BWFM
23/04/2026
သမ္မတဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ်
ကနေဒါ အစိုးရက သက်မှတ်ခေါ်ဆို
ဧပြီ ၂၃ ၊၂၀၂၆
BWFM
မြန်မာနှစ်သစ်ကူးကာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၄,၅၀၀ ကျော်ကို လွှတ်ပေးခဲ့ရာတွင် သမ္မတ ဦးဝင်းမြင့်ပါဝင်လာခြင်းအပေါ် ကနေဒါအစိုးရက ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဝင်းမြင့်အား “မြန်မာနိုင်ငံသမ္မတ” ဟူသော အခေါ်အဝေါ်ဖြင့် ဆက်လက်အသိအမှတ်ပြုထားသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက် ခေါ်ဝေါ်အသုံးပြုထားသည်ကို တွေ့ရသည်။
တစ်ဖက်တွင် ဦးဝင်းမြင့် လွတ်မြောက်လာမှုကို ကြိုဆိုသော်လည်း အခြေအနေများသည် ပြည့်စုံသေးခြင်းမရှိကြောင်း ကနေဒါဘက်မှ ထောက်ပြခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို မည်သည့်ကန့်သတ်ချက်မျှ မရှိဘဲ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်ကိုလည်း အလေးအနက် တောင်းဆိုထားသည်။
ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ပြည်သူများအတွက် ငြိမ်းချမ်းရေးဆိုင်ရာ ရလဒ်များ ရရှိလာစေရန် အဓိပ္ပါယ်ရှိသော ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်းလည်း တိုက်တွန်းထားသည်။
ယခုထုတ်ပြန်ချက်သည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအပေါ် ကနေဒါ၏ ရပ်တည်ချက်ကို ထင်ဟပ်နေပြီး နိုင်ငံအတွင်း ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာဖိအားများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပြသနေသည်။
#သမ္မတဦးဝင်းမြင့်
#ကနေဒါ
21/04/2026
မလေးရှားတွင် အထောက်အထားမဲ့ဝင်ရောက်လာသည့် မြန်မာ ၇ ဦး ဖမ်းဆီးခံရ
ဧပြီ၊၂၁၊၂၀၂၆
BWFM
မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို အာဏာပိုင်များက ယနေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၆ ဦးနှင့် ထိုသူများကို သယ်ဆောင်ပို့ဆောင်ပေးခဲ့သည်ဟု ယူဆရသော မြန်မာကားသမား ၁ ဦးတို့ဖြစ်ပြီး စုစုပေါင်း ၇ ဦး ပါဝင်ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးမှုကို မလေးရှား လုံခြုံရေးတပ်ဖွဲ့များက စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် တွေ့ရှိဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး တရားမဝင် နေထိုင်မှုနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှုများဖြင့် ဆက်လက်စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများအား သက်ဆိုင်ရာ ထိန်းသိမ်းရေးစခန်းတွင် ထားရှိကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Dagon
11451