Learn by BiBi

Learn by BiBi

Share

01/12/2021

လာမည့် 2022 အတွက် HSK New System အကြောင်း

▪️ ဒီနေ့မှာ ပြောပြပေးချင်တဲ့အကြောင်းအရာကတော့ HSK Exam ဖြေဆိုမည့်သူတိုင်းသိထားသင့်တဲ့ လာမည့် 2022 ရဲ့ HSK (New System )အကြောင်းပဲဖြစ်ပါတယ်

▪️HSK Exam ကို 1990ခုနှစ်ကစပြီး တရုတ်နိုင်ငံမှာ စတင်စစ်ဆေးခဲ့တာဟဖြစ်ပြီး နောက်ပိုင်းမှာတော့ International က စာဖြေဌာနတွေမှာပါ ဖွဲ့စည်း စစ်ဆေးခဲ့တာကြောင့် HSK Exam ကို Version (3)မျိုးဖြင့် ထွက်ခဲ့ပါတယ်။

▪️1990ခုနှစ်မှ 2009ခုနှစ်ထိ Version 1.0 , 2009ခုနှစ်မှ 2021ခုနှစ်အထိ Version 2.0 နဲ့ဒီလာမည့် 2022 March လမှစပြီး ပြောင်းလဲမယ့် New System ကတော့ Version 3.0 ဖြစ်ပါတယ်။

▪️New System မှာ ပြောင်းလဲသွားမည့်အချက်တွေကတော့

1. Old system မှာ HSK 1 ,2,3,4,5,6 ထိ Level (6) ခုကို ခွဲထားတာဖြစ်ပြီး
New System မှာ HSK 1 ,2,3,4,5,6,7,8,9 ထိ ထပ်တိုး သတ်မှတ်ထားပါတယ်

2.
New System မှာ
HSK 1-3 = Beginner Level
HSK 4-6 = Intermediate Level
HSK 7-9 = Advanced Level ဆိုပြီး အပိုင်း (၃) ပိုင်းခွဲထားပါတယ်

3. HSK 1- 6 ထိ ကျောင်းသားများလေ့လာထားသော သင်ခန်းစာများကိုသာ မေးမြန်မှာဖြစ်သော်လည်း အဆင့်တစ်ခုစီမှာ syllables, characters, words, and grammar points ဆိုတဲ့ Element (4) ခု ကို ထပ်တိုး လေ့လာမှတ်သား ထားဖို့လည်းလိုပါတယ်

4. HSK 1,2,3,4,5,6 Exam များကို ပုံမှန်အတိုင်း သီးခြားဖြေဆိုရမှာဖြစ်ပြီး HSk 7 – HSK 9 ထိ One Paper,3test အနေနဲ့ဖြေဆိုကာ ထွက်လာတဲ့ရလာဒ်ကိုကြည့်ပြီးမှ Level သတ်မှတ်ပေးမှာဖြစ်ပါတယ်

5.
New System မှာလေ့လာရမယ့် Vocab အရေအတွက်ကတော့

✅HSK 1 - 500
✅HSK 2 -1272
✅HSK 3 -2245
✅HSK 4 -3245
✅HSK 5 -4316
✅HSK 6 -5456
✅HSK 7 -11,092
✅HSK 8 -11,092
✅HSK 9 -11,092
Old system မှာတော့ Vocabs ၅၀၀၀ ကျော် ပဲ ကျက်မှတ်ရတာဖြစ်ပြီး New System မှာ Vocabs ၁၁၀၀၀ ကျော် သိထားလေ့လာထားဖို့လိုအပ်ပါတယ် 🤓

New System မှာလေ့လာရမယ့် Grammar အရေအတွက်ကတော့ -
✅HSK 1 - 48
✅HSK 2 -129
✅HSK 3 -210
✅HSK 4 -286
✅HSK 5 -357
✅HSK 6 -424
✅HSK 7 -572
✅HSK 8 -572
✅HSK 9 -572

New System မှာလေ့လာရမယ့် Character အရေအတွက်ကတော့
✅HSK 1 - 300
✅HSK 2 -600
✅HSK 3 -900
✅HSK 4 -1200
✅HSK 5 -1500
✅HSK 6 -1800
✅HSK 7 -3000
✅HSK 8 -3000
✅HSK 9 -3000

Credit

Want your school to be the top-listed School/college in Dagon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Dagon