှလုံးသားမှာ ဘုရားသခင်ဖော်ပြ ပေးတဲ့ ကျွန်မရဲ့ ယုံကြည်ခြင်း အသက်တာပုံစံ နားလည်သဘောပေါက်ခွင့်ရရှိခဲ့ပါတယ်၊
ကျွန်မဆီမှာ အလုပ်ကိစ္စအားဖြင့် ပြသနာဖြစ်ပေါ်ခဲ့ပါတယ်။ ကျွန်မလက်အောက်ဌာန ဝန်ထမ်းရဲ့ မှားယွင်း ပေါ့လျော့တဲ့အတွက် ပြသနာဖြေရှင်းပေးဖို့ ကျွန်မကို ဖုန်းဆက်အကူအညီတောင်းတဲ့အတွက် ကျွန်မရဲ့ တာဝန်အရ ပြသနာ ဖြေရှင်းပေးဖို့အတွက် သွားရောက်ခဲ့ပါတယ်။ မသွားခင်မှာ ကျွန်မက ငါ့မှာ ဘုရားသခင် ရှိတယ်။ ငါယုံကြည်တဲ့ ဘုရားသခင်က ငါ့ကိုကူညီပေးမှာဖြစ်တယ်။ ငါဘာလုပ်လုပ် ဘုရားသခင် အောင်မြင်‌ အောင် မစပေးမှာဖြစ်တယ်။ ဆိုပြီး အဲ့နေရာကို ပြသနာဖြေရှင်းပေးဖို့ သွားခဲ့ပါတယ်။ တကယ်တမ်း လက်တွေ့မှ‌တော့ ပြသနာက ပြေလည်သွားတာမဟုတ်ဘဲ ပိုဆိုးတဲ့အခြေအနေဖြစ်သွားခဲ့ပြီး ကျွန်မကို တရားစွဲ ပြီး သိက္ခာကျစေမဲ့အထိ အခြေအနေက ပိုဆိုးစေခဲ့ပါတယ်။
ကျွန်မက အလုပ်အကိုင်အားဖြင့် အရမ်းအဆင်ပြေပါတယ်. သူဌေးရဲ့ မျက်နှာသာပေးခံရခြင်း ၊ သူဌေးတွေရဲ့ ယုံကြည်မှု ရလာတဲ့ အခါမှာ ကျွန်မရဲ့ ဝင်ငွေကလည်း သိသိသာသာ အဆင်ပြေလာတဲ့ အချိန်မှာ ကျွန်မရဲ့ စိတ်နှလုံးသားဆိုတာ ဘုရားကျောင်းမှာ အလှူငွေ တက်နိုင်သလောက်ပါဝင်တယ်။ ဧဝံကလိ ထွက်ဖို့အချိန်မရှိဘူး အလှူငွေ တက်နိုင်သလောက် ဆက်ကပ်နေတယ်၊ ပြီးပြီပေါ့ မိသားစုလည်း အခု ပျော်ရွှင်နေတယ်။ ငါ့က ဘုရားသခင်အားဖြင့် အဆင်ပြေလာတာဖြစ်တယ် ဆိုပြီး ကျွန်မရဲ့ စိတ်မှာ နောက်ထပ် (၂၀၂၅)ခုနှစ်မှာ ငွေကိုပိုရှာမယ်။ ငါ့မှာ အိမ်မရှိသေးဘူး ၊ ငါ့အတွက် ရွှေစုထားရင် မြတ်မလား။ ငါ့ပိုက်ဆံကို သူများကို အတိုးနဲ့ ချေးပေးမယ်။ ဒါဆိုရင် ဝင်ငွေပိုရမယ်။ ဘုရားကျောင်း အလှူငွေလည်း တက်နိုင်သလောက် ပါဝင်မယ်။ ဒီလိုမျိုးစိတ်တွေ ဖြစ်ပေါ်နေတာကို ကျွန်မက ဘုရားသခင်ကျေးဇူးတော်ကြောင့် ဆိုပြီး ဘုရားသခင်ကို အသုံးချပြီး ဘဝမှာ ကြွယ်ဝပြည့်စုံချင်နေတဲ့ စိတ်ကို မသိရှိခဲ့ပါဘူး။
ဘုရားသခင်ကျွန်ဆရာကြီးမှ ဓမ္မရာဇဝင် ပထမစောင် ၇း ၃ (တဖန် ရှမွေလက ၊သင်တို့သည် အခြားတစ်ပါးသော ဘုရားတည်း ဟူသော ဗာလဘုရား ၊အာရှတရက်ဘုရားတို့ကိုပယ်၍ ထာဝရဘုရားအဘို့ သင်တို့ စိတ်နှလုံးကို ပြင်ဆက်လျက် ၊ ထာဝရဘုရား ထံတော်သို့ စိတ်နှလုံး အကြွင်းမဲ့ ပြန်လာသဖြင့် ၊ထိုဘုရားကို သာဝတ်ပြုကြလျှင် ၊ဖိလတ္တိလူတို့လက်မှ ကယ်တင်တော်မူမည်ဟု ဣသရေလ အမျိုးသား အပေါင်းတို့အား ဆုံးမသည်အတိုင်း၊
ဒီ ကျမ်းပုဒ်အားဖြင့် ကျွန်မပုံစံကို စစ်ဆေးကြည့်တဲ့အခါမှာ ကျွန်မက ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့စိတ် ၊ ငါဖြေရှင်းပေးလိုက်ရင်ပြေလည်မှာပဲ ဆိုပြီး အလုပ်အဆင်ပြေဖို့ကိုပဲ ဦးစားပေး ဆောင်ရွက်နေခဲ့ပါတယ်။ ဒီ အခါမှာ ကျွန်မက ဘုရားသခင်တစ်ပါးတည်းကိုပဲ စိတ်နှလုံးသားအကြွင်းမဲ့ ယုံကြည်နေတာမဟုတ်ပဲ ကျွန်မရဲ့စိတ် နှလုံးသားထဲမှာ အခြားဘုရားကြီး အများကြီးရှိနေကြောင်း လက်တွေ့သိမြင် ခံစားရခဲ့ပါတယ်။ ဒါကြောင့် ကျွန်မက ကိုယ့်ကိုကိုယ် ဘာမှ မတက်နိုင်‌တော့ကြောင်း သိရှိခဲ့ရတဲ့ အခါမှာ ဘုရားသခင်ကျွန်ဆရာကြီး ဆီသွား‌ သွားရောက်ခဲ့တဲ့ အခါမှာ ဆရာကြီးက ဒီအရာက ဘာမှ မဟုတ်ဘူး ကုမ္ပဏီက ဖြေရှင်းပေးတဲ့အတိုင်း လုပ်ပါလို့ လမ်းပြပေးခဲ့ပါတယ်။
ဒီပြသနာအားဖြင့် ဘုရားသခင်ကျွန်အားဖြင့် ဘုရားသခင်က ကျွန်မကို ဖော်ပြပေးချင်တဲ့ အရာခံစားရပါတယ်။ ကျွန်မဆိုတာ ဘုရားသခင်ကို အသုံးချပြီး ကိုယ့်အတွက် ကိုယ့်ဘဝ ကြွယ်ဝချမ်းသာချင်နေတဲ့ ကျွန်မရဲ့ ညစ်ပတ်တဲ့ အရာ၊ ကိုယ် အောင်မြင်မှုကို ရရှိအောင် ဦးစားပေးဆောင်ရွက်နေတဲ့ ကိုယ့်ပုံစံ ကို ဘုရားသခင် ကျွန်ဆရာကြီးမှ ဖော်ပြပေးပြီး ယုံကြည်ခြင်း အသက်တာကို လမ်းပြပေးတဲ့ အသင်း‌ေတာ်နဲ့ ဘုရားသခင် ကျွန်ဆရာကြီးကို အရမ်းကျေးဇူးတင်ပါတယ်။
ဒီပြသနာက မမြဲသောလောကီစည်းစိမ်အားဖြင့် ဘုရားသခင်ကျွန်ဆရာကြီးရဲ့ နှုတ်ကပတ်တော် ဖော်ပြပေးခြင်း အရ ကြားနာခြင်း အားဖြင့် ဘုရားသခင်နဲ့ ကြုံတွေ့ရတဲ့အရာ ကို

Want your public figure to be the top-listed Public Figure in Dagon?
Click here to claim your Sponsored Listing.

Category

Website

Address


Dagon